[Zawgyi] 

Steve Jobs လို႔ေျပာလိုက္တာနဲ႔ သူဖန္တီးခဲ့တဲ့ Mac ၊ iPhone ၊ iPod နဲ႔ iPad ေတြကို အရင္ျမင္မိၾကမွာပါ။ Apple က အခုအခ်ိန္အထိ ရွိေနေပမယ့္ Steve Jobs ကေတာ့ လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္ေန႔မွာပဲ ပန္ကရိယကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ပါၿပီ။ 

Steve Jobs ရဲ႕ Palo Alto က ေနအိမ္

 

Steve Jobs ကို ၁၉၅၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ California ျပည္နယ္၊ San Francisco ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူ႔ကိုေမြးစားတဲ့ မိဘေတြနဲ႔အတူ California ျပည္နယ္၊ Palo Alto ၿမိဳ႕မွာပဲ ႀကီးျပင္းခဲ့တာပါ။ မကြယ္လြန္ခင္ ဆယ္စုႏွစ္တစ္ခုစာ ကင္ဆာေရာဂါကို ရင္ဆိုင္ခဲ့ရၿပီး အသက္ ၅၆ ႏွစ္မွာေတာ့ သူ႔ရဲ႕ Palo Alto က ေနအိမ္မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။ မကြယ္လြန္ခင္ တစ္ရက္အလို ေအာက္တိုဘာလ ၄ ရက္ေန႔မွာ Apple ရဲ႕ iPhone 4s မိတ္ဆက္ပြဲကို ေနအိမ္ ကုတင္ေပၚကေနပဲ ၾကည့္ႏိုင္ခဲ့ပါတယ္။ 

Steve Jobs က Mac နာမည္ကို Lisa ဆိုၿပီး သူ႔သမီးနာမည္အတိုင္း ေပးခဲ့တာပါ

Steve Jobs အေနနဲ႔ က်န္းမာေရးအေျခအေန က်ဆင္းလာတာေၾကာင့္ ၂၀၁၁ ခုႏွစ္ ၾသဂုတ္လ ၂၄ ရက္ေန႔မွာ Apple CEO ရာထူးကေန ႏႈတ္ထြက္ခဲ့ရပါတယ္။ သူ႔ရဲ႕ေနရာကို ဆက္ခံဖို႔အတြက္ Apple Board အဖြဲ႕သားေတြနဲ႔ သေဘာတူညီမႈရယူၿပီး Tim Cook ကို CEO အျဖစ္ ေရြးခ်ယ္ခဲ့တာပါ။ Steve Jobs ကြယ္လြန္ၿပီးေနာက္ပိုင္းမွာ Apple ရဲ႕ လက္ရွိ CEO ျဖစ္တဲ့ Tim Cook က “Apple အေနနဲ႔ အရာရာကို ႀကိဳတင္ေတြးျမင္ႏိုင္တဲ့ ပါရမီရွင္ ေခါင္းေဆာင္တစ္ဦး ဆံုး႐ႈံးခဲ့ရသလို ကမၻာႀကီးအေနနဲ႔လည္း အ့ံၾသဖို႔အေကာင္းဆံုး လူသားတစ္ဦး ဆံုးရံႈးခဲ့ရပါတယ္။ သူမရွိေတာ့ေပမယ့္ သူ႔ရဲ႕ ဝိညာဥ္က Apple နဲ႔အတူ ရွိေနဦးမွာပါ” လို႔ဆိုပါတယ္။ 

Steve Jobs ကိုယ္တိုင္ ေနာက္ဆံုး မိတ္ဆက္ေပးႏိုင္ခဲ့တဲ့ထုတ္ကုန္ကေတာ့ iPad 2 ပါ။ iPhone 4s နဲ႔ ေနာက္ထြက္တဲ့ ထုတ္ကုန္ေတြကိုေတာ့ Steve Jobs ဟာ ကိုယ္တိုင္ မိတ္မဆက္ႏိုင္ခဲ့သလို ကိုယ္တိုင္ ျမင္ေတြ႕ခြင့္လည္း မရခဲ့ပါဘူး။ လက္ရွိ iPhone ေတြမွာေတြ႕ရတဲ့ iOS နဲ႔ Mac ေတြမွာ ေတြ႕ရတဲ့ macOS ေတြကိုလည္း Steve Jobs ဦးေဆာင္ၿပီး ဖန္တီးေပးခဲ့တာ့ပါ။

