Apple ကတော့ အခုအချိန်မှာ iOS ကို အသုံးပြုနေတဲ့ Static Number တွေကို ထပ်ပြီးထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ iOS Device တွေရဲ့ ၈၃ ရာခိုင်နှုန်းက iOS 12 ကို အသုံးပြုနေပြီလို့ သိရပါတယ်။

iOS 12

အခုလိုမျိုး iOS Device ပေါင်း ၈၀ ရာခိုင်နှုန်းကျော်က Latest iOS 12 ကို အသုံးပြုနေကြတဲ့အတွက် ပြန်တွက်ကြည့်မယ်ဆိုရင် iDevice ၅ လုံးမှာ ၄ လုံးက iOS 12 ကို အသုံးပြုနေတယ်လို့တောင် ပြောလို့ရနေပါပြီ။ ဒါပေမယ့် iOS 11 ကတော့ လက်ရှိအချိန်မှာ အသုံးပြုသူတွေ ၁၂ ရာခိုင်နှုန်းပဲရှိတော့တာဖြစ်ပါတယ်။

iOS 12

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စစ်တမ်းအရတော့ iOS Device တွေရဲ့ ၇၅ ရာခိုင်နှုန်းက iOS 12 ကိုအသုံးပြုနေကြပြီး အခုလိုမျိုး ၁ လအတွင်းမှာတင် သိသိသာသာကို ထပ်မံတိုးတက်လာတာဖြစ်ပါတယ်။

iOS 12

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ထွက်ရှိတာကြာပြီဖြစ်ပြီဖြစ်တဲ့ iOS Device တွေကိုပါ Latest iOS Update ပေးနိုင်တာက တကယ်ကိုအားသာတဲ့အချက်တစ်ခုအနေနဲ့ ရှိနေတာကိုတော့ လုံးဝငြင်းလို့မရပါဘူး။

Ref : GSMArena