Apple ရဲ့ MacBook Pro Laptop တွေက ရေရှည်အသုံးပြုသူတွေအတွက် ရွေးချယ်သင့်တဲ့ Laptop တွေဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Apple ကနေ 2015 MacBook Pro အချို့ကို မီးလောင်နိုင်ခြေရှိတာကြောင့် ပြန်သိမ်းနေရပါပြီ။

Apple MacBook 15 2015

အခုလိုမျိုး ပြန်သိမ်းနေတာက 2015 Model MacBook Pro ကိုမှ Retina Display ပါတဲ့ Model တွေဖြစ်ပြီးတော့ Battery တွေက မီးထလောင်နိုင်တဲ့အတွက် ပြန်သိမ်းနေတာလို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီလိုမျိုး Effect ဖြစ်တဲ့ Model တွေက အရေအတွက်နည်းပါးပြီးတော့ စက်တင်ဘာလ ၂၀၁၅ ကနေ ဖေဖော်ဝါရီလ ၂၀၁၇ အတွင်းမှာ ရောင်းချခဲ့တဲ့ MacBook Pro တွေပဲ ဖြစ်နိုင်ခြေရှိနေတာပါ။ ဒါ့အပြင် 2015 Model တွေပဲဖြစ်တဲ့အတွက် Third Generation MacBook Pro ကတော့ ဒီလိုမျိုး Risk ရှိနေမှာမဟုတ်ပါဘူး။ ဒါ့အပြင် 15″ Model တွေပဲဖြစ်တဲ့အတွက် 13″ MacBook Pro သုံးနေတယ်ဆိုရင်လည်း စိုးရိမ်စရာမရှိပါဘူး။

Apple MacBook 15 2015

Apple ကတော့ အခုလိုမျိုး ပြန်လည်ရုတ်သိမ်းနေတယ်ဆိုပေမယ့် ဘာကြောင့်ဒီလိုမျိုးဖြစ်ပွားရသလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအတွက် အကောင်းဆုံးကတော့ အခု ပြန်သိမ်းနေတဲ့ Model ကို အသုံးပြုနေတယ်ဆိုရင် Apple Service Center ဆီကို ပြန်ပို့ပြီး စစ်ဆေးဖို့ကိုပဲ အကြံပြုထားပါတယ်။

Ref : The Verge