Steve Jobs with iPad First Generation

Steve Jobs ရဲ႕ အေတြးကေတာ့ ထုတ္ကုန္တိုိင္းက အသံုးျပဳသူေတြအတြက္ အလြယ္တကူသံုးႏိုင္ရမယ္၊ ႐ႈပ္ေထြးေနတာေတြ မပါရဘူးဆိုတဲ့အေတြးေတြကိုပဲ အေျခခံၿပီး ဖန္တီးေပးထားတာေၾကာင့္ Apple ထုတ္ကုန္ေတြအားလံုက Design ပိုင္းမွာလည္း ႐ိုးရွင္းသလို Software ပုိင္းမွာလည္း သံုးရတာ လြယ္ကူေနတာပါ။ 

Steve Jobs with iPhone

Tim Cook ေျပာသလိုပဲ Steve Jobs ရဲ႕ စိတ္ကူးစိတ္သန္းေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ Apple Device ေတြထဲမွာေတာ့ သူ႔ရဲ႕ အေငြ႕အသက္ေတြ၊ သူဖန္တီးခဲ့တဲ့ လက္ရာေတြနဲ႔ အသံုးျပဳရတဲ့အေတြ႕အႀကံဳကို အခုအခ်ိန္အထိ ရေနတုန္းပါပဲ။ Steve Jobs ေၾကာင့္ပဲ သီခ်င္းေတြဝယ္ယူနားေထာင္ပံု၊ ကြန္ပ်ဴတာအသံုးျပဳပံုနဲ႔ ဖုန္းေတြအေပၚ ႀကီးမားတဲ့အေျပာင္းအလဲေတြျဖစ္ေပၚေစခဲ့ပါတယ္။ Apple က သူတို႔ Website မွာေဖာ္ျပထားပံုအရ Apple ထုတ္ကုန္တစ္ခုခုဝယ္ကိုင္ဖူးတဲ့သူဆိုရင္ Steve Jobs နဲ႔ ပတ္သက္ဖူးတဲ့လူတစ္ေယာက္လို႔ ယူဆလို႔ရပါတယ္တဲ့။ သင္ေရာ Apple Device တစ္ခုခု သံုးဖူးသလား၊ အခုေရာ သံုးေနေသးလား။ 

Ref: Wikipedia | Forbes | Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple Inc. ကို တည်ထောင်ခဲ့သူ Steve Jobs ကွယ်လွန်တာ ၇ နှစ်ပြည့်ခဲ့ပြီ

Steve Jobs လို့ပြောလိုက်တာနဲ့ သူဖန်တီးခဲ့တဲ့ Mac ၊ iPhone ၊ iPod နဲ့ iPad တွေကို အရင်မြင်မိကြမှာပါ။ Apple က အခုအချိန်အထိ ရှိနေပေမယ့် Steve Jobs ကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာပဲ ပန်ကရိယကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။

Steve Jobs ရဲ့ Palo Alto က နေအိမ်

 

Steve Jobs ကို ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ California ပြည်နယ်၊ San Francisco မြို့မှာ မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကိုမွေးစားတဲ့ မိဘတွေနဲ့အတူ California ပြည်နယ်၊ Palo Alto မြို့မှာပဲ ကြီးပြင်းခဲ့တာပါ။ မကွယ်လွန်ခင် ဆယ်စုနှစ်တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ရပြီး အသက် ၅၆ နှစ်မှာတော့ သူ့ရဲ့ Palo Alto က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မကွယ်လွန်ခင် တစ်ရက်အလို အောက်တိုဘာလ ၄ ရက်နေ့မှာ Apple ရဲ့ iPhone 4s မိတ်ဆက်ပွဲကို နေအိမ် ကုတင်ပေါ်ကနေပဲ ကြည့်နိုင်ခဲ့ပါတယ်။ 

