လက္ရွိအခ်ိန္မွာ Tablet ဝယ္ယူဖုိ႔ စိတ္ကူးေနတယ္ဆုိရင္ Apple ရဲ႕ iPad ေတြကလြဲျပီး တျခား ေရြးခ်ယ္စရာမရွိသေလာက္ကိုျဖစ္ေနတာပဲျဖစ္ပါတယ္။ Apple ရဲ႕ iPad အသစ္ေတြထဲမွာမွ iPad Pro Lineup ဟာ လက္ရွိအခ်ိန္မွာ Professional ေတြကို ရည္ရြယ္ထားျပီး ပံုမွန္ PC တစ္ခုကိုေတာင္ အစားထုိးႏုိင္တဲ့ Performance ရွိေနတာပဲျဖစ္ပါတယ္။

Apple iPad Pro

Apple ဟာ ယခုႏွစ္အတြက္ အဆိုပါ iPad Pro Line ကို Upgrade ျပဳလုပ္ဦးမွာျဖစ္ျပီးေတာ့ လက္ရွိ Japanese Supply Chain Site တစ္ခုျဖစ္တဲ့ Macotakara ရဲ႕ ေျပာၾကားခ်က္အရ အခု iPad Pro အသစ္ေတြဟာ အရြယ္အစားပိုေသးသြားမွာျဖစ္ျပီးေတာ့ 3.5mm Headphone Jack ကိုပါ ျဖဳတ္သြားဖုိ႔ ရွိေနတယ္လုိ႔ သိရပါတယ္။

အခု သိရတဲ့ သတင္းေတြအရေတာ့ Apple ဟာ အခုထြက္ရွိလာမယ့္ iPad Pro 2018 ေတြဟာ မႏွစ္ကလုိမ်ိဳးပဲ 10.5″ နဲ႔ 12.9″ Model ၂ မ်ိဳးထြက္ရွိလာမွာျဖစ္ျပီးေတာ့ 10.5″ Model ဟာ အရြယ္အစားအေနနဲ႔ 247.mm×178.7mm×6mm ပဲရွိမွာျဖစ္ျပီးေတာ့ လက္ရွိ အရြယ္အစားျဖစ္တဲ့ 250mm×174.1mm×6.1mm ထက္ ေသးငယ္သြားမွာပဲျဖစ္ပါတယ္။ 12.9″ Model ကလည္း 280mm×215mm×6.4mm ပဲရွိေတာ့မွာျဖစ္ျပီး လက္ရွိ 305.7mm×220.6mm×6.9mm နဲ႔ ယွဥ္ရင္ သိသိသာသာကို ေသးငယ္သြားမွာျဖစ္ပါတယ္။

Apple iPad Pro

အခုလုိမ်ိဳး အရြယ္အစားေသးငယ္သြားတဲ့အျပင္ iPad Pro အသစ္ေတြမွာ Face ID စနစ္ပါဝင္လာမွာျဖစ္ျပီးေတာ့ Fingerprint Touch ID ပါဝင္လာမွာမဟုတ္ေတာ့ပါဘူး။ ဒါတင္မကေသးဘဲ အခုလုိမ်ိဳး အရြယ္အစားေသးငယ္ေအာင္ျပဳလုပ္ထားတဲ့အတြက္ 3.5mm Headphone Jack လည္း ပါဝင္မွာမဟုတ္ေတာ့ဘူးလုိ႔ သိရပါတယ္။

Apple ဟာ လာမယ့္ စက္တင္ဘာလမွာ iPhone အသစ္ေတြကို မိတ္ဆက္သြားမွာျဖစ္ျပီးေတာ့ အခု iPad Pro အသစ္ေတြကိုပါ တပါတည္း မိတ္ဆက္သြားမလား၊ ဒါမွမဟုတ္ ေနာက္ပိုင္းမွ သီးျခားမိတ္ဆက္မလားဆိုတာကေတာ့ အတိအက်မသိရေသးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိအချိန်မှာ Tablet ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင် Apple ရဲ့ iPad တွေကလွဲပြီး တခြား ရွေးချယ်စရာမရှိသလောက်ကိုဖြစ်နေတာပဲဖြစ်ပါတယ်။ Apple ရဲ့ iPad အသစ်တွေထဲမှာမှ iPad Pro Lineup ဟာ လက်ရှိအချိန်မှာ Professional တွေကို ရည်ရွယ်ထားပြီး ပုံမှန် PC တစ်ခုကိုတောင် အစားထိုးနိုင်တဲ့ Performance ရှိနေတာပဲဖြစ်ပါတယ်။

Apple iPad Pro

Apple ဟာ ယခုနှစ်အတွက် အဆိုပါ iPad Pro Line ကို Upgrade ပြုလုပ်ဦးမှာဖြစ်ပြီးတော့ လက်ရှိ Japanese Supply Chain Site တစ်ခုဖြစ်တဲ့ Macotakara ရဲ့ ပြောကြားချက်အရ အခု iPad Pro အသစ်တွေဟာ အရွယ်အစားပိုသေးသွားမှာဖြစ်ပြီးတော့ 3.5mm Headphone Jack ကိုပါ ဖြုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အခု သိရတဲ့ သတင်းတွေအရတော့ Apple ဟာ အခုထွက်ရှိလာမယ့် iPad Pro 2018 တွေဟာ မနှစ်ကလိုမျိုးပဲ 10.5″ နဲ့ 12.9″ Model ၂ မျိုးထွက်ရှိလာမှာဖြစ်ပြီးတော့ 10.5″ Model ဟာ အရွယ်အစားအနေနဲ့ 247.mm×178.7mm×6mm ပဲရှိမှာဖြစ်ပြီးတော့ လက်ရှိ အရွယ်အစားဖြစ်တဲ့ 250mm×174.1mm×6.1mm ထက် သေးငယ်သွားမှာပဲဖြစ်ပါတယ်။ 12.9″ Model ကလည်း 280mm×215mm×6.4mm ပဲရှိတော့မှာဖြစ်ပြီး လက်ရှိ 305.7mm×220.6mm×6.9mm နဲ့ ယှဉ်ရင် သိသိသာသာကို သေးငယ်သွားမှာဖြစ်ပါတယ်။

Apple iPad Pro

အခုလိုမျိုး အရွယ်အစားသေးငယ်သွားတဲ့အပြင် iPad Pro အသစ်တွေမှာ Face ID စနစ်ပါဝင်လာမှာဖြစ်ပြီးတော့ Fingerprint Touch ID ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ဒါတင်မကသေးဘဲ အခုလိုမျိုး အရွယ်အစားသေးငယ်အောင်ပြုလုပ်ထားတဲ့အတွက် 3.5mm Headphone Jack လည်း ပါဝင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

Apple ဟာ လာမယ့် စက်တင်ဘာလမှာ iPhone အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပြီးတော့ အခု iPad Pro အသစ်တွေကိုပါ တပါတည်း မိတ်ဆက်သွားမလား၊ ဒါမှမဟုတ် နောက်ပိုင်းမှ သီးခြားမိတ်ဆက်မလားဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com