[Zawgyi]
Apple’s Dongles
$149 AirPod
2B (akhayar)
www.akhayar.com
[Zawgyi]
Headphone Dongle ပါဝင်လာဖွယ်မရှိတဲ့ iPhone မော်ဒယ်အသစ်များ
Apple ကို Ditch King လို့ ပြောလိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။ ဟိုး iPhone 7 ကတည်းက တစ်ခုပြီးတခု ဖြုတ်လာလိုက်တာ အခုဆိုရင် ဘက်ထရီနဲ့ LCD ပဲဖြုတ်ဖို့ ကျန်ပါတော့တယ်။ ဒါတောင်မှ မရှိမကောင်းမလို့ ချန်ထားသေးတာဖြစ်နိုင်ပြီး အခုဆိုရင်လည်း Headphone ပေါက် ဖြုတ်ပစ်တာ အားမရသေးလို့ Dongle ပါ ထည့်မပေးဖို့ စဥ်းစားနေပြီလို့ သိရပါတယ်။
Apple’s Dongles
ဒီလို Lighting Port ကနေ 3.5mm ခေါင်းပြောင်းပေးမယ့် Headphone Dongle ထည့်မပေးတော့ဘူးဆိုတဲ့ အချက်ကို Barclays’s Note ကနေ MacRumors တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ Apple ကိုယ်တိုင်ကလည်း အထာကျကျ နားကြပ်ပေါက်ကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ကို ဖြုတ်ပစ်ခဲ့တာပါ။ ဒါမှလည်း ကြိုးတပ်သုံးလို့မရရင် Wireless Earphone တွေ Headphone တွေက စဥ်းစားစရာဖြစ်လာမယ်၊ ဒါဆိုရင် AirPod နဲ့ Beat Headphone တွေ ရောင်းအားတက်လာမယ်ဆိုပြီး တစ်ယောက်ထဲ ကြိတ်ကြံနေပုံရပါတယ်။
$149 AirPod
Apple စဥ်းစားမိတဲ့ အချက်က သဘာဝကျတယ်ဆိုပေမယ့် နားကြပ်တစ်ခုတွက် ဒေါ်လာ ၂၀၀၊ ၃၀၀ အထိ ဝယ်သုံးဖို့ တော်ရုံမစဥ်းစားကြပါဘူး။ အခုဆိုရင် Headphone Dongle နဲ့ နားကြပ်တပ်သုံးချင်သေးသပ ဆိုသူတွေ ၉ ဒေါ်လာနဲ့ သီးသန့်ဝယ်သုံးရမလို ဖြစ်နေပါပြီ။ ဒါနဲ့ပတ်သက်လို့ Apple ဘာမှ ပြောမထားပေမယ့် Research Note ထဲမှာ ဘူးခွံတောင် ထည့်မပေးတော့ဘူးလို့ သိရပါတယ်။ ဒီလို iPhone အသစ်မှာ ၉ ဒေါ်လာတောင် စျေးသက်သာသွားခဲ့မယ်ဆိုရင် User တွေ ဘာများထပ်ပြီး ကောင်းကောင်း Blame ကျဦးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာဦးမှာပါ။
2B (akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။