[Zawgyi] 

Apple ရဲ႕ WWDC မွာ ဒီႏွစ္အတြက္ မိတ္ဆက္သြားတာေတြကေတာ့ OS အသစ္ေလးခုပဲျဖစ္ပါတယ္။ iOS 12 ၊ macOS 10.14 ၊ watchOS 5 ၊  နဲ႔ tvOS 12 တို႔ကိုမိတ္ဆက္သြားတာပါ။ OS အသစ္ေတြအားလံုးက စိတ္ဝင္စားဖို႔ေကာင္းသလို အတူပါလာတဲ့ Feature အသစ္နဲ႔ App အသစ္ေတြကိုလည္း နည္းနည္းစီရွင္းျပမိတ္ဆက္ခဲ့ပါတယ္။ 

iOS 12

iOS 12 

iOS 12 မွာေတာ့ အျမင္ပိုင္းအရ သိသိသာသာေျပာင္းေစမယ့္ Design အသစ္ကိုေတာ့မေတြ႕ရပါဘူး။ ဒါေပမယ့္ iOS သက္တမ္းတစ္ေလွ်ာက္မွာ အဆင္မေျပျဖစ္ခဲ့တာေတြကို ေျဖရွင္းေပးထားတဲ့အျပင္ အသံုးဝင္မယ့္ Feature အသစ္ေတြကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။ iOS 12 ရဲ႕အေကာင္းဆံုးတိုးတက္မႈကေတာ့ အရင္က iPhone 5s နဲ႔ iPhone 6 လိုမ်ိဳး သက္တမ္းၾကာေနၿပီျဖစ္တဲ့ iPhone ေတြကို အသံုးျပဳတဲ့အခါ သိသိသာသာျမန္ဆန္လာေစတာပဲျဖစ္ပါတယ္။ Apple ရဲ႕အဆိုအရ App ေတြကိုဖြင့္တဲ့အခါ အရင္ကထက္ 40% ပုိျမန္လာမယ္လို႔ သိရပါတယ္။ Lock Screen ကေန Camera ဖြင့္တဲ့အခါလည္း အရင္ကထက္ 70% အထိ ပိုမိုျမန္ဆန္လာတဲ့အျပင္ စာ႐ိုက္ဖို႔လိုအပ္တိုင္း Keyboard ေပၚလာရမယ့္အခါလည္း 50% အထိ ပိုျမန္လာမယ္လို႔သိရပါတယ္။ iPhone အေဟာင္းအသံုးျပဳေနသူေတြအတြက္ iOS 12 ကိုစအသံုးျပဳတဲ့အခ်ိန္မွာ ပိုျမန္လာတာဟာ သိသိသာသာခံစားရမယ့္ အခ်က္တစ္ခ်က္ပဲျဖစ္ပါတယ္။ ျပင္ဆင္မႈအသစ္ေတြအေနနဲ႔ေတာ့ iOS မွာ ႐ႈတ္ပြေနတတ္တဲ့ Notification ေတြကို App အလိုက္ Group ျပန္လုပ္ေပးတာနဲ႔ iPad မွာ Home ကိုျပန္သြားဖို႔ Gesture အသစ္ထည့္ေပးလာတာေတြပဲျဖစ္ပါတယ္။ Feature အသစ္ေတြအေနနဲ႔ေတာ့ Screen Time ၊ Siri Shortcuts ၊ Safari Tracking Prevention နဲ႔ Memoji အျပင္ အျခား Feature ေတြလည္း အမ်ားႀကီးထည့္ေပးထားပါေသးတယ္။ App အသစ္ေတြကိုလည္း ထည့္ေပးထားပါေသးတယ္။  iPhone 5s ၊ iPad Mini 2 ၊ iPod Touch 6th Gen နဲ႔ေနာက္ထြက္တဲ့ iOS Device ေတြမွာ iOS 12 Update ကိုရႏိုင္မွာျဖစ္တယ္လို႔ Apple က ေၾကညာထားပါတယ္။ 

