[Zawgyi] 

iPhone တစ္လံုးဝယ္လိုက္တာနဲ႔ အထဲမွာ လိုအပ္တဲ့ App ေတြပါၿပီးသာျဖစ္တာ သင္သတိထားမိမွာပါ။ အဲ့ဒီ App ေတြထဲမွာ Apple ရဲ႕ ကိုယ္ပို္င္ Maps ဆိုတာ လည္းပါပါတယ္။ Android ဖုန္းေတြမွာ Google Maps ပါသလို iPhone ေတြမွာလည္း Apple ရဲ႕ ကုိယ္ပိုင္ Maps App ပါဝင္ပါတယ္။ 

Apple Maps on iPhone X

Apple ရဲ႕ Maps ဝန္ေဆာင္မႈအတြက္ ေျမပံုအခ်က္အလက္ေတာ္ေတာ္မ်ားမ်ားကိုေတာ့ TomTom ဆိုတဲ့ ကုမၸဏီဆီကေန ရယူထားပါတယ္။ Google ကေတာ့ သူတို႔ကိုယ္ပိုင္ Google Maps ရွိေနတာေၾကာင့္ Android ဖုန္းေတြမွာ အလြယ္တကူ ထည့္သြင္းေပးလိုက္ႏိုင္ပါတယ္။ Apple ရဲ႕ Maps ကေတာ့ Google Maps ေလာက္ ႏိုင္ငံတိုင္းနီးပါး၊ ေနရာတိုင္းနီးပါးအတြက္ အဆင္မေျပလွပါဘူး။ ႏိုင္ငံႀကီးေတြအတြက္ပဲ အဆင္ေျပတဲ့အတြက္ အေမရိကန္၊ ဂ်ပန္နဲ႔ တျခား နာမည္ႀကီးႏိုင္ငံေတြမွာေတာ့ Apple Maps က တကယ္ကို အသံုးဝင္ပါတယ္။

Google Maps နဲ႔အၿပိဳင္ အေဆာက္အဦအတြင္းပိုင္း ေျမပံုေတြ၊ ေျမေအာက္ ရထားဘူတာေျမပံုေတြ အေသးစိတ္ပါဝင္တာေၾကာင့္ အသံုးျပဳသူေတြမ်ားပါတယ္။ ျမန္မာႏိုင္ငံအတြက္ေတာ့ တရားဝင္အေထာက္အပံမရွိေသးတာေၾကာင့္ အသံုးျပဳဖို႔ခက္ခဲေနဦးမွာျဖစ္သလို Google Maps နဲ႔ တျခား Maps ေတြကိုပဲ အားကိုးေနရဦးမွာပါ။ အခုလို အဆင္မေျပျဖစ္ေနတဲ့ Apple Maps က Online ေပၚမွာ လူေျပာမ်ားတဲ့ ဟာသတစ္ပုဒ္လိုျဖစ္ေနခဲ့တာၾကာပါၿပီ။ အဲ့ဒီလို အဆင္မေျပမႈေတြကို Apple က စၿပီး ေျဖရွင္းေနပါၿပီ။ 

Improved Apple Maps

Maps အတြက္ Data အသစ္ေတြကို ျပန္လည္စုေဆာင္းေနၿပီး၊ လိုအပ္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း ထပ္ထည့္ဖို႔အတြက္ Project ေတြစေနပါၿပီ။ iOS 12 တရားဝင္ထြက္လာမယ့္အခ်ိန္မွာ iPhone အသစ္ မိတ္ဆက္ခ်ိန္နဲ႔ သိပ္မကြာမွာျဖစ္တာေၾကာင့္ Maps အသစ္ကိုလည္း ထပ္မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။ Maps ကိုေတာ့ အစအဆံုးအေသးစိတ္ျပန္ျပင္ေပးမွာမဟုတ္ဘဲ လိုအပ္တာေတြျပဳျပင္တာ၊ မပါတဲ့ အခ်က္အလက္ေတြ ထပ္တိုးထည္းေပးတာေတြ လုပ္ေပးမွာျဖစ္တာေၾကာင့္ အရင္ကထက္ေတာ့ အျမင္ပိုင္းအရသိသိသာသာေျပာင္းသြားတာမ်ိဳး ရွိမွာမဟုတ္ေပးမယ့္ လက္ေတြ႕အသံုးျပဳတဲ့အခ်ိန္မွာေတာ့ ပိုေကာင္းလာမွာျဖစ္ပါတယ္။ Google Maps ကလည္း လက္လႊတ္လို႔မရေသးတဲ့ Map တစ္ခုအျဖစ္ရွိေနဦးမွာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple က သူတို့ရဲ့ Maps ဝန်ဆောင်မှုကို မြင်သာတဲ့ တိုးတက်မှုတွေထည့်လာပြီ

