Apple ကေန ျပီးခဲ့တဲ့ စက္တင္ဘာလတုန္းက iPhone XS နဲ႔ XS Max ဖုန္းေတြနဲ႔အတူမိတ္ဆက္ေပးခဲ့တဲ့ iPhone XR စမတ္ဖုန္းကို ယေန႔ ေအာက္တုိဘာလ ၂၆ ရက္ေန႔မွာ စတင္ေရာင္းခ်ေနျပီျဖစ္ပါတယ္။ Apple အေနနဲ႔ေရာ ေစ်းကြက္ခန္႔မွန္းသူေတြကပါ iPhone XR ကို လက္ရွိမွာအေရာင္းရဆံုး iPhone တစ္ခုျဖစ္မယ္လို႔ ခန္႔မွန္းထားၾကေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္လြဲေနပံုပါပဲ။

iPhone XR

ဘာေၾကာင့္လဲဆုိရင္ေတာ့ Apple Store ေတြမွာ iPhone XR ကို စတင္ေရာင္းခ်ေနေပမယ့္လည္း ယခင္ iPhone အသစ္ေတြထြက္သလုိမ်ိဳး တန္းစီဝယ္ယူသူေတြမရွိဘဲ ေျခာက္ကပ္ေနတာေၾကာင့္ျဖစ္ပါတယ္။ ဒါကလည္း Australia ႏုိင္ငံ Sydney မွာရွိတဲ့ Apple Store အျပင္ တျခားေသာ Apple Store ေတြမွာလည္း အခုလုိမ်ိဳး ၾကံဳေတြ႕ေနရတယ္လုိ႔ သိရပါတယ္။ ျပီးခဲ့တဲ့ iPhone XS နဲ႔ XS Max စတင္ေရာင္းခ်တုန္းကေတာင္ လူေတြအမ်ားအျပားတန္းစီေစာင့္ဆုိင္းဝယ္ယူခဲ့ျပီးေတာ့ အခု iPhone XR ၾကမွ ဝယ္တဲ့သူမရွိတာက ေတာ္ေတာ္ေလးကို အံ့ၾသဖြယ္ျဖစ္ေနတာပါ။

iPhone XR စမတ္ဖုန္းဟာ ေစ်းႏႈန္းအေနနဲ႔ $749 နဲ႔ စတင္ေရာင္းခ်ေနတဲ့အတြက္ လက္ရွိ iPhone XS ရဲ႕ေစ်းႏႈန္းထက္ $250 ေလာက္သက္သာေနတာျဖစ္ျပီး HD Resolution ပဲရွိတဲ့ LCD Display ၊ Single Camera ေတြကလြဲရင္ က်န္တဲ့ Processor ပိုင္းမွာ iPhone XS လုိမ်ိဳးပဲ A12 Bionic Chip ကို အသံုးျပဳထားတာျဖစ္ပါတယ္။ Camera ပိုင္းအေနနဲ႔လည္း Single Camera ကိုပဲ အသံုးျပဳထားတယ္ဆုိေပမယ့္ Apple အေနနဲ႔ Portrait ပံုေတြရုိက္လုိ႔ရေအာင္လည္း ေဆာင္ရြက္ေပးႏုိင္တာျဖစ္ပါတယ္။

Apple ဟာ iPhone XR ကို ယခင္တုန္းက iPhone 5c လုိမ်ိဳးပဲ အေရာင္မ်ိဳးစံုထုတ္ေပးလာတာျဖစ္ျပီးေတာ့ White ၊ Black ၊ Blue ၊ Yellow ၊ Coral နဲ႔ (Product)RED ဆုိျပီး အေရာင္စံုထုတ္ေပးခဲ့တာပဲျဖစ္ပါတယ္။ Review ေတြအရလည္း iPhone XR ဟာ ယခင္ iPhone 6 ၊ 6S ၊ 7 ဖုန္းေတြကိုင္ေနတဲ့သူေတြအတြက္ ေစ်းအမ်ားၾကီးေပးစရာမလုိဘဲ Upgrade လုပ္သင့္တဲ့ဖုန္းတစ္ခုလုိ႔ ေျပာေနၾကေပမယ့္ တကယ့္ရလဒ္ကေတာ့ မဟုတ္တဲ့ပံုပါပဲ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက iPhone XS နဲ့ XS Max ဖုန်းတွေနဲ့အတူမိတ်ဆက်ပေးခဲ့တဲ့ iPhone XR စမတ်ဖုန်းကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ Apple အနေနဲ့ရော စျေးကွက်ခန့်မှန်းသူတွေကပါ iPhone XR ကို လက်ရှိမှာအရောင်းရဆုံး iPhone တစ်ခုဖြစ်မယ်လို့ ခန့်မှန်းထားကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်လွဲနေပုံပါပဲ။

iPhone XR

ဘာကြောင့်လဲဆိုရင်တော့ Apple Store တွေမှာ iPhone XR ကို စတင်ရောင်းချနေပေမယ့်လည်း ယခင် iPhone အသစ်တွေထွက်သလိုမျိုး တန်းစီဝယ်ယူသူတွေမရှိဘဲ ခြောက်ကပ်နေတာကြောင့်ဖြစ်ပါတယ်။ ဒါကလည်း Australia နိုင်ငံ Sydney မှာရှိတဲ့ Apple Store အပြင် တခြားသော Apple Store တွေမှာလည်း အခုလိုမျိုး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ iPhone XS နဲ့ XS Max စတင်ရောင်းချတုန်းကတောင် လူတွေအများအပြားတန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ပြီးတော့ အခု iPhone XR ကြမှ ဝယ်တဲ့သူမရှိတာက တော်တော်လေးကို အံ့သြဖွယ်ဖြစ်နေတာပါ။

Apple Store

iPhone XR စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ $749 နဲ့ စတင်ရောင်းချနေတဲ့အတွက် လက်ရှိ iPhone XS ရဲ့စျေးနှုန်းထက် $250 လောက်သက်သာနေတာဖြစ်ပြီး HD Resolution ပဲရှိတဲ့ LCD Display ၊ Single Camera တွေကလွဲရင် ကျန်တဲ့ Processor ပိုင်းမှာ iPhone XS လိုမျိုးပဲ A12 Bionic Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း Single Camera ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် Apple အနေနဲ့ Portrait ပုံတွေရိုက်လို့ရအောင်လည်း ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်။

iPhone XR

Apple ဟာ iPhone XR ကို ယခင်တုန်းက iPhone 5c လိုမျိုးပဲ အရောင်မျိုးစုံထုတ်ပေးလာတာဖြစ်ပြီးတော့ White ၊ Black ၊ Blue ၊ Yellow ၊ Coral နဲ့ (Product)RED ဆိုပြီး အရောင်စုံထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ Review တွေအရလည်း iPhone XR ဟာ ယခင် iPhone 6 ၊ 6S ၊ 7 ဖုန်းတွေကိုင်နေတဲ့သူတွေအတွက် စျေးအများကြီးပေးစရာမလိုဘဲ Upgrade လုပ်သင့်တဲ့ဖုန်းတစ်ခုလို့ ပြောနေကြပေမယ့် တကယ့်ရလဒ်ကတော့ မဟုတ်တဲ့ပုံပါပဲ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com