macOS 10.14 

Apple က သူတို႔ရဲ႕ macOS Version အသစ္တိုင္းအတြက္ လွပတဲ့ေနရာေတြရဲ႕ နာမည္ေတြကိုအသံုးျပဳေလ့ရွိပါတယ္။ macOS အသစ္ျဖစ္တဲ့ 10.14 ကိုေတာ့ လွပတဲ့ သဲကႏၱာရတစ္ခုျဖစ္တဲ့ Mojave ရဲ႕ နာမည္ကိုယူထားပါတယ္။ macOS Mojave (မိုဟာေဗး) လို႔ေခၚပါတယ္။ Mojave မွာေတာ့ ျမင္သာတဲ့ေျပာင္းလဲမႈတစ္ခုျဖစ္တဲ့ Dark Mode ကို ထည့္ေပးလာပါၿပီ။ macOS ရဲ႕ အစိတ္အပိုင္းေတြျဖစ္တဲ့ Finder ၊ App Store နဲ႔  iTunes မွာပါ အနက္ေရာင္ေျပာင္းေပးသြားမွာျဖစ္တာေၾကာင့္ ညပိုင္းမွာ အလုပ္လုပ္ရသူေတြအတြက္ေတာ့ တကယ္ကိုအသံုးဝင္မယ့္ Feature တစ္ခုပဲျဖစ္ပါတယ္။ macOS ေပၚကို ပထမဆံုးအေနနဲ႔ iOS ရဲ႕ App သံုးခုေရာက္လာပါတယ္။ Apple အေနနဲ႔လည္း iOS App ေကာင္းေကာင္းေတြကို macOS ေပၚမွာ အသံုးျပဳႏိုင္ေစခ်င္တယ္ဆိုတာ WWDC မွာေျပာၾကားသြးခဲ့ပါတယ္။ အဲ့ဒီအတြက္ macOS ရဲ႕ App Store အသစ္ကိုလည္း iOS ရဲ႕ App Store နဲ႔အနီးစပ္ဆံုးတူညီတဲ့ Design ကိုအသံုးျပဳ ေပးထားပါတယ္။     

watchOS 5

Apple ရဲ႕ ပထမဆံုး ဝတ္ဆင္လို႔ရတဲ့ ထုတ္ကုန္ျဖစ္သလို ေအာင္ျမင္မႈအမ်ားႀကီးရခဲ့တဲ့ Apple Watch ေတြဟာ ေစ်းကြက္ထဲမွာ ဝယ္ယူသူစိတ္ေက်နပ္မႈအရွိဆံုး Smartwatch တစ္ခုအျဖစ္လည္း နာမည္ႀကီးပါတယ္။ Apple ရဲ႕ Design ပိုင္းေသသပ္မႈနဲ႔ ေကာင္းမြန္တဲ့ Software ကိုေပါင္းစပ္ထားတာက Apple Watch ေတြရဲ႕ အဓိကအားသာခ်က္တစ္ခုပါ။ လွပသလို တစ္ကယ္လည္း အသံုးဝင္ပါတယ္။ watchOS 5 မွာေတာ့ အားကစားလႈပ္႐ွားမႈေတြအတြက္ ေျပာင္းလဲမႈ အသစ္ေတြပါလာသလို Apple Watch အသံုးျပဳသူအခ်င္းခ်င္း Walkie-Talkie လို ေျပာလို႔ရေစမယ့္ စိတ္ဝင္စားစရာ Feature လည္းပါဝင္လာပါတယ္။ Apple Watch ေပၚမွာ ပထမဦးဆံုးအေနနဲ႔ Webpage ေတြကို watchOS 5 မွာ ၾကည့္လို႔ရလာပါၿပီ။ 

tvOS 12

Apple TV ေတြက ေစ်းကြက္ထဲမွာ စိတ္ဝင္စားစရာေကာင္းတဲ့ Device ေလးေတြပါပဲ။ စိတ္ဝင္စားဖို႔ေကာင္းေနတာကလည္း Apple ရဲ႕ tvOS ေၾကာင့္ပဲျဖစ္ပါတယ္။ tvOS 12 မွာေတာ့ ေနာက္ဆံုးထုတ္ထားတဲ့ Apple TV 4K အတြက္ Aerial Screensaver လို Feature အသစ္အျပင္ Dolby Atmos Audio နဲ႔ Dolby Vision ကိုပါ အေထာက္အပံ့ေပးလာပါၿပီ။ 4K HDR ႐ုပ္ရွင္ေတြကို ၾကည့္တဲ့အခါ tvOS 12 ေၾကာင့္ အရင္ကထက္ ပိုအသက္ဝင္တဲ့ ခံစားမႈမ်ိဳးကိုရႏိုင္မွာျဖစ္ပါတယ္။ Apple TV ကို အျခား Device ေတြနဲ႔လည္း Control လုပ္ႏိုင္ဦးမွာျဖစ္ပါတယ္။ 

