လက္ရွိအခ်ိန္မွာ Apple ရဲ႕ iPhone XS ၊ XS Max နဲ႔ iPhone XR ေတြကို ဝယ္လုိအားနည္းပါးတဲ့အတြက္ ထုတ္လုပ္မႈေတြကို ေလ်ာ႔ခ်ေနရတဲ့သတင္းေတြက အျမဲတမ္းကို ထြက္ေနတာပါ။ ဒါေပမယ့္ ၾကည့္ရတာ Apple က အခုလုိမ်ိဳး သတင္းထြက္ေနတာကို မေက်နပ္တဲ့ပံုစံပါပဲ။

iPhone XR

ဘာေၾကာင့္လဲဆုိရင္ Apple Product Marketing ရဲ႕ Vice President ျဖစ္တဲ့ Greg Joswiak ကေန CNET နဲ႔ ျပဳလုပ္ခဲ့တဲ့ Interview မွာ ေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ iPhone XR ဟာ စတင္ေရာင္းခ်တဲ့ေန႔ကေန စတင္ျပီးေတာ့ ယေန႔အခ်ိန္အထိ Popular အျဖစ္ဆံုး iPhone တစ္ခုလို႔ ေျဖရွင္းသြားခဲ့တာပါ။ ဒါေပမယ့္ ေအာင့္သက္သက္ႏုိင္စရာကိစၥတစ္ခုကေတာ့ ဘယ္ေလာက္ထိ ေအာင္ျမင္တယ္၊ ဘယ္ေလာက္ထိ ေရာင္းခ်ထားရတယ္ဆုိတာကိုေတာ့ အတိအက်ေျပာၾကားခဲ့ျခင္းမရွိတာပါ။

ဒီလုိေျပာၾကားခ်က္ဟာ Apple အတြက္ ပထမဆံုးအေနနဲ႔ ဒီႏွစ္ထုတ္ထားတဲ့ iPhone ေတြရဲ႕ ေရာင္းအားအေပၚကိုေျပာၾကားခ်က္ျဖစ္လာျပီးေတာ့ ထူးျခားတာကလည္း ဒီလုိေျပာတဲ့အခ်ိန္က လူတုိင္းက Analyst ေတြအကုန္လံုးက Apple iPhone XR က ထင္ထားတဲ့ေရာင္းအားကို မျပည့္မွီဘူးလုိ႔ ေျပာေနတဲ့အခ်ိန္ျဖစ္ေနတာပါ။ ေနာက္ျပီး iPhone XR ဟာ Apple အတြက္ ဘယ္လုိပဲ ေစ်းအသက္သာဆံုး iPhone ျဖစ္ေနေပမယ့္လည္း စတင္တဲ့ေစ်းျဖစ္တဲ့ ေဒၚလာ ၇၅၀ ဟာ ယခင္ကထြက္ရွိခဲ့တဲ့ iPhone ေတြအကုန္လံုးရဲ႕ စတင္တဲ့ Base Price ထက္ ပိုမ်ားေနပါေသးတယ္။

iPhone XR

Apple ဟာ ေနာက္ထပ္ေမးခြန္းထုတ္စရာအခ်က္ျဖစ္တဲ့ iPhone XS ၊ XS Max နဲ႔ iPhone XR ေတြကို ထုတ္လုပ္ေနမႈကို ေလ်ာ႔ခ်ေနတဲ့သတင္းကိုလည္း ျပန္လည္ေျဖရွင္းခဲ့ျခင္းမရွိပါဘူး။ အဲ့ဒီအျပင္ iPhone XR ကို ဂ်ပန္ႏုိင္ငံမွာ ေစ်းေလ်ာ႔တာေတြ၊ မႏွစ္က iPhone X ကို ျပန္ထုတ္ေနတာကိုလည္း ႏႈတ္ပတ္ေနပါေသးတယ္။

Apple iPhone XR ကို စတင္ေရာင္းခ်တုန္းကလည္း တန္းစီဝယ္ယူသူေတြက iPhone XS ေရာင္းတဲ့အခ်ိန္နဲ႔ ယွဥ္ရင္ အလြန္နည္းပါးေနတဲ့အတြက္ အခု Apple ရဲ႕ ေျပာၾကားခ်က္က အေသးစိတ္သတင္းထုတ္ျပန္မႈမရွိတဲ့အတြက္ လက္ရွိျဖစ္ေနတဲ့ iPhone အေပၚ မေကာင္းသတင္းေတြကို ျပန္လည္ေျခပတဲ့ အခြံသက္သက္စကားတစ္ခြန္းလားဆိုတာကေတာ့ ဆက္လက္ေမးခြန္းထုတ္စရာျဖစ္ေနပါေသးတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

