[Zawgyi] 

Apple က iPhone SE ကုိထုတ္ခဲ့တာက iPhone 5S ပရိတ္သတ္အတြက္ထုတ္ခဲ့တာျဖစ္ၿပီး Apple ရဲ႕ တန္ဖိုးအနည္းဆံုး iPhone စာရင္းလည္း ဝင္ခဲ့ပါတယ္။ Apple ရဲ႕ iPhone သမိုင္းတစ္ေလွ်ာက္မွာ iPhone 5C ကို iPhone 5S နဲ႔အတူ မိတ္ဆက္ခဲ့သလို iPhone SE ကိုလည္း iPhone 6S ရဲ႕ ေနာက္မွာထုတ္ေပးခဲ့ပါတယ္။ iPhone 7 ထြက္လာၿပီးေနာက္ပိုင္းမွာေတာ့ အားလံုးေမွ်ာ္လင့္ထားသလို iPhone 7S ကို Apple ထုတ္မျပဘဲ iPhone 8 နဲ႔ iPhone X ကိုပဲ မိတ္ဆက္ထုတ္ျပလာတာပါ။ 

iPhone 7 Black

အခုႏွစ္အတြက္လည္း လက္ရွိ Apple ေရာင္းခ်ေနဆဲျဖစ္တဲ့ တန္ဖိုးနည္း iPhone SE နဲ႔ iPhone 6S ေနရာကိုအစားထိုးေပးမယ့္ ေနာက္ iPhone အသစ္ကိုမိတ္္ဆက္လာႏိုင္မယ္လို႔ သတင္းထြက္လာပါတယ္။ အခုလို သတင္းထြက္္လာရတဲ့အေၾကာင္းအရင္းကေတာ့ Apple ရဲ႕ Xcode မွာ A10 Processor နဲ႔ T500 ဆိုၿပီး iPhone Model အသစ္ကို Steve Troughton-Smith ဆိုတဲ့ Developer တစ္ဦးက သတိထားမိခဲ့တာေၾကာင့္ပါ။ iPhone 7 မွာပါတဲ့ RAM ၊ Processor နဲ႔ Display Resolution ေတြအတိုင္းပဲ ေတြ႕ရတာေၾကာင့္ iPhone X နဲ႔ တူမွာမဟုတ္ဘဲ လက္ရွိ iPhone 7 ရဲ႕ Design အတိုင္းပဲထြက္လာဖို႔ ပိုမ်ားပါတယ္။ 

iPhone 7 and iPhone 7 Plus

Apple ကေတာ့ အခုအခ်ိန္အထိ iPhone SE ၊ iPhone 6s နဲ႔ iPhone 7 ကိုေရာင္းေနတုန္းျဖစ္ၿပီး ေနာက္ထပ္ တန္ဖိုးနည္း iPhone အသစ္ထြက္လာရင္ေတာ့ လက္ရွိ iPhone SE နဲ႔ iPhone 6S ေနရာကို အစားထိုးသြားမယ္လို႔ ယူဆရပါတယ္။ iPhone 7S လည္း ျဖစ္ႏုိင္သလို iPhone လို႔ပဲလည္း နာမည္ေပးလာႏိုင္ပါတယ္။ လက္ရွိ iPhone 7 ထက္ေစ်းပိုသက္သာႏိုင္ၿပီး iPhone SE နဲ႔ iPhone 6S ပရိသတ္အတြက္ ရည္ရြယ္ၿပီးထုတ္တာျဖစ္ႏိုင္ပါတယ္။ 

iPhone 7 Plus

ေစ်းပိုသက္သာတဲ့ iPhone ကိုလည္းလိုခ်င္တယ္၊ ေနာက္ဆံုးေပၚ Processor လည္းမလိုခ်င္ဘူးဆိုတဲ့ Apple ပရိသတ္အတြက္ လာမယ့္ စက္တင္ဘာမွာ Apple က ဘာေတြခ်ျပမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။ ပြဲလုပ္မယ့္ရက္ကိုလည္း စက္တင္ဘာ ၁၂ ရက္ေန႔လို႔ ေကာလဟလေတြထြက္ေနၿပီျဖစ္တာေၾကာင့္ ဟုတ္မဟုတ္ကေတာ့ ဒီလထဲမွာေစာင့္ၾကည့္ရမွာပါ။ သတင္းေတြေတာက္ေလွ်ာက္ထြက္ေနတာကေတာာ့ iPhone သံုးမ်ိဳးထုတ္ျပသြားမွာျဖစ္တယ္ဆိုတဲ့အခ်က္နဲ႔ iPad အသစ္ေတြအေၾကာင္းပါ။ သတင္းေပါက္တာေတြက သိပ္ၿပီးေတာ့ တိတိက်က်မရွိတာေၾကာင့္ ယံုၾကည္ဖုိ႔ခက္ခဲေနၿပီး Apple ရဲ႕ Special Event ကိုပဲ ေစာင့္ၾကည့္ရမွာပါ။ သင္ေရာ ေနာက္လာမယ့္ iPhone အသစ္ေတြအတြက္ စိတ္လႈပ္ရွားေနၿပီလား။ 

