Apple ဟာ ျပီးခဲ့တဲ့ႏွစ္ကထြက္ရွိခဲ့တဲ့ iPhone X ဖုန္းမွာ စတင္ျပီးေတာ့ OLED Display ေတြကို စတင္အသံုးျပဳလာခဲ့တာပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး OLED Display ေတြကိုလည္း လက္ရွိအေကာင္းဆံုး Display ထုတ္လုပ္သူတစ္ဦးျဖစ္တဲ့ Samsung ဆီကေန မွာယူခဲ့တာျဖစ္ပါတယ္။

Apple iPhone X

ဒါေပမယ့္ ဒီႏွစ္မွာေတာ့ Apple ကေန Samsung အေပၚကို Display မွီခုိေနရမႈကို ေလ်ာ႔ခ်သြားဖုိ႔ စီစဥ္ေနျပီးေတာ့ OLED Display ေတြကို LG ဆီကေနလည္း မွာယူေနတယ္လုိ႔ သိရပါတယ္။

အခုသတင္းအရ Apple ဟာ အေစာပိုင္းမွာ LG ဆီကေန OLED Display ေပါင္း ၂ သန္းကေန ၄ သန္းအထိ ေထာက္ပံ့မႈကို ရယူသြားမွာျဖစ္ျပီးေတာ့ LG အေနနဲ႔လည္း ေနာက္ပိုင္းမွာ အဆိုပါ OLED Display ေတြကို ပိုျပီး အေျမာက္အမ်ားထုတ္လုပ္သြားမယ္လုိ႔ ယူဆရပါတယ္။ အခုပမာဏဟာ Apple ရဲ႕ iPhone X အတြက္ အေစာပိုင္းမွာတင္ Samsung ဆီက ဝယ္ယူခဲ့တဲ့ OLED Display သန္း ၁၀၀ ဝန္းက်င္နဲ႔ ယွဥ္ရင္ မေျပာပေလာက္တဲ့ပမာဏတစ္ခုလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Apple iPhone X

ျဖစ္ႏုိင္တာတစ္ခုကေတာ့ Apple ဟာ Samsung OLED Display ေတြကိုပဲ လက္ရွိအခ်ိန္မွာ အသံုးျပဳသြားမွာျဖစ္ေပမယ့္ LG OLED Display ေတြကိုလည္း ေလာေလာဆယ္မွာ Secondary Option တစ္ခုအေနနဲ႔ စမ္းသပ္ေနတယ္လုိ႔ ယူဆရပါတယ္။ LG အေနနဲ႔လည္း ျပီးခဲ့တဲ့ LG V30 ၊ Pixel 2 XL အတြက္ OLED Display ေတြမွာ နာမည္ဆုိးထြက္ခဲ့ေတာ့ Apple အေနနဲ႔ Quality ပိုင္းကို အရင္ စစ္ေဆးခ်င္ေနပံုပါပဲ။

ဘာပဲျဖစ္ျဖစ္ Apple က အခုလုိမ်ိဳး Samsung ဆီကေန OLED Display ေတြကို ေစ်းၾကီးေပးျပီး ဝယ္ယူေနရတာထက္ LG ရဲ႕ OLED Display ေတြကို အရည္အေသြးမကြာပဲ အသံုးျပဳလာႏုိင္မယ္ဆုိရင္ ဒါက ေနာက္ပိုင္းမွာ iPhone ေတြရဲ႕ ေစ်းႏႈန္းကလည္း အခုထက္ပိုျပီး က်လာႏုိင္ပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ iPhone X ဖုန်းမှာ စတင်ပြီးတော့ OLED Display တွေကို စတင်အသုံးပြုလာခဲ့တာပဲဖြစ်ပါတယ်။ အခုလိုမျိုး OLED Display တွေကိုလည်း လက်ရှိအကောင်းဆုံး Display ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ဆီကနေ မှာယူခဲ့တာဖြစ်ပါတယ်။

Apple iPhone X

ဒါပေမယ့် ဒီနှစ်မှာတော့ Apple ကနေ Samsung အပေါ်ကို Display မှီခိုနေရမှုကို လျော့ချသွားဖို့ စီစဉ်နေပြီးတော့ OLED Display တွေကို LG ဆီကနေလည်း မှာယူနေတယ်လို့ သိရပါတယ်။

အခုသတင်းအရ Apple ဟာ အစောပိုင်းမှာ LG ဆီကနေ OLED Display ပေါင်း ၂ သန်းကနေ ၄ သန်းအထိ ထောက်ပံ့မှုကို ရယူသွားမှာဖြစ်ပြီးတော့ LG အနေနဲ့လည်း နောက်ပိုင်းမှာ အဆိုပါ OLED Display တွေကို ပိုပြီး အမြောက်အများထုတ်လုပ်သွားမယ်လို့ ယူဆရပါတယ်။ အခုပမာဏဟာ Apple ရဲ့ iPhone X အတွက် အစောပိုင်းမှာတင် Samsung ဆီက ဝယ်ယူခဲ့တဲ့ OLED Display သန်း ၁၀၀ ဝန်းကျင်နဲ့ ယှဉ်ရင် မပြောပလောက်တဲ့ပမာဏတစ်ခုလို့တောင် ပြောလို့ရပါတယ်။

Apple iPhone X

ဖြစ်နိုင်တာတစ်ခုကတော့ Apple ဟာ Samsung OLED Display တွေကိုပဲ လက်ရှိအချိန်မှာ အသုံးပြုသွားမှာဖြစ်ပေမယ့် LG OLED Display တွေကိုလည်း လောလောဆယ်မှာ Secondary Option တစ်ခုအနေနဲ့ စမ်းသပ်နေတယ်လို့ ယူဆရပါတယ်။ LG အနေနဲ့လည်း ပြီးခဲ့တဲ့ LG V30 ၊ Pixel 2 XL အတွက် OLED Display တွေမှာ နာမည်ဆိုးထွက်ခဲ့တော့ Apple အနေနဲ့ Quality ပိုင်းကို အရင် စစ်ဆေးချင်နေပုံပါပဲ။

ဘာပဲဖြစ်ဖြစ် Apple က အခုလိုမျိုး Samsung ဆီကနေ OLED Display တွေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတာထက် LG ရဲ့ OLED Display တွေကို အရည်အသွေးမကွာပဲ အသုံးပြုလာနိုင်မယ်ဆိုရင် ဒါက နောက်ပိုင်းမှာ iPhone တွေရဲ့ ဈေးနှုန်းကလည်း အခုထက်ပိုပြီး ကျလာနိုင်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com