[Zawgyi]

ပထမဆုံး ထရီလီယံေဒၚလာတန္ ကုမၸဏီ ျဖစ္လာေတာ့မယ့္ Apple

အခုခ်ိန္ Facebook နဲ႔ Netflix တို႔လို ကုမၸဏီေတြ စေတာ့ေစ်းႏႈန္း တအိအိထိုးက်ေနလို႔ ေခါင္းစားေနတဲ့အခ်ိန္ Apple ကေတာ့ တတိယသုံးလပတ္ (ဇူလိုင္၊ၾသဂုတ္၊စက္တင္ဘာ Q3) ဝင္ေငြ ၅၃ ဘီလီယံေက်ာ္သြားခဲ့ၿပီလို႔ The New York Times သတင္းမီဒီယာမွာ ေျပာၾကားလိုက္ပါၿပီ။ Apple အဆိုအရ ၿပီးခဲ့တဲ့ ဒုတိယသုံးလပတ္ (ဧၿပီ၊ေမ၊ဇြန္ Q2) ဝင္ေငြဟာ ၅၁ ဘီလီယံနဲ႔ ရပ္တည္ေနခဲ့တာျဖစ္ၿပီး တတိယသုံးလရဲ႕ ဇူလိုင္လမွာတင္ ၅၃ ဘီလီယံ ေက်ာ္သြားခဲ့လို႔ စီးပြားေရးပညာရွင္တခ်ိဳ႕ေတာင္ အရမ္းအံ့ၾသသြားခဲ့တာပါ။ ဒါေၾကာင့္မလို႔လည္း Apple အျမတ္ေငြ ေထာင္တက္သြားခဲ့ၿပီး ရွယ္ယာတန္ဖိုးကလည္း ၂.၃၄ ရာခိုင္ႏႈန္း ထပ္ၿပီး ျမင့္တက္သြားခဲ့တာပါ။

Apple is now the most valuable Brand

လက္ရွိအခ်ိန္ စေတာ့ရွယ္ယာ ေစ်းကြက္မွာ ၉၅၃ ဘီလီယံ တန္ေၾကးရွိေနၿပီး ၾသဂုတ္လနဲ႔ စက္တင္ဘာလေတြမွာ ယုတ္စြအဆုံး ဘာမွမေရာင္းခဲ့ရဘူးဆိုရင္ေတာင္ Apple ကုမၸဏီဟာ တစ္ေထာင္ဘီလီယံ (တစ္ထရီလီယံ) အထိ တန္ေၾကး ရွိလာမွာပါ။ ဒါကို ကြၽမ္းက်င္သူေတြက ဇူလိုင္လတစ္လထဲ ေၾကာက္ခမန္းလိလိ ထြက္ေပၚလာတဲ့ ကုမၸဏီ ဝင္ေငြအရ သုံးသပ္ေနၾကသလို Trillion ဆိုတဲ့ တံဆိပ္တုံးကို Apple အေတာ္ေလး မ်က္စိက်ေနတယ္ဆိုရင္မမွားပါဘူး။ ဒါေၾကာင့္မလို႔လည္း စက္တင္လာလထဲ မိတ္ဆက္လာေတာ့မယ့္ iPhone ေမာ္ဒယ္အသစ္ေတြနဲ႔ စင္ျမင့္ေပၚေရာက္ႏွင့္ေနၿပီျဖစ္တဲ့ MacBook အသစ္ေတြက Apple လမ္းခင္းေနတဲ့ 1 Trillion Trip ခရီးစဥ္မွာ ေနရာယူထားၿပီျဖစ္တဲ့ လက္မွတ္ေတြလို႔ အမႊမ္းတင္လို႔ရပါေသးတယ္။

