[Zawgyi]

တ႐ုတ္ႏိုင္ငံရဲ႕ Clean Energy ေဖာင္ေဒးရွင္းမွာ ေဒၚလာ သန္း ၃၀၀ ရင္းႏွီးျမဳပ္လိုက္တဲ့ Apple

သိပၸံနဲ႔ နည္းပညာ ဒီေရအလား တရိပ္ရိပ္ တိုးတက္လာေနတဲ့ ၂၀ ရာစုထဲ လူေနမႈ အဆင့္အတန္း ပိုမိုျမင့္မားလာေနသလို တဖက္မွာလည္း ဆုတ္ယုတ္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒါကေတာ့ ႏွစ္စဥ္ ဘီလီယံနဲ႔ခ်ီတဲ့ Electronics ပစၥည္းမ်ိဳးစုံ ထုတ္လုပ္ႏိုင္ဖို႔ သဘာဝအရင္းအျမစ္ေတြ ကုန္ဆုံးေနသလို စက္႐ုံေတြေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈ အရွိန္အဟုန္နဲ႔ ျမင့္မားလာေနလို႔ပါ။ ဒါေၾကာင့္ ၂၀ ရာစု အေစာပိုင္း ကာလမွာ ပတ္ဝန္းက်င္ ေဂဟစနစ္ ကာကြယ္ေရး Greenpeace Campaign ကို စတင္ခဲ့ၿပီး ဒီ Program မွာ Apple နဲ႔ Google တို႔လို ကုမၸဏီႀကီးေတြ ဦးေဆာင္ေနၿပီ ျဖစ္ပါတယ္။

Apple Company

မၾကာေသးခင္ကလည္း Samsung က 2020 မွာ 100% Renewable Energy သုံးစြဲသြားမယ့္ အစီအစဥ္နဲ႔ Greenpeace Campaign မွာ ပါဝင္လာခဲ့ၿပီျဖစ္သလို ေျပာေရးဆိုခြင့္ရွိသူက “အခုလို ထိပ္တန္းနည္းပညာ ကုမၸဏီႀကီးေတြ Renewable Energy အၿပိဳင္အဆိုင္ ဝယ္ယူေနမႈက အားေကာင္းတဲ့ ယွဥ္ၿပိဳင္မႈတစ္ခုျဖစ္သလို ပတ္ဝန္းက်င္ ေဂဟစနစ္အတြက္ သန္႔ရွင္းတဲ့ Clean Energy သုံးစြဲရာ ေရာက္ပါတယ္လို႔” သုံးသပ္ထားပါတယ္။

Solar Energy Plant

Greenpeace Campaign မွာ ေလအားနဲ႔ ေနေရာင္ျခည္သုံး စြမ္းအင္စနစ္ကို Renewable Energy အေနနဲ႔ အသုံးျပဳတာ ျဖစ္တဲ့အတြက္ ဒီလို လွ်ပ္စစ္စြမ္းအင္အစားထိုး Clean Energy ကို  သာမန္ ကုမၸဏီေတြ ဝယ္သုံးဖို႔ဆိုတာ ေလာေလာဆယ္ မျဖစ္ႏိုင္ေသးတာပါ။ အခုဆိုရင္ Apple က တ႐ုတ္ႏိုင္ငံရဲ႕ Clean Energy Supplier အေနနဲ႔ ၄ ႏွစ္တာကာလတိတိ ေဒၚလာ သန္း ၃၀၀ ကို ကမာၻေပၚမွာရွိတဲ့ နည္းပညာကုမၸဏီ ၁၀ ခုနဲ႔ အၿပိဳင္ ေထာက္ပံ့ေပးသြားမွာပါ။ ဒါေၾကာင့္ Apple အေနနဲ႔ 4 Gigawatts နဲ႔ ညီမွ်တဲ့ စြမ္းအင္ကို 2020 မွာ အသုံးခ်လာႏိုင္မယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ထားပါတယ္။ ဒါ့အျပင္ ႏွစ္စဥ္ Clean Energy Fund ေထာက္ပံ့ေငြကို ဥေရာပစီမံခန္႔ခြဲေရး ကုမၸဏီ DWS Group က ကိုင္တြယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တရုတ်နိုင်ငံရဲ့ Clean Energy ဖောင်ဒေးရှင်းမှာ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြုပ်လိုက်တဲ့ Apple

သိပ္ပံနဲ့ နည်းပညာ ဒီရေအလား တရိပ်ရိပ် တိုးတက်လာနေတဲ့ ၂၀ ရာစုထဲ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာနေသလို တဖက်မှာလည်း ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကတော့ နှစ်စဥ် ဘီလီယံနဲ့ချီတဲ့ Electronics ပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ဖို့ သဘာဝအရင်းအမြစ်တွေ ကုန်ဆုံးနေသလို စက်ရုံတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု အရှိန်အဟုန်နဲ့ မြင့်မားလာနေလို့ပါ။ ဒါကြောင့် ၂၀ ရာစု အစောပိုင်း ကာလမှာ ပတ်ဝန်းကျင် ဂေဟစနစ် ကာကွယ်ရေး Greenpeace Campaign ကို စတင်ခဲ့ပြီး ဒီ Program မှာ Apple နဲ့ Google တို့လို ကုမ္ပဏီကြီးတွေ ဦးဆောင်နေပြီ ဖြစ်ပါတယ်။

Apple Company

မကြာသေးခင်ကလည်း Samsung က 2020 မှာ 100% Renewable Energy သုံးစွဲသွားမယ့် အစီအစဥ်နဲ့ Greenpeace Campaign မှာ ပါဝင်လာခဲ့ပြီဖြစ်သလို ပြောရေးဆိုခွင့်ရှိသူက “အခုလို ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေ Renewable Energy အပြိုင်အဆိုင် ဝယ်ယူနေမှုက အားကောင်းတဲ့ ယှဥ်ပြိုင်မှုတစ်ခုဖြစ်သလို ပတ်ဝန်းကျင် ဂေဟစနစ်အတွက် သန့်ရှင်းတဲ့ Clean Energy သုံးစွဲရာ ရောက်ပါတယ်လို့” သုံးသပ်ထားပါတယ်။

Solar Energy Plant

Greenpeace Campaign မှာ လေအားနဲ့ နေရောင်ခြည်သုံး စွမ်းအင်စနစ်ကို Renewable Energy အနေနဲ့ အသုံးပြုတာ ဖြစ်တဲ့အတွက် ဒီလို လျှပ်စစ်စွမ်းအင်အစားထိုး Clean Energy ကို  သာမန် ကုမ္ပဏီတွေ ဝယ်သုံးဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင်သေးတာပါ။ အခုဆိုရင် Apple က တရုတ်နိုင်ငံရဲ့ Clean Energy Supplier အနေနဲ့ ၄ နှစ်တာကာလတိတိ ဒေါ်လာ သန်း ၃၀၀ ကို ကမ္ဘာပေါ်မှာရှိတဲ့ နည်းပညာကုမ္ပဏီ ၁၀ ခုနဲ့ အပြိုင် ထောက်ပံ့ပေးသွားမှာပါ။ ဒါကြောင့် Apple အနေနဲ့ 4 Gigawatts နဲ့ ညီမျှတဲ့ စွမ်းအင်ကို 2020 မှာ အသုံးချလာနိုင်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။ ဒါ့အပြင် နှစ်စဥ် Clean Energy Fund ထောက်ပံ့ငွေကို ဥရောပစီမံခန့်ခွဲရေး ကုမ္ပဏီ DWS Group က ကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Ref: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။