iPhone တစ်လုံးဝယ်လိုက်တာနဲ့ အထဲမှာ လိုအပ်တဲ့ App တွေပါပြီးသာဖြစ်တာ သင်သတိထားမိမှာပါ။ အဲ့ဒီ App တွေထဲမှာ Apple ရဲ့ ကိုယ်ပိုင် Maps ဆိုတာ လည်းပါပါတယ်။ Android ဖုန်းတွေမှာ Google Maps ပါသလို iPhone တွေမှာလည်း Apple ရဲ့ ကိုယ်ပိုင် Maps App ပါဝင်ပါတယ်။ 

Apple Maps on iPhone X

Apple ရဲ့ Maps ဝန်ဆောင်မှုအတွက် မြေပုံအချက်အလက်တော်တော်များများကိုတော့ TomTom ဆိုတဲ့ ကုမ္ပဏီဆီကနေ ရယူထားပါတယ်။ Google ကတော့ သူတို့ကိုယ်ပိုင် Google Maps ရှိနေတာကြောင့် Android ဖုန်းတွေမှာ အလွယ်တကူ ထည့်သွင်းပေးလိုက်နိုင်ပါတယ်။ Apple ရဲ့ Maps ကတော့ Google Maps လောက် နိုင်ငံတိုင်းနီးပါး၊ နေရာတိုင်းနီးပါးအတွက် အဆင်မပြေလှပါဘူး။ နိုင်ငံကြီးတွေအတွက်ပဲ အဆင်ပြေတဲ့အတွက် အမေရိကန်၊ ဂျပန်နဲ့ တခြား နာမည်ကြီးနိုင်ငံတွေမှာတော့ Apple Maps က တကယ်ကို အသုံးဝင်ပါတယ်။

Google Maps နဲ့အပြိုင် အဆောက်အဦအတွင်းပိုင်း မြေပုံတွေ၊ မြေအောက် ရထားဘူတာမြေပုံတွေ အသေးစိတ်ပါဝင်တာကြောင့် အသုံးပြုသူတွေများပါတယ်။ မြန်မာနိုင်ငံအတွက်တော့ တရားဝင်အထောက်အပံမရှိသေးတာကြောင့် အသုံးပြုဖို့ခက်ခဲနေဦးမှာဖြစ်သလို Google Maps နဲ့ တခြား Maps တွေကိုပဲ အားကိုးနေရဦးမှာပါ။ အခုလို အဆင်မပြေဖြစ်နေတဲ့ Apple Maps က Online ပေါ်မှာ လူပြောများတဲ့ ဟာသတစ်ပုဒ်လိုဖြစ်နေခဲ့တာကြာပါပြီ။ အဲ့ဒီလို အဆင်မပြေမှုတွေကို Apple က စပြီး ဖြေရှင်းနေပါပြီ။ 

Improved Apple Maps

Maps အတွက် Data အသစ်တွေကို ပြန်လည်စုဆောင်းနေပြီး၊ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ထပ်ထည့်ဖို့အတွက် Project တွေစနေပါပြီ။ iOS 12 တရားဝင်ထွက်လာမယ့်အချိန်မှာ iPhone အသစ် မိတ်ဆက်ချိန်နဲ့ သိပ်မကွာမှာဖြစ်တာကြောင့် Maps အသစ်ကိုလည်း ထပ်မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ Maps ကိုတော့ အစအဆုံးအသေးစိတ်ပြန်ပြင်ပေးမှာမဟုတ်ဘဲ လိုအပ်တာတွေပြုပြင်တာ၊ မပါတဲ့ အချက်အလက်တွေ ထပ်တိုးထည်းပေးတာတွေ လုပ်ပေးမှာဖြစ်တာကြောင့် အရင်ကထက်တော့ အမြင်ပိုင်းအရသိသိသာသာပြောင်းသွားတာမျိုး ရှိမှာမဟုတ်ပေးမယ့် လက်တွေ့အသုံးပြုတဲ့အချိန်မှာတော့ ပိုကောင်းလာမှာဖြစ်ပါတယ်။ Google Maps ကလည်း လက်လွှတ်လို့မရသေးတဲ့ Map တစ်ခုအဖြစ်ရှိနေဦးမှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။