Apple Stock Price

ဘာလို႔လဲဆိုရင္ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ iPhone အလုံးေရ ၄၁ သန္း ေရာင္းခ်ခဲ့ရၿပီး ဒုတိယသုံးလပတ္ ေရာင္းအားထက္ ၆၂ ရာခိုင္ႏႈန္းအထိ ခုန္တက္သြားခဲ့တာပါ။ ေနာက္ၿပီး ၇၂၄ ေဒၚလာ က်သင့္မယ့္ iPhone တစ္လုံးရဲ႕ ေရာင္းေစ်းေၾကာင့္ တတိယသုံးလပတ္ရဲ႕ ဇူလိုင္လမွာတင္ အခုလို အေျခအေနေကာင္းမြန္ေနခဲ့တာလို႔ ထပ္ၿပီး သုံးသပ္လို႔ရပါေသးတယ္။ ဒါေတာင္ ၉၉၉ ေဒၚလာတန္ iPhone X ေရာင္းအား ထည့္မေျပာထားေသးပါဘူး။ ေနာက္ၿပီး Apple အေငြ႕အသက္တစ္ခုျဖစ္တဲ့ MacBook ေတြကေတာ့ Butterfly Keyboard ေၾကာင့္ ထင္သေလာက္ေရာင္းအားမေကာင္းခဲ့ပါဘူး။ တတိယသုံးလ ရလာဒ္ေတြအရ အလုံးေရ ၃.၇ သန္းေရာင္းခ်ခဲ့ရတယ္ဆိုမယ့္လည္း ကြၽမ္းက်င္သူေတြ သုံးသပ္ထားခ်က္ထက္ ၁၃ ရာခိုင္ႏႈန္းေတာင္ ပိုနည္းေနခဲ့ပါတယ္။

Apple’s Q3 Result

ဆက္လက္ၿပီး Apple ထုတ္ကုန္တခုျဖစ္တဲ့ iPad ေတြကလည္း ေအာင္ျမင္မႈ ဆက္ထိန္းႏိုင္ခဲ့သလို အလုံးေရ ၁၁ သန္းေရာင္းခ်ခဲ့ရလို႔ စေတာ့ရွယ္ယာ ျမင့္သထက္ျမင့္လာခဲ့တယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ေနာက္ၿပီး Apple ဝန္ေဆာင္မႈ အစိတ္ပိုင္းေတြျဖစ္တဲ့ Apple Care ၊ iCloud နဲ႔ Apple Music ကေနလည္း ၉.၆ ဘီလီယံအထိ ဝင္ေငြရခဲ့လို႔ အခုလို ပိုေအာင္ျမင္လာခဲ့တာပါ။ ဒါေၾကာင့္မလို႔လည္း လာမယ့္ စတုတၳေလးပတ္ အတြက္ Apple ျပင္ဆင္ေနၿပီလို႔သုံးသပ္ရၿပီး ၅၅၅ ေဒၚလာတန္ iPhone အသစ္ သတင္းက လတ္တေလာ ေရပန္းစားေနပါတယ္။ CEO ႀကီး Tim Cook ကေတာ့ ဘာတစ္လုံးမွ ဖြင့္မဟေသးေပမယ့္ ေကာလာဟာလေတြအရ iPhone ေမာ္ဒယ္အသစ္ေတြ မိတ္ဆက္ေပးသြားမယ္လို႔ပဲ ေျပာထားပါေသးတယ္။ ဒီလိုပဲ MacBook အသစ္မွာလည္း User ေတြ Complain တက္ခဲ့လို႔ Butterfly Keyboard ကို ေသခ်ာဒီဇိုင္းျပန္ဆြဲေပးခဲ့ၿပီး Apple ေမွ်ာ္လင့္ထားသလို ေရာင္းအားတက္လာမယ္လို႔ သုံးသပ္ရပါတယ္။

Apple’s Current Stock Share Stand

ေနာက္ဆုံးအေနနဲ႔ Apple အမာခံ ပရိသတ္ႏွစ္ဦးျဖစ္တဲ့ တ႐ုတ္နဲ႔ ဂ်ပန္ႏိုင္ငံေတြမွာ iPhone ေရာင္းအား အေကာင္းဆုံးျဖစ္ေနခဲ့ၿပီး iPhone X လို ေမာ္ဒယ္မ်ိဳးက အဲ့ႏွစ္ႏိုင္ငံေစ်းကြက္ကို အထူးတလည္ ဦးေဆာင္ေနတာပါ။ ဒါေၾကာင့္မလို႔ Apple သာ ထရီလီယံတန္ ကုမၸဏီျဖစ္လာခဲ့မယ္ဆိုရင္ Amazon ၊ Alphabet နဲ႔ Google တို႔လို ကုမၸဏီေတြ အမွီလိုက္လာၾကမယ္လို႔ ကြၽမ္းက်င္သူေတြ ေျပာဆိုေနၾကပါတယ္။