Ref: Cult Of Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple က လက်ရှိ iPhone 7 ကိုအသစ်ထပ်ထုတ်ဦးမယ်လို့ သတင်းထွက်ပြီ

Apple က iPhone SE ကိုထုတ်ခဲ့တာက iPhone 5S ပရိတ်သတ်အတွက်ထုတ်ခဲ့တာဖြစ်ပြီး Apple ရဲ့ တန်ဖိုးအနည်းဆုံး iPhone စာရင်းလည်း ဝင်ခဲ့ပါတယ်။ Apple ရဲ့ iPhone သမိုင်းတစ်လျှောက်မှာ iPhone 5C ကို iPhone 5S နဲ့အတူ မိတ်ဆက်ခဲ့သလို iPhone SE ကိုလည်း iPhone 6S ရဲ့ နောက်မှာထုတ်ပေးခဲ့ပါတယ်။ iPhone 7 ထွက်လာပြီးနောက်ပိုင်းမှာတော့ အားလုံးမျှော်လင့်ထားသလို iPhone 7S ကို Apple ထုတ်မပြဘဲ iPhone 8 နဲ့ iPhone X ကိုပဲ မိတ်ဆက်ထုတ်ပြလာတာပါ။ 

iPhone 7 Black

အခုနှစ်အတွက်လည်း လက်ရှိ Apple ရောင်းချနေဆဲဖြစ်တဲ့ တန်ဖိုးနည်း iPhone SE နဲ့ iPhone 6S နေရာကိုအစားထိုးပေးမယ့် နောက် iPhone အသစ်ကိုမိတ်ဆက်လာနိုင်မယ်လို့ သတင်းထွက်လာပါတယ်။ အခုလို သတင်းထွက်လာရတဲ့အကြောင်းအရင်းကတော့ Apple ရဲ့ Xcode မှာ A10 Processor နဲ့ T500 ဆိုပြီး iPhone Model အသစ်ကို Steve Troughton-Smith ဆိုတဲ့ Developer တစ်ဦးက သတိထားမိခဲ့တာကြောင့်ပါ။ iPhone 7 မှာပါတဲ့ RAM ၊ Processor နဲ့ Display Resolution တွေအတိုင်းပဲ တွေ့ရတာကြောင့် iPhone X နဲ့ တူမှာမဟုတ်ဘဲ လက်ရှိ iPhone 7 ရဲ့ Design အတိုင်းပဲထွက်လာဖို့ ပိုများပါတယ်။ 

iPhone 7 and iPhone 7 Plus

Apple ကတော့ အခုအချိန်အထိ iPhone SE ၊ iPhone 6s နဲ့ iPhone 7 ကိုရောင်းနေတုန်းဖြစ်ပြီး နောက်ထပ် တန်ဖိုးနည်း iPhone အသစ်ထွက်လာရင်တော့ လက်ရှိ iPhone SE နဲ့ iPhone 6S နေရာကို အစားထိုးသွားမယ်လို့ ယူဆရပါတယ်။ iPhone 7S လည်း ဖြစ်နိုင်သလို iPhone လို့ပဲလည်း နာမည်ပေးလာနိုင်ပါတယ်။ လက်ရှိ iPhone 7 ထက်ဈေးပိုသက်သာနိုင်ပြီး iPhone SE နဲ့ iPhone 6S ပရိသတ်အတွက် ရည်ရွယ်ပြီးထုတ်တာဖြစ်နိုင်ပါတယ်။ 

iPhone 7 Plus

ဈေးပိုသက်သာတဲ့ iPhone ကိုလည်းလိုချင်တယ်၊ နောက်ဆုံးပေါ် Processor လည်းမလိုချင်ဘူးဆိုတဲ့ Apple ပရိသတ်အတွက် လာမယ့် စက်တင်ဘာမှာ Apple က ဘာတွေချပြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ပွဲလုပ်မယ့်ရက်ကိုလည်း စက်တင်ဘာ ၁၂ ရက်နေ့လို့ ကောလဟလတွေထွက်နေပြီဖြစ်တာကြောင့် ဟုတ်မဟုတ်ကတော့ ဒီလထဲမှာစောင့်ကြည့်ရမှာပါ။ သတင်းတွေတောက်လျှောက်ထွက်နေတာကတောာ့ iPhone သုံးမျိုးထုတ်ပြသွားမှာဖြစ်တယ်ဆိုတဲ့အချက်နဲ့ iPad အသစ်တွေအကြောင်းပါ။ သတင်းပေါက်တာတွေက သိပ်ပြီးတော့ တိတိကျကျမရှိတာကြောင့် ယုံကြည်ဖို့ခက်ခဲနေပြီး Apple ရဲ့ Special Event ကိုပဲ စောင့်ကြည့်ရမှာပါ။ သင်ရော နောက်လာမယ့် iPhone အသစ်တွေအတွက် စိတ်လှုပ်ရှားနေပြီလား။ 

Ref: Cult Of Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။