Steve Jobs က Mac နာမည်ကို Lisa ဆိုပြီး သူ့သမီးနာမည်အတိုင်း ပေးခဲ့တာပါ

Steve Jobs အနေနဲ့ ကျန်းမာရေးအခြေအနေ ကျဆင်းလာတာကြောင့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ Apple CEO ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ သူ့ရဲ့နေရာကို ဆက်ခံဖို့အတွက် Apple Board အဖွဲ့သားတွေနဲ့ သဘောတူညီမှုရယူပြီး Tim Cook ကို CEO အဖြစ် ရွေးချယ်ခဲ့တာပါ။ Steve Jobs ကွယ်လွန်ပြီးနောက်ပိုင်းမှာ Apple ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Tim Cook က “Apple အနေနဲ့ အရာရာကို ကြိုတင်တွေးမြင်နိုင်တဲ့ ပါရမီရှင် ခေါင်းဆောင်တစ်ဦး ဆုံးရှုံးခဲ့ရသလို ကမ္ဘာကြီးအနေနဲ့လည်း အံ့သြဖို့အကောင်းဆုံး လူသားတစ်ဦး ဆုံးရှုံးခဲ့ရပါတယ်။ သူမရှိတော့ပေမယ့် သူ့ရဲ့ ဝိညာဉ်က Apple နဲ့အတူ ရှိနေဦးမှာပါ” လို့ဆိုပါတယ်။

Steve Jobs ကိုယ်တိုင် နောက်ဆုံး မိတ်ဆက်ပေးနိုင်ခဲ့တဲ့ထုတ်ကုန်ကတော့ iPad 2 ပါ။ iPhone 4s နဲ့ နောက်ထွက်တဲ့ ထုတ်ကုန်တွေကိုတော့ Steve Jobs ဟာ ကိုယ်တိုင် မိတ်မဆက်နိုင်ခဲ့သလို ကိုယ်တိုင် မြင်တွေ့ခွင့်လည်း မရခဲ့ပါဘူး။ လက်ရှိ iPhone တွေမှာတွေ့ရတဲ့ iOS နဲ့ Mac တွေမှာ တွေ့ရတဲ့ macOS တွေကိုလည်း Steve Jobs ဦးဆောင်ပြီး ဖန်တီးပေးခဲ့တာ့ပါ။

Steve Jobs with iPad First Generation

Steve Jobs ရဲ့ အတွေးကတော့ ထုတ်ကုန်တိုင်းက အသုံးပြုသူတွေအတွက် အလွယ်တကူသုံးနိုင်ရမယ်၊ ရှုပ်ထွေးနေတာတွေ မပါရဘူးဆိုတဲ့အတွေးတွေကိုပဲ အခြေခံပြီး ဖန်တီးပေးထားတာကြောင့် Apple ထုတ်ကုန်တွေအားလုံက Design ပိုင်းမှာလည်း ရိုးရှင်းသလို Software ပိုင်းမှာလည်း သုံးရတာ လွယ်ကူနေတာပါ။

Steve Jobs with iPhone

Tim Cook ပြောသလိုပဲ Steve Jobs ရဲ့ စိတ်ကူးစိတ်သန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ Apple Device တွေထဲမှာတော့ သူ့ရဲ့ အငွေ့အသက်တွေ၊ သူဖန်တီးခဲ့တဲ့ လက်ရာတွေနဲ့ အသုံးပြုရတဲ့အတွေ့အကြုံကို အခုအချိန်အထိ ရနေတုန်းပါပဲ။ Steve Jobs ကြောင့်ပဲ သီချင်းတွေဝယ်ယူနားထောင်ပုံ၊ ကွန်ပျူတာအသုံးပြုပုံနဲ့ ဖုန်းတွေအပေါ် ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်စေခဲ့ပါတယ်။ Apple က သူတို့ Website မှာဖော်ပြထားပုံအရ Apple ထုတ်ကုန်တစ်ခုခုဝယ်ကိုင်ဖူးတဲ့သူဆိုရင် Steve Jobs နဲ့ ပတ်သက်ဖူးတဲ့လူတစ်ယောက်လို့ ယူဆလို့ရပါတယ်တဲ့။ သင်ရော Apple Device တစ်ခုခု သုံးဖူးသလား၊ အခုရော သုံးနေသေးလား။

Ref: Wikipedia | Forbes | Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။