Apple HomePod
Apple HomePod
Apple HomePod
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Apple ရဲ့ HomePod Speaker ဟာ ကြေညာခဲ့ပြီး အချိန်တော်တော်ကြာမှ ရောင်းချနိုင်ခဲ့တဲ့ Apple အတွက် ပထမဆုံး Smart Speaker တစ်ခုဖြစ်ခဲ့သလို ရောင်းချတဲ့အချိန်မှာလည်း ကြေညာထားတုန်းက Features တွေအတော်များများပါဝင်ခြင်းမရှိခဲ့ပါဘူး။
Apple HomePod
အခုနောက်ပိုင်းမှာမှ Apple ကနေ HomePod Speaker ကို Software Update တွေကနေ တစ်ဆင့် Features Update တွေ ပြုလုပ်ပေးနေပေမယ့် လောလောဆယ်အထိတောင် လိုအပ်နေတဲ့ Feature တွေ အများအပြားကျန်ရှိနေတုန်းပဲဖြစ်ပါတယ်။ ဥပမာ အားဖြင့် HomePod မှာ Mic နဲ့ Speaker ပါဝင်ပေမယ့် HomePod ကနေ ဖုန်းခေါ်ဆိုနိုင်ခြင်းမရှိသေးပဲ iPhone ကနေ ဖုန်းခေါ်ပြီးမှာ Bluetