လူတိုင္းေငးေမာၾကရမယ့္ Apple ရဲ႕ iCar

ေမာင္းသူမဲ့ကားေလာကမွာ အစတုန္းကေတာ့ Apple က Software ပိုင္းကိုပဲတာဝန္ယူလုပ္ေဆာင္ေပးမလိုနဲဲဲ႔႔႔ ေနာက္ပိုင္းမွာေတာ့ ကိုယ္တိုင္ေမာင္းသူမဲ့ကားထုုုတ္လုပ္ဖို႔ ျပင္ဆင္ေနပါၿပီ။ ဒါက ကားေစ်းကြက္တစ္ခုလံုးကို တုန္လႈပ္ေျခာက္ျခားေစပါတယ္။ Apple က ေမာင္းသူမဲ့ကားေလာကကို ၂၀၁၃၊ ၂၀၁၄ ခုႏွစ္ကတည္း တိုးတိုးတိတ္တိတ္ဝင္ေရာက္ေနတယ္ဆိုေပမယ့္တရားဝင္ေၾကျငာခဲ့တာကေတာ့ မၾကာေသးပါဘူး။ သူတို႔ရဲ႕ ေမာင္းသူမဲ့ကားပရိုဂ်က္ကို “Project Titan” လို႔ေခၚပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္မွာ သူတို႔ရဲ႕ေမာင္းသူမဲ့ကားကို တရားဝင္စမ္းသပ္ႏိုင္ဖို႔အတြက္ ျပည္နယ္အစိုးရရဲ႕ဆီကို တရားဝင္စာတင္ရပါတယ္။ Appleက သူတို႔ရဲ႕ေမာင္းသူမဲ့ကားပရိုဂ်က္ကို “Project Titan” အမည္နဲ႔စာတင္ခဲ့ၿပီး သႀကၤန္အက်ေန႔တုန္းက တရားဝင္ခြင့္ျပဳခ်က္ရခဲ့ပါၿပီ။

Apple ကလည္း သူတို႔ရဲ႕ကားပရိုဂ်က္အတြက္ ကၽြမ္းက်င္အင္ဂ်င္နီယာ အေယာက္ ၁၀၀၀ ေက်ာ္ကို ငွားရမ္းေနပါတယ္။ အေတာ္ဆံုးေတာ္ကိုေရြးခ်ယ္ေနသလို ၿပိဳင္ဖက္ကုမၸဏီေတြက အင္ဂ်င္နီယာေတြကိုလည္း Apple ရဲ႕ ပရိုဂ်က္မွာပူးေပါင္းလုပ္ကိုင္ဖို႔ ကမ္းလွမ္းမႈ ေတြရွိေနပါတယ္။

Apple ရဲ႕ကားအေၾကာင္းကို တစ္စြန္းတစ္စ စၾကားရတာက လြန္ခဲ့တဲ့သံုးႏွစ္ေလာက္တုန္းကပါ။ သူတို႔ကားကို စမ္းသပ္တယ္ဆိုတာနဲ႔ ခ်က္ျခင္းထုတ္ၿပီးေရာင္းမယ္ဆိုတာကေတာ့ မျဖစ္ႏိုင္ေသးပါဘူး။ ေလ့လာစမ္းသပ္မႈေတြအမ်ားႀကီး လုပ္ရပါဦးမယ္။ အခုအခ်ိန္ ကားေလာကေျပာင္းလဲေစမယ့္ နည္းပညာကႏွစ္ခုပဲရွိပါတယ္။ Electrification လို႔ေခၚတဲ့ လွ်ပ္စစ္ကားလုပ္မလား။ မဟုတ္ရင္ Self-driving လို႔ေခၚတဲ့ ေမာင္းသူမဲ့ကားလုပ္မွာလားႏွစ္မ်ိဳးပဲရွိပါတယ္။ Apple အေနနဲ႔ ေမာင္းသူမဲ့လွ်ပ္စစ္ကားလုပ္ၿပီး ေစ်းကြက္ကိုႀကီးစိုးႏိုင္ဖို႔ ႀကိဳးစားမွာပါ။ လွ်ပ္စစ္ကား ေတြရဲ႕အဓိကျပႆနာကေတာ့ အားသြင္းဖို႔ေနရာပါ။ ဓါတ္ဆီဆုိင္ေတြလို ဘတၳရီအား သြင္းဖို႔ေနရာ ေပါေပါမ်ားမ်ားရွိဖို႔လိုအပ္ပါတယ္။ Google ကလည္း ေမာင္းသူမဲ့ကား စမ္းသပ္ေနတာၾကာျမင့္ေနၿပီဆိုေပမယ့္ ထုတ္လုပ္တဲ့အဆင့္အထိေတာ့ ေရာက္မလာေသးပါဘူး။ ဒါေပမယ့္ Apple ကေတာ့ ေျခလွမ္းက်ဲပါတယ္။ အခုေတာင္ BlackBerry ရဲ႕ Automotive Software အႀကီးအကဲကို “Project Titan” အတြက္ငွားရမ္းၿပီးပါၿပီ။

အခုစမ္းသပ္ေနတဲ့ကားဆိုတာ

Apple ထုတ္လုပ္မယ့္ကားဟာ လံုးဝအလိုအေလ်ာက္စနစ္ တစ္ခုျဖစ္မလားဆိုတာကေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ လက္ရွိစမ္းသပ္ေနတာကေတာ့ အလိုအေလ်ာက္ေမာင္း ႏွင္ႏိုင္မႈ အဆင့္ (၅) နဲ႔ပါ။ အလိုအေလ်ာက္ေမာင္းႏွင္ေနတာကေန လိုအပ္ရင္လူ သားထိန္းခ်ဳပ္မႈေအာက္ကို ျပန္ထားလို႔ရသလို အေဝးကေနထိန္းခ်ဳပ္ေမာင္းႏွင္လို႔ရပါတယ္။ ကၽြန္ေတာ္တို႔ Remote Control နဲ႔ကားေမာင္းသလိုေပ့ါ။

ျပည္နယ္အစိုးရဆီကို ျဖည့္သြင္းရတဲ့ေဖာင္မွာေတာ့ သူတို႔အေနနဲ႔ လက္ကိုင္ Steering စနစ္၊ အရွိန္ျမွင့္ျခင္း၊ အရွိန္ေလ်ာ့ျခင္းနဲ႔ ေရြ႕လ်ားေမာင္းႏွင္မႈအမ်ိဳးအမ်ိဳးကို စမ္းသပ္ဖို႔ဆိုၿပီး တရားဝင္ ေရးသားထားပါတယ္။ အေၾကာင္းတစ္စံုတစ္ရာျဖစ္ေပၚလာၿပီဆိုတာနဲ႔ ေမာင္းႏွင္သူက Logitech လက္ကိုင္ကိုကိုင္ၿပီး အခ်ိန္မေရြးထိန္းခ်ဳပ္ႏိုင္ပါတယ္။ လက္ရွိသတင္းေတြအရေတာ့ Apple ရဲ႕ကားကို စမ္းသပ္ေမာင္းႏွင္သူေတြဟာ အမ်ားျပည္သူပိုင္လမ္းမႀကီးေတြမွာေမာင္းႏွင္ဖို႔ သင္တန္း ၇ ခုကိုတက္ေရာက္ရသလို ေလ့က်င့္မႈႏွစ္ခုျပဳလုပ္ရတယ္လို႔သိရပါတယ္။ ေလ့က်င့္မႈတစ္ခုကို သံုးႀကိမ္စီျပဳလုပ္ရ တယ္လို႔လည္း ဆိုပါတယ္။

“Project Titan” ဆိုတာက က Apple ရဲ႕ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ျဖစ္တာေၾကာင့္ တရားဝင္သတင္းထုတ္ျပန္ခ်က္ေတြ မျပဳလုပ္ပါဘူး။ ဒါေပမယ့္္ သတင္းတိုင္းကို ဖံုးထားဖို႔ဆို တာကလည္းမလြယ္ပါဘူး။

အခုအခ်ိန္မွာေတာ့ Apple ဟာ ကားေလာကကိုတီထြင္ဆန္းသစ္ဖို႔ ႀကိဳးစားေနတဲ့Tesla Motor နဲ႔အၿပိဳင္ျဖစ္ေနပါၿပီ။ Bloomberg ရဲ႕အဆိုအရေတာ့ Apple ဟာ ၂၀၂၀ အမီ သူတို႔ရဲ႕ကားကို ထုတ္ေရာင္းမွာျဖစ္သလို CNBC ကလည္း Apple ရဲ႕ကားေတြကို ၂၀၂၁ မတိုင္ခင္ ေတြ႔ျမင္ရႏိုင္ပါတယ္တဲ့။ ျမန္မာႏိုင္ငံကိုေရာ Apple ရဲ႕ကားေတြေရာက္လာတဲ့အခ်ိ္န္က်ရင္ ပထမဆံုးစီးတဲ့သူကို ကၽြန္ေတာ္တို႔ ေငးေမာရပါဦးမယ္။ ပထမဆံုး iPhone ထြက္တုန္း ကလိုေပါ့။ ေငြေၾကးတတ္ႏိုင္တဲ့သူေတြ ခ်စ္သူကို iPhone လက္ေဆာင္ေပးတာကေန iCar ေပးမွတင့္တယ္ တယ္ဆိုၿပီးျဖစ္လာပါေတာ့မယ္။ အဲ့ဒီအခ်ိန္က်ရင္ေတာ့ iCar စီးႏိုင္ရင္ အေကာင္ပဲေပါ့ဗ်ာ။

Ref: CNBC News, Bloomberg News, Interview with PC Magazine Editor-in-Chief

မင္းသုခ (အခရာ)

(www.akhayar.com)

(Unicode)

လူတိုင်းငေးမောကြရမယ့် Apple ရဲ့ iCar

မောင်းသူမဲ့ကားလောကမှာ အစတုန်းကတော့ Apple က Software ပိုင်းကိုပဲတာဝန်ယူလုပ်ဆောင်ပေးမလိုနဲဲ့ နောက်ပိုင်းမှာတော့ ကိုယ်တိုင်မောင်းသူမဲ့ကားထုုုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒါက ကားဈေးကွက်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေပါတယ်။ Apple က မောင်းသူမဲ့ကားလောကကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်ကတည်း တိုးတိုးတိတ်တိတ်ဝင်ရောက်နေတယ်ဆိုပေမယ့်တရားဝင်ကြေငြာခဲ့တာကတော့ မကြာသေးပါဘူး။ သူတို့ရဲ့ မောင်းသူမဲ့ကားပရိုဂျက်ကို “Project Titan” လို့ခေါ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ သူတို့ရဲ့မောင်းသူမဲ့ကားကို တရားဝင်စမ်းသပ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ဆီကို တရားဝင်စာတင်ရပါတယ်။ Appleက သူတို့ရဲ့မောင်းသူမဲ့ကားပရိုဂျက်ကို “Project Titan” အမည်နဲ့စာတင်ခဲ့ပြီး သင်္ကြန်အကျနေ့တုန်းက တရားဝင်ခွင့်ပြုချက်ရခဲ့ပါပြီ။

Apple ကလည်း သူတို့ရဲ့ကားပရိုဂျက်အတွက် ကျွမ်းကျင်အင်ဂျင်နီယာ အယောက် ၁၀၀၀ ကျော်ကို ငှားရမ်းနေပါတယ်။ အတော်ဆုံးတော်ကိုရွေးချယ်နေသလို ပြိုင်ဖက်ကုမ္ပဏီတွေက အင်ဂျင်နီယာတွေကိုလည်း Apple ရဲ့ ပရိုဂျက်မှာပူးပေါင်းလုပ်ကိုင်ဖို့ ကမ်းလှမ်းမှု တွေရှိနေပါတယ်။

Apple ရဲ့ကားအကြောင်းကို တစ်စွန်းတစ်စ စကြားရတာက လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းကပါ။ သူတို့ကားကို စမ်းသပ်တယ်ဆိုတာနဲ့ ချက်ခြင်းထုတ်ပြီးရောင်းမယ်ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ လေ့လာစမ်းသပ်မှုတွေအများကြီး လုပ်ရပါဦးမယ်။ အခုအချိန် ကားလောကပြောင်းလဲစေမယ့် နည်းပညာကနှစ်ခုပဲရှိပါတယ်။ Electrification လို့ခေါ်တဲ့ လျှပ်စစ်ကားလုပ်မလား။ မဟုတ်ရင် Self-driving လို့ခေါ်တဲ့ မောင်းသူမဲ့ကားလုပ်မှာလားနှစ်မျိုးပဲရှိပါတယ်။ Apple အနေနဲ့ မောင်းသူမဲ့လျှပ်စစ်ကားလုပ်ပြီး ဈေးကွက်ကိုကြီးစိုးနိုင်ဖို့ ကြိုးစားမှာပါ။ လျှပ်စစ်ကား တွေရဲ့အဓိကပြဿနာကတော့ အားသွင်းဖို့နေရာပါ။ ဓါတ်ဆီဆိုင်တွေလို ဘတ္ထရီအား သွင်းဖို့နေရာ ပေါပေါများများရှိဖို့လိုအပ်ပါတယ်။ Google ကလည်း မောင်းသူမဲ့ကား စမ်းသပ်နေတာကြာမြင့်နေပြီဆိုပေမယ့် ထုတ်လုပ်တဲ့အဆင့်အထိတော့ ရောက်မလာ သေးပါဘူး။ ဒါပေမယ့် Apple ကတော့ ခြေလှမ်းကျဲပါတယ်။ အခုတောင် BlackBerry ရဲ့ Automotive Software အကြီးအကဲကို “Project Titan” အတွက်ငှားရမ်းပြီးပါပြီ။

အခုစမ်းသပ်နေတဲ့ကားဆိုတာ

Apple ထုတ်လုပ်မယ့်ကားဟာ လုံးဝအလိုအလျောက်စနစ် တစ်ခုဖြစ်မလားဆိုတာကတော့ သေသေချာချာ မသိရသေးပါဘူး။ လက်ရှိစမ်းသပ်နေတာကတော့ အလိုအလျောက်မောင်း နှင်နိုင်မှု အဆင့် (၅) နဲ့ပါ။ အလိုအလျောက်မောင်းနှင်နေတာကနေ လိုအပ်ရင်လူ သားထိန်းချုပ်မှုအောက်ကို ပြန်ထားလို့ရသလို အဝေးကနေထိန်းချုပ်မောင်းနှင်လို့ရပါတယ်။ ကျွန်တော်တို့ Remote Control နဲ့ကားမောင်းသလိုပေ့ါ။

ပြည်နယ်အစိုးရဆီကို ဖြည့်သွင်းရတဲ့ဖောင်မှာတော့ သူတို့အနေနဲ့ လက်ကိုင် Steering စနစ်၊ အရှိန်မြှင့်ခြင်း၊ အရှိန်လျော့ခြင်းနဲ့ ရွေ့လျားမောင်းနှင်မှုအမျိုးအမျိုးကို စမ်းသပ်ဖို့ဆိုပြီး တရားဝင် ရေးသားထားပါတယ်။ အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုတာနဲ့ မောင်းနှင်သူက Logitech လက်ကိုင်ကိုကိုင်ပြီး အချိန်မရွေးထိန်းချုပ်နိုင်ပါတယ်။ လက်ရှိသတင်းတွေအရတော့ Apple ရဲ့ကားကို စမ်းသပ်မောင်းနှင်သူတွေဟာ အများပြည်သူပိုင်လမ်းမကြီးတွေမှာမောင်းနှင်ဖို့ သင်တန်း ၇ ခုကိုတက်ရောက်ရသလို လေ့ကျင့်မှုနှစ်ခုပြုလုပ်ရတယ်လို့သိရပါတယ်။ လေ့ကျင့်မှုတစ်ခုကို သုံးကြိမ်စီပြုလုပ်ရ တယ်လို့လည်း ဆိုပါတယ်။

“Project Titan” ဆိုတာက က Apple ရဲ့ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တာကြောင့် တရားဝင်သတင်းထုတ်ပြန်ချက်တွေ မပြုလုပ်ပါဘူး။ ဒါပေမယ့်် သတင်းတိုင်းကို ဖုံးထားဖို့ဆို တာကလည်းမလွယ်ပါဘူး။

အခုအချိန်မှာတော့ Apple ဟာ ကားလောကကိုတီထွင်ဆန်းသစ်ဖို့ ကြိုးစားနေတဲ့Tesla Motor နဲ့အပြိုင်ဖြစ်နေပါပြီ။ Bloomberg ရဲ့အဆိုအရတော့ Apple ဟာ ၂၀၂၀ အမီ သူတို့ရဲ့ကားကို ထုတ်ရောင်းမှာဖြစ်သလို CNBC ကလည်း Apple ရဲ့ကားတွေကို ၂၀၂၁ မတိုင်ခင် တွေ့မြင်ရနိုင်ပါတယ်တဲ့။ မြန်မာနိုင်ငံကိုရော Apple ရဲ့ကားတွေရောက်လာတဲ့အချိန်ကျရင် ပထမဆုံးစီးတဲ့သူကို ကျွန်တော်တို့ ငေးမောရပါဦးမယ်။ ပထမဆုံး iPhone ထွက်တုန်း ကလိုပေါ့။ ငွေကြေးတတ်နိုင်တဲ့သူတွေ ချစ်သူကို iPhone လက်ဆောင်ပေးတာကနေ iCar ပေးမှတင့်တယ် တယ်ဆိုပြီးဖြစ်လာပါတော့မယ်။ အဲ့ဒီအချိန်ကျရင်တော့ iCar စီးနိုင်ရင် အကောင်ပဲပေါ့ဗျာ။

Ref: CNBC News, Bloomberg News, Interview with PC Magazine Editor-in-Chief

မင်းသုခ (အခရာ)

(www.akhayar.com)