2B (Akhayar)

www.akhayar.com

Source: Forbes, The Verge, The Next Web, TechCrunch

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပထမဆုံး ထရီလီယံဒေါ်လာတန် ကုမ္ပဏီ ဖြစ်လာတော့မယ့် Apple

အခုချိန် Facebook နဲ့ Netflix တို့လို ကုမ္ပဏီတွေ စတော့စျေးနှုန်း တအိအိထိုးကျနေလို့ ခေါင်းစားနေတဲ့အချိန် Apple ကတော့ တတိယသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ Q3) ဝင်ငွေ ၅၃ ဘီလီယံကျော်သွားခဲ့ပြီလို့ The New York Times သတင်းမီဒီယာမှာ ပြောကြားလိုက်ပါပြီ။ Apple အဆိုအရ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ် (ဧပြီ၊မေ၊ဇွန် Q2) ဝင်ငွေဟာ ၅၁ ဘီလီယံနဲ့ ရပ်တည်နေခဲ့တာဖြစ်ပြီး တတိယသုံးလရဲ့ ဇူလိုင်လမှာတင် ၅၃ ဘီလီယံ ကျော်သွားခဲ့လို့ စီးပွားရေးပညာရှင်တချို့တောင် အရမ်းအံ့သြသွားခဲ့တာပါ။ ဒါကြောင့်မလို့လည်း Apple အမြတ်ငွေ ထောင်တက်သွားခဲ့ပြီး ရှယ်ယာတန်ဖိုးကလည်း ၂.၃၄ ရာခိုင်နှုန်း ထပ်ပြီး မြင့်တက်သွားခဲ့တာပါ။

Apple is now the most valuable Brand

လက်ရှိအချိန် စတော့ရှယ်ယာ စျေးကွက်မှာ ၉၅၃ ဘီလီယံ တန်ကြေးရှိနေပြီး သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ယုတ်စွအဆုံး ဘာမှမရောင်းခဲ့ရဘူးဆိုရင်တောင် Apple ကုမ္ပဏီဟာ တစ်ထောင်ဘီလီယံ (တစ်ထရီလီယံ) အထိ တန်ကြေး ရှိလာမှာပါ။ ဒါကို ကျွမ်းကျင်သူတွေက ဇူလိုင်လတစ်လထဲ ကြောက်ခမန်းလိလိ ထွက်ပေါ်လာတဲ့ ကုမ္ပဏီ ဝင်ငွေအရ သုံးသပ်နေကြသလို Trillion ဆိုတဲ့ တံဆိပ်တုံးကို Apple အတော်လေး မျက်စိကျနေတယ်ဆိုရင်မမှားပါဘူး။ ဒါကြောင့်မလို့လည်း စက်တင်လာလထဲ မိတ်ဆက်လာတော့မယ့် iPhone မော်ဒယ်အသစ်တွေနဲ့ စင်မြင့်ပေါ်ရောက်နှင့်နေပြီဖြစ်တဲ့ MacBook အသစ်တွေက Apple လမ်းခင်းနေတဲ့ 1 Trillion Trip ခရီးစဥ်မှာ နေရာယူထားပြီဖြစ်တဲ့ လက်မှတ်တွေလို့ အမွှမ်းတင်လို့ရပါသေးတယ်။

Apple Stock Price

ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လမှာ iPhone အလုံးရေ ၄၁ သန်း ရောင်းချခဲ့ရပြီး ဒုတိယသုံးလပတ် ရောင်းအားထက် ၆၂ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့တာပါ။ နောက်ပြီး ၇၂၄ ဒေါ်လာ ကျသင့်မယ့် iPhone တစ်လုံးရဲ့ ရောင်းစျေးကြောင့် တတိယသုံးလပတ်ရဲ့ ဇူလိုင်လမှာတင် အခုလို အခြေအနေကောင်းမွန်နေခဲ့တာလို့ ထပ်ပြီး သုံးသပ်လို့ရပါသေးတယ်။ ဒါတောင် ၉၉၉ ဒေါ်လာတန် iPhone X ရောင်းအား ထည့်မပြောထားသေးပါဘူး။ နောက်ပြီး Apple အငွေ့အသက်တစ်ခုဖြစ်တဲ့ MacBook တွေကတော့ Butterfly Keyboard ကြောင့် ထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။ တတိယသုံးလ ရလာဒ်တွေအရ အလုံးရေ ၃.၇ သန်းရောင်းချခဲ့ရတယ်ဆိုမယ့်လည်း ကျွမ်းကျင်သူတွေ သုံးသပ်ထားချက်ထက် ၁၃ ရာခိုင်နှုန်းတောင် ပိုနည်းနေခဲ့ပါတယ်။

Apple’s Q3 Result

ဆက်လက်ပြီး Apple ထုတ်ကုန်တခုဖြစ်တဲ့ iPad တွေကလည်း အောင်မြင်မှု ဆက်ထိန်းနိုင်ခဲ့သလို အလုံးရေ ၁၁ သန်းရောင်းချခဲ့ရလို့ စတော့ရှယ်ယာ မြင့်သထက်မြင့်လာခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။ နောက်ပြီး Apple ဝန်ဆောင်မှု အစိတ်ပိုင်းတွေဖြစ်တဲ့ Apple Care ၊ iCloud နဲ့ Apple Music ကနေလည်း ၉.၆ ဘီလီယံအထိ ဝင်ငွေရခဲ့လို့ အခုလို ပိုအောင်မြင်လာခဲ့တာပါ။ ဒါကြောင့်မလို့လည်း လာမယ့် စတုတ္ထလေးပတ် အတွက် Apple ပြင်ဆင်နေပြီလို့သုံးသပ်ရပြီး ၅၅၅ ဒေါ်လာတန် iPhone အသစ် သတင်းက လတ်တလော ရေပန်းစားနေပါတယ်။ CEO ကြီး Tim Cook ကတော့ ဘာတစ်လုံးမှ ဖွင့်မဟသေးပေမယ့် ကောလာဟာလတွေအရ iPhone မော်ဒယ်အသစ်တွေ မိတ်ဆက်ပေးသွားမယ်လို့ပဲ ပြောထားပါသေးတယ်။ ဒီလိုပဲ MacBook အသစ်မှာလည်း User တွေ Complain တက်ခဲ့လို့ Butterfly Keyboard ကို သေချာဒီဇိုင်းပြန်ဆွဲပေးခဲ့ပြီး Apple မျှော်လင့်ထားသလို ရောင်းအားတက်လာမယ်လို့ သုံးသပ်ရပါတယ်။

Apple’s Current Stock Share Stand

နောက်ဆုံးအနေနဲ့ Apple အမာခံ ပရိသတ်နှစ်ဦးဖြစ်တဲ့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ iPhone ရောင်းအား အကောင်းဆုံးဖြစ်နေခဲ့ပြီး iPhone X လို မော်ဒယ်မျိုးက အဲ့နှစ်နိုင်ငံစျေးကွက်ကို အထူးတလည် ဦးဆောင်နေတာပါ။ ဒါကြောင့်မလို့ Apple သာ ထရီလီယံတန် ကုမ္ပဏီဖြစ်လာခဲ့မယ်ဆိုရင် Amazon ၊ Alphabet နဲ့ Google တို့လို ကုမ္ပဏီတွေ အမှီလိုက်လာကြမယ်လို့ ကျွမ်းကျင်သူတွေ ပြောဆိုနေကြပါတယ်။

2B (Akhayar)

www.akhayar.com

Source: Forbes, The Verge, The Next Web, TechCrunch

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။