လက်ရှိအချိန်မှာ Apple ရဲ့ iPhone XS ၊ XS Max နဲ့ iPhone XR တွေကို ဝယ်လိုအားနည်းပါးတဲ့အတွက် ထုတ်လုပ်မှုတွေကို လျော့ချနေရတဲ့သတင်းတွေက အမြဲတမ်းကို ထွက်နေတာပါ။ ဒါပေမယ့် ကြည့်ရတာ Apple က အခုလိုမျိုး သတင်းထွက်နေတာကို မကျေနပ်တဲ့ပုံစံပါပဲ။

iPhone XR

ဘာကြောင့်လဲဆိုရင် Apple Product Marketing ရဲ့ Vice President ဖြစ်တဲ့ Greg Joswiak ကနေ CNET နဲ့ ပြုလုပ်ခဲ့တဲ့ Interview မှာ ပြောကြားခဲ့တာဖြစ်ပြီးတော့ iPhone XR ဟာ စတင်ရောင်းချတဲ့နေ့ကနေ စတင်ပြီးတော့ ယနေ့အချိန်အထိ Popular အဖြစ်ဆုံး iPhone တစ်ခုလို့ ဖြေရှင်းသွားခဲ့တာပါ။ ဒါပေမယ့် အောင့်သက်သက်နိုင်စရာကိစ္စတစ်ခုကတော့ ဘယ်လောက်ထိ အောင်မြင်တယ်၊ ဘယ်လောက်ထိ ရောင်းချထားရတယ်ဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိတာပါ။

ဒီလိုပြောကြားချက်ဟာ Apple အတွက် ပထမဆုံးအနေနဲ့ ဒီနှစ်ထုတ်ထားတဲ့ iPhone တွေရဲ့ ရောင်းအားအပေါ်ကိုပြောကြားချက်ဖြစ်လာပြီးတော့ ထူးခြားတာကလည်း ဒီလိုပြောတဲ့အချိန်က လူတိုင်းက Analyst တွေအကုန်လုံးက Apple iPhone XR က ထင်ထားတဲ့ရောင်းအားကို မပြည့်မှီဘူးလို့ ပြောနေတဲ့အချိန်ဖြစ်နေတာပါ။ နောက်ပြီး iPhone XR ဟာ Apple အတွက် ဘယ်လိုပဲ စျေးအသက်သာဆုံး iPhone ဖြစ်နေပေမယ့်လည်း စတင်တဲ့စျေးဖြစ်တဲ့ ဒေါ်လာ ၇၅၀ ဟာ ယခင်ကထွက်ရှိခဲ့တဲ့ iPhone တွေအကုန်လုံးရဲ့ စတင်တဲ့ Base Price ထက် ပိုများနေပါသေးတယ်။

iPhone XR

Apple ဟာ နောက်ထပ်မေးခွန်းထုတ်စရာအချက်ဖြစ်တဲ့ iPhone XS ၊ XS Max နဲ့ iPhone XR တွေကို ထုတ်လုပ်နေမှုကို လျော့ချနေတဲ့သတင်းကိုလည်း ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအပြင် iPhone XR ကို ဂျပန်နိုင်ငံမှာ စျေးလျော့တာတွေ၊ မနှစ်က iPhone X ကို ပြန်ထုတ်နေတာကိုလည်း နှုတ်ပတ်နေပါသေးတယ်။

Apple iPhone XR ကို စတင်ရောင်းချတုန်းကလည်း တန်းစီဝယ်ယူသူတွေက iPhone XS ရောင်းတဲ့အချိန်နဲ့ ယှဉ်ရင် အလွန်နည်းပါးနေတဲ့အတွက် အခု Apple ရဲ့ ပြောကြားချက်က အသေးစိတ်သတင်းထုတ်ပြန်မှုမရှိတဲ့အတွက် လက်ရှိဖြစ်နေတဲ့ iPhone အပေါ် မကောင်းသတင်းတွေကို ပြန်လည်ခြေပတဲ့ အခွံသက်သက်စကားတစ်ခွန်းလားဆိုတာကတော့ ဆက်လက်မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com