[Zawgyi] 

Steve Jobs ရဲ႕ ဖန္တီးမႈေတြထဲကတစ္ခုျဖစ္တဲ့ Apple I Computer ကေတာ့ Apple ရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အခုလက္ရွိ iMac ေတြရဲ႕ အခ်ိန္ကိုမေရာက္ခင္ အစပ်ိဳးခဲ့တဲ့ထုတ္ကုန္လို႔ေျပာရင္ မမွားပါဘူး။ Apple I Computer ကိုေတာ့ Steve Jobs နဲ႔ Steve Wozniak တို႔ႏွစ္ဦး ပူးေပါင္းဖန္တီးခဲ့တာျဖစ္သလို Apple ရဲ႕ သမိုင္းဝင္ Computer Model တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ အခုေတာ့ ပစၥည္းအေဟာင္းေတြထဲမွာ ေစ်းႀကီးတဲ့စာရင္းထဲ ပါလာၿပီျဖစ္ပါတယ္။ 

Apple I Computer

Steve Jobs နဲ႔ Steve Wozniak တို႔က ၁၉၇၀ ႏွစ္လည္ပိုင္းဝန္းက်င္မွာ Apple I Computer အလံုးေပါင္း ၂၀၀ ဝန္းက်င္ေလာက္ ထုတ္လုပ္ခဲ့ပါတယ္။ အဲ့ဒီအဲက အလံုး ၆၀ ေလာက္ကေတာ့ အေကာင္းအတိုင္း ဒီေန႔အထိ ရွိေနေသးတယ္လို႔ သိရပါတယ္။ ဒီ Apple I Computer ေတြက ရွားပါးပစၥည္းစာရင္းဝင္ေနၿပီျဖစ္သလို Apple ရဲ႕ သမိုင္းမွာ အမွတ္အသားတစ္ခုျဖစ္တဲ့ ထုတ္ကုန္တစ္ခုအေနနဲ႔ ရွိေနတာေၾကာင့္ အခုလို ေစ်းႀကီးႀကီးနဲ႔ တင္ေရာင္းေနၾကတာပါ။ 

Steve Jobs On Stage

အခုေရာင္းခ်မယ့္ Model ကေတာ့ Byte Shop Apple I ပဲျဖစ္ပါတယ္။ Jobs နဲ႔ Wozniak တို႔ႏွစ္ဦးပူးေပါင္း ဖန္တီခဲ့ၾကတဲ့ အလံုး ၅၀ ထဲကျဖစ္ၿပီး Mountain View, California မွာရွိတဲ့ Byte Shop အတြက္ထုတ္ခဲ့တာပါ။ Byte Shop ကေတာ့ တစ္ကိုယ္ရည္သံုး Computer ေတြေရာင္းခ်တဲ့ ပထမဦးဆံုးဆို္င္ေတြထဲက တစ္ဆိုင္ပဲျဖစ္ပါတယ္။

Byte Shop, Mountain View

Byte Shop Apple I ကို ေရာင္းခ်မယ့္ ေစ်းကေတာ့ $3000,000 လို႔ သတ္မွတ္ထားတာပါ။ လက္ရွိ ေဒၚလာေစ်းအရ ခန္႔မွန္းျမန္မာေငြ သိန္း ၄၆၀၀ ဝန္းက်င္းရွိပါတယ္။ ျမန္မာႏိုင္ငံအပါအဝင္ တျခားႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဒီေငြပမာဏဟာ အိမ္တစ္လံုးဝယ္လို႔ရသလို၊ တန္ဖိုးႀကီး ဇိမ္ခံကား ဒါမွမဟုတ္ တျခားတန္ဖိုးႀကီးပစၥည္းအေတာ္မ်ားမ်ားကို ဝယ္လို႔ရပါတယ္။ 

Apple-1 Computer Logic Board

ေရာင္းခ်မယ့္ Apple I Computer ကေတာ့ အခုအခ်ိန္မွာ အသံုးျပဳလို႔ရေသးတယ္ဆိုေပမယ့္ ဒီဖက္ေခတ္ Computer ေတြကိုေတာ့ လိုက္မမီွေတာ့ပါဘူး။ ဒါေပမယ့္ ၁၉၇၆ ခုႏွစ္က Apple Computer ေတြကို ျမတ္ႏိုးလို႔ သမိုင္းဝင္အမွတ္တရပစၥည္းတစ္ခုအျဖစ္ သိမ္းဆည္းထိမ္းသိမ္းခ်င္သူေတြအတြက္ေတာ့ ေစ်းမ်ားတယ္ဆိုေပမယ့္ မက္ေမာစရာပါပဲ။ 