Apple မိတ္ဆက္သြားတဲ့ Software Update ေတြအားလံုးက လာမယ့္ စက္တင္ဘာလဝန္းက်င္မွ Update လုပ္လို႔ရႏုိုင္မွာပါ။ လက္ရွိအခ်ိန္မွာေတာ့ Developer Beta Version ေတြကို Apple ကထုတ္ေပးထားၿပီးျဖစ္ပါတယ္။ Public Beta ေတြကိုေတာ့ ေနာက္ ႏွစ္လေလာက္ေနရင္ Apple ကထုတ္ေပးလာမယ္လို႔ ခန္႔မွန္းရပါတယ္။ iOS 12 ကစလို႔ OS အသစ္တင္လိုက္ရင္ ဖုန္းသံုးရတာေလးသြားတယ္ဆိုတာမ်ိဳး ရွိေတာ့မွာမဟုတ္ပါဘူး။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple ရဲ့ WWDC မှာ ဒီနှစ်အတွက် မိတ်ဆက်သွားတာတွေကတော့ OS အသစ်လေးခုပဲဖြစ်ပါတယ်။ iOS 12 ၊ macOS 10.14 ၊ watchOS 5 ၊  နဲ့ tvOS 12 တို့ကိုမိတ်ဆက်သွားတာပါ။ OS အသစ်တွေအားလုံးက စိတ်ဝင်စားဖို့ကောင်းသလို အတူပါလာတဲ့ Feature အသစ်နဲ့ App အသစ်တွေကိုလည်း နည်းနည်းစီရှင်းပြမိတ်ဆက်ခဲ့ပါတယ်။ 

iOS 12

iOS 12 

iOS 12 မှာတော့ အမြင်ပိုင်းအရ သိသိသာသာပြောင်းစေမယ့် Design အသစ်ကိုတော့မတွေ့ရပါဘူး။ ဒါပေမယ့် iOS သက်တမ်းတစ်လျှောက်မှာ အဆင်မပြေဖြစ်ခဲ့တာတွေကို ဖြေရှင်းပေးထားတဲ့အပြင် အသုံးဝင်မယ့် Feature အသစ်တွေကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ iOS 12 ရဲ့အကောင်းဆုံးတိုးတက်မှုကတော့ အရင်က iPhone 5s နဲ့ iPhone 6 လိုမျိုး သက်တမ်းကြာနေပြီဖြစ်တဲ့ iPhone တွေကို အသုံးပြုတဲ့အခါ သိသိသာသာမြန်ဆန်လာစေတာပဲဖြစ်ပါတယ်။ Apple ရဲ့အဆိုအရ App တွေကိုဖွင့်တဲ့အခါ အရင်ကထက် 40% ပိုမြန်လာမယ်လို့ သိရပါတယ်။ Lock Screen ကနေ Camera ဖွင့်တဲ့အခါလည်း အရင်ကထက် 70% အထိ ပိုမိုမြန်ဆန်လာတဲ့အပြင် စာရိုက်ဖို့လိုအပ်တိုင်း Keyboard ပေါ်လာရမယ့်အခါလည်း 50% အထိ ပိုမြန်လာမယ်လို့သိရပါတယ်။ iPhone အဟောင်းအသုံးပြုနေသူတွေအတွက် iOS 12 ကိုစအသုံးပြုတဲ့အချိန်မှာ ပိုမြန်လာတာဟာ သိသိသာသာခံစားရမယ့် အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ပြင်ဆင်မှုအသစ်တွေအနေနဲ့တော့ iOS မှာ ရှုတ်ပွနေတတ်တဲ့ Notification တွေကို App အလိုက် Group ပြန်လုပ်ပေးတာနဲ့ iPad မှာ Home ကိုပြန်သွားဖို့ Gesture အသစ်ထည့်ပေးလာတာတွေပဲဖြစ်ပါတယ်။ Feature အသစ်တွေအနေနဲ့တော့ Screen Time ၊ Siri Shortcuts ၊ Safari Tracking Prevention နဲ့ Memoji အပြင် အခြား Feature တွေလည်း အများကြီးထည့်ပေးထားပါသေးတယ်။ App အသစ်တွေကိုလည်း ထည့်ပေးထားပါသေးတယ်။  iPhone 5s ၊ iPad Mini 2 ၊ iPod Touch 6th Gen နဲ့နောက်ထွက်တဲ့ iOS Device တွေမှာ iOS 12 Update ကိုရနိုင်မှာဖြစ်တယ်လို့ Apple က ကြေညာထားပါတယ်။ 

