မိုဘိုင်း Processor ထဲမှာ အစဉ်လာနဲ့ အရည်သွေးအကောင်းဆုံးကိုပဲ ထုတ်လုပ်လာခဲ့တဲ့ Apple ကတော့ 2020 မှာအသုံးပြုလာမယ့် iPhone တွေအတွက် A14 Chip ပြင်ဆင်နေပြီလို့သိရပါတယ်။

လက်ရှိချိန်မှာ အမြန်ဆုံးဖြစ်နေတဲ့ A12 Bionic Chip ကို ARM SoC တွေ မကျော်နိုင်သေးချိန် Powerful ဖြစ်လာမယ့် Future iPhone တွေက စိန်ခေါ်နှင့်နေပြီလား။ အသေးငယ်ဆုံး 7nm Fabrication Process နဲ့ Snapdargon 855 ၊ Kirin 980 SoC တွေထုတ်သေးချိန် ကောလာဟထွက်လာတာက 7nm A13 ကိုလည်း 2019 ထဲမှာ မြင်ရဦးမယ်ဆိုတာပါ။

ထုံးစံတိုင်း Apple Supplier ကြီး TSMC (Tiawan Semiconductor Manufacturing Company) ကပဲ ကိုင်တွယ်သွားမှာဖြစ်တဲ့တွက် စွမ်းဆောင်ရည်ပိုတိုးလာမယ်လို့ ပြောနေကြပါတယ်။ TSMC အနေနဲ့ A13 Processor တွေမှာ EUV (Extreme Ultraviolet Lithography) ထည့်သွင်းထားဖို့ရှိပါတယ်။

ဘယ်လိုပဲ 5nm နဲ့ပဲ A14 Chip ထုတ်ပါစေ၊ လက်ရှိအချိန်ထိ အတည်မပြုထားသေးတာက 5G နည်းပညာပါဝင် လာမလားဆိုတာပါ။ MWC ပွဲမှာ ပြသွားဖူးတဲ့ Snaddragon 855 ၊ X55 5G Modem Chip တွေကို TSMC ပဲ ကိုင်တွယ်နေတာမလို့ 2020 iPhone တွေမှာလည်း 5G ပါဝင်လာမယ်လို့ မျော်လင့်ရပါတယ်။

အခုလို 5nm Process နဲ့ထွက်ရှိလာမယ့် A စီးရီးအသစ်မှာလည်း Fabrication Size နဲ့ Performance တိုက်ရိုက် မဆက်သွယ်ဘူးဆိုတာကို နောက်တမျိုးထပ်ပြဦးမလား မပြောတတ်သေးပါဘူး။ A12 မှာတုန်းက Transistors တခုနဲ့တခုအကြား Gaps နည်းနည်းပဲချန်ထားတဲ့ချက်က Power Efficiency ပိုကောင်းလာတယ်၊ တနေရာထဲမှာပဲ Transistors တွေအတွက် နေရာပိုပေးလိုက်တဲ့တွက် Performance ပိုတက်သွားတဲ့ အားသာချက်မျိုးနဲ့ A14 ကိုလည်း မြင်တွေ့ရဦးမယ်ထင်ပါတယ်။ Apple Products နဲ့ ပတ်သက်လို့ အရည်သွေးကောင်းပြီး စိတ်ချရတာမျိုး လိုချင်တယ်ဆိုရင် iSure မှာ လေ့လာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့ဦးနော်။

2B (Akhayar)

Source: 9to5Mac