Ref: Cnet

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Steve Jobs ရဲ့ ဖန်တီးမှုတွေထဲကတစ်ခုဖြစ်တဲ့ Apple I Computer ကတော့ Apple ရဲ့ သမိုင်းတစ်လျှောက်မှာ အခုလက်ရှိ iMac တွေရဲ့ အချိန်ကိုမရောက်ခင် အစပျိုးခဲ့တဲ့ထုတ်ကုန်လို့ပြောရင် မမှားပါဘူး။ Apple I Computer ကိုတော့ Steve Jobs နဲ့ Steve Wozniak တို့နှစ်ဦး ပူးပေါင်းဖန်တီးခဲ့တာဖြစ်သလို Apple ရဲ့ သမိုင်းဝင် Computer Model တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ ပစ္စည်းအဟောင်းတွေထဲမှာ ဈေးကြီးတဲ့စာရင်းထဲ ပါလာပြီဖြစ်ပါတယ်။ 

Apple I Computer

Steve Jobs နဲ့ Steve Wozniak တို့က ၁၉၇၀ နှစ်လည်ပိုင်းဝန်းကျင်မှာ Apple I Computer အလုံးပေါင်း ၂၀၀ ဝန်းကျင်လောက် ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအဲက အလုံး ၆၀ လောက်ကတော့ အကောင်းအတိုင်း ဒီနေ့အထိ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီ Apple I Computer တွေက ရှားပါးပစ္စည်းစာရင်းဝင်နေပြီဖြစ်သလို Apple ရဲ့ သမိုင်းမှာ အမှတ်အသားတစ်ခုဖြစ်တဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ ရှိနေတာကြောင့် အခုလို ဈေးကြီးကြီးနဲ့ တင်ရောင်းနေကြတာပါ။ 

Steve Jobs On Stage

အခုရောင်းချမယ့် Model ကတော့ Byte Shop Apple I ပဲဖြစ်ပါတယ်။ Jobs နဲ့ Wozniak တို့နှစ်ဦးပူးပေါင်း ဖန်တီခဲ့ကြတဲ့ အလုံး ၅၀ ထဲကဖြစ်ပြီး Mountain View, California မှာရှိတဲ့ Byte Shop အတွက်ထုတ်ခဲ့တာပါ။ Byte Shop ကတော့ တစ်ကိုယ်ရည်သုံး Computer တွေရောင်းချတဲ့ ပထမဦးဆုံးဆိုင်တွေထဲက တစ်ဆိုင်ပဲဖြစ်ပါတယ်။

Byte Shop, Mountain View

Byte Shop Apple I ကို ရောင်းချမယ့် ဈေးကတော့ $3000,000 လို့ သတ်မှတ်ထားတာပါ။ လက်ရှိ ဒေါ်လာဈေးအရ ခန့်မှန်းမြန်မာငွေ သိန်း ၄၆၀၀ ဝန်းကျင်းရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတော်တော်များများမှာ ဒီငွေပမာဏဟာ အိမ်တစ်လုံးဝယ်လို့ရသလို၊ တန်ဖိုးကြီး ဇိမ်ခံကား ဒါမှမဟုတ် တခြားတန်ဖိုးကြီးပစ္စည်းအတော်များများကို ဝယ်လို့ရပါတယ်။ 

Apple-1 Computer Logic Board

ရောင်းချမယ့် Apple I Computer ကတော့ အခုအချိန်မှာ အသုံးပြုလို့ရသေးတယ်ဆိုပေမယ့် ဒီဖက်ခေတ် Computer တွေကိုတော့ လိုက်မမှီတော့ပါဘူး။ ဒါပေမယ့် ၁၉၇၆ ခုနှစ်က Apple Computer တွေကို မြတ်နိုးလို့ သမိုင်းဝင်အမှတ်တရပစ္စည်းတစ်ခုအဖြစ် သိမ်းဆည်းထိမ်းသိမ်းချင်သူတွေအတွက်တော့ ဈေးများတယ်ဆိုပေမယ့် မက်မောစရာပါပဲ။ 

Ref: Cnet

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။