macOS 10.14 

Apple က သူတို့ရဲ့ macOS Version အသစ်တိုင်းအတွက် လှပတဲ့နေရာတွေရဲ့ နာမည်တွေကိုအသုံးပြုလေ့ရှိပါတယ်။ macOS အသစ်ဖြစ်တဲ့ 10.14 ကိုတော့ လှပတဲ့ သဲကန္တာရတစ်ခုဖြစ်တဲ့ Mojave ရဲ့ နာမည်ကိုယူထားပါတယ်။ macOS Mojave (မိုဟာဗေး) လို့ခေါ်ပါတယ်။ Mojave မှာတော့ မြင်သာတဲ့ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Dark Mode ကို ထည့်ပေးလာပါပြီ။ macOS ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Finder ၊ App Store နဲ့  iTunes မှာပါ အနက်ရောင်ပြောင်းပေးသွားမှာဖြစ်တာကြောင့် ညပိုင်းမှာ အလုပ်လုပ်ရသူတွေအတွက်တော့ တကယ်ကိုအသုံးဝင်မယ့် Feature တစ်ခုပဲဖြစ်ပါတယ်။ macOS ပေါ်ကို ပထမဆုံးအနေနဲ့ iOS ရဲ့ App သုံးခုရောက်လာပါတယ်။ Apple အနေနဲ့လည်း iOS App ကောင်းကောင်းတွေကို macOS ပေါ်မှာ အသုံးပြုနိုင်စေချင်တယ်ဆိုတာ WWDC မှာပြောကြားသွးခဲ့ပါတယ်။ အဲ့ဒီအတွက် macOS ရဲ့ App Store အသစ်ကိုလည်း iOS ရဲ့ App Store နဲ့အနီးစပ်ဆုံးတူညီတဲ့ Design ကိုအသုံးပြု ပေးထားပါတယ်။     

watchOS 5

Apple ရဲ့ ပထမဆုံး ဝတ်ဆင်လို့ရတဲ့ ထုတ်ကုန်ဖြစ်သလို အောင်မြင်မှုအများကြီးရခဲ့တဲ့ Apple Watch တွေဟာ ဈေးကွက်ထဲမှာ ဝယ်ယူသူစိတ်ကျေနပ်မှုအရှိဆုံး Smartwatch တစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။ Apple ရဲ့ Design ပိုင်းသေသပ်မှုနဲ့ ကောင်းမွန်တဲ့ Software ကိုပေါင်းစပ်ထားတာက Apple Watch တွေရဲ့ အဓိကအားသာချက်တစ်ခုပါ။ လှပသလို တစ်ကယ်လည်း အသုံးဝင်ပါတယ်။ watchOS 5 မှာတော့ အားကစားလှုပ်ရှားမှုတွေအတွက် ပြောင်းလဲမှု အသစ်တွေပါလာသလို Apple Watch အသုံးပြုသူအချင်းချင်း Walkie-Talkie လို ပြောလို့ရစေမယ့် စိတ်ဝင်စားစရာ Feature လည်းပါဝင်လာပါတယ်။ Apple Watch ပေါ်မှာ ပထမဦးဆုံးအနေနဲ့ Webpage တွေကို watchOS 5 မှာ ကြည့်လို့ရလာပါပြီ။ 

tvOS 12

Apple TV တွေက ဈေးကွက်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Device လေးတွေပါပဲ။ စိတ်ဝင်စားဖို့ကောင်းနေတာကလည်း Apple ရဲ့ tvOS ကြောင့်ပဲဖြစ်ပါတယ်။ tvOS 12 မှာတော့ နောက်ဆုံးထုတ်ထားတဲ့ Apple TV 4K အတွက် Aerial Screensaver လို Feature အသစ်အပြင် Dolby Atmos Audio နဲ့ Dolby Vision ကိုပါ အထောက်အပံ့ပေးလာပါပြီ။ 4K HDR ရုပ်ရှင်တွေကို ကြည့်တဲ့အခါ tvOS 12 ကြောင့် အရင်ကထက် ပိုအသက်ဝင်တဲ့ ခံစားမှုမျိုးကိုရနိုင်မှာဖြစ်ပါတယ်။ Apple TV ကို အခြား Device တွေနဲ့လည်း Control လုပ်နိုင်ဦးမှာဖြစ်ပါတယ်။ 

Apple မိတ်ဆက်သွားတဲ့ Software Update တွေအားလုံးက လာမယ့် စက်တင်ဘာလဝန်းကျင်မှ Update လုပ်လို့ရနိုင်မှာပါ။ လက်ရှိအချိန်မှာတော့ Developer Beta Version တွေကို Apple ကထုတ်ပေးထားပြီးဖြစ်ပါတယ်။ Public Beta တွေကိုတော့ နောက် နှစ်လလောက်နေရင် Apple ကထုတ်ပေးလာမယ်လို့ ခန့်မှန်းရပါတယ်။ iOS 12 ကစလို့ OS အသစ်တင်လိုက်ရင် ဖုန်းသုံးရတာလေးသွားတယ်ဆိုတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။