Apple ကို ဘယ်လိုပဲ ခြွေခြွေ မကြွေနိုင်တဲ့ ပန်းသီးလို့ပဲ တင်စားရမလား အရင်တလောတုန်းကမှ Siri Team ကို ပူးတွဲတည်ထောင်ခဲ့သူ ၃ ဦးစလုံး နှုတ်ထွက်ခဲ့ကြတာပါ။ မရှေ့မနှောင်းဆိုသလို ပြိုကွဲသွားခဲ့တဲ့ Siri ကို ဦးဆောင်ဖို့ Google အရာရှိကြီး John Giannandrea ကို ခန့်အပ်ပစ်လိုက်တာ Apple သိပ်ကို ပါးနပ်လွန်းတယ် ပြောရမလား။ John ဆိုသူကလည်း နယ်နယ်ရရ ပုဂ္ဂိုလ်မျိုးတောင် မဟုတ်ဘဲ Google အားထားနေရတဲ့ A.I ပိုင်းဆိုင်ရာ Machine Learning အင်ဂျင်နီယာကြီးဆိုတော့ Apple အသက်ရှုချောင်သွားပြီ ထင်ပါတယ်။

Go ahead! I’m Listening

ခက်တာက Apple ဘာလုပ်နေသလဲဆိုတာ ပြောပြဖို့ မလွယ်သလို အတော့်ကို ဖုံးဖုံးဖိဖိနေတတ်တာမလို့ Siri Development ပိုင်းမှာ John ဘယ်လို ဦးဆောင်နေသလဲ၊ ဘာလုပ်နေသလဲ ဘယ်သူမှ ဃဃနန မသိကြပါဘူး။ ဒါတောင် Multi-user အထောက်ပံ့ပေးသွားမယ်ဆိုတာကို မနေ့တစ်နေ့တုန်းက မူပိုင်ခွင့်တင်ထားခဲ့လို့ သိရတာပါ။ ဆိုတော့ Siri မှာ ဘာတွေ ထပ်ပြီး ထူးခြားလာမလဲ၊ Apple Insider ပြောကြားချက်တိုင်းဆိုရင် Siri ရဲ့Voice Recognition စနစ်ကို အသံအနေ အထားအလိုက် ဘယ်သူပြောနေသလဲဆိုတာ ကွဲကွဲပြားပြား သိဖို့ရယ်၊ တကယ်လို့များ လူနှစ်ယောက် လုပြောနေရင် သူ့အသံ၊ ကိုယ့်အသံ သိနေအောင် မတူညီတဲ့ လုပ်ဆောင်ချက် မျိုးထည့်သွင်းပေးလိုက်မှာပါ။

Yes, me too. I’m Listening

ဒီသဘောတရားကို Apple မူပိုင်ခွင့်တင်ခဲ့တာမလို့ အဲ့လို အထောက်အပံ့မျိုးဟာ Siri အတွက် သီးသန့် ဖြစ်မယ်လို့ တပ်အပ် ပြောလို့ရတာပါ။ ဒါဆိုရင်တော့ Siri ကို ဘယ်သူပဲ စကားသွားပြောပြော ထဖြေတော့မယ့် ပုံပါပဲ။ ဒါမယ့် အဲ့လို ဖြေစေချင်တယ်ဆိုရင်တော့ Siri နားလည်အောင် ဖုန်းထဲမှာ အသံ Profile Setup လုပ်ထားဖို့တော့ လိုမှာပါ။ ဒါမှလည်း Siri က ဘယ်သူပြောနေသလဲဆိုတာ ထည့်သွင်းထားတဲ့ အသံ Profile အလိုက် ပြန်ဖြေနိုင်မှာမလို့ပါ။ ဆိုတော့ Siri မှာ Multi-user Support ရလာရင် စကားပြောရုံတခုထဲ သုံးလို့ရမှာလား၊ မဟုတ်ပါဘူး။ ထုံးစံအတိုင်း စွယ်စုံရ Apple Siri လို ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရနိုင်မှာပါ။

Wherever you go, Siri follows

ဒါမယ့် မူပိုင်ခွင့်ဆိုတော့လည်း ဘယ်လို Feature တွေ ပါဝင်လာဦးမလဲဆိုတာ တပ်အပ် ဘယ်သူမ မပြောနိုင်သေးပါဘူး။ ဒီနေရာမှာ ကိုယ်မေးသမျှ Siri ဖြေစေချင်တယ်ဆိုရင် User အလိုက် အသံ Proflie ကို Customize လုပ်ပေးထားရမှာပါ။ ဒီတော့ Customize လုပ်ချင်တယ်ဆိုရင် Primary User ခွင့်ပြုပေးထားမှ Calander ၊ Message စတာတွေ သုံးလို့ရမှာပါ။ အဲ့ဒီလိုဆိုတော့ User အားလုံး Access Feature စုံစုံလင်လင် မရနိုင်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း User Customization အလိုက် ဒီ User ကတော့ ဘယ်လို အသံအနေအထားရှိတယ် စသဖြင့် User Preferences အားလုံး Library တစ်ခုလို သိမ်းဆည်းပေးထားမှာပါ။

Ask me? Listen on me Apple HomePod

ဒီလို Multi-user အထောက်အပံ့ ရလာမယ့် Siri ကြောင့် HomePod လို Apple ထုတ် Speaker လည်း ပို အသက်ဝင်လာတော့မယ်လို့ သုံးသပ်ထားပါတယ်။ အခုချိန် Google ထုတ် Smart Speaker တွေမှာသာ Mutli-user Support ရသေးတာမလို့ Apple Siri ဘယ်လိုများ အောင်မြင်လာဦးမလဲဆိုတာ အတော်လေး စိတ်ဝင်စရားကောင်းနေပါပြီ။

2B (Akhayar)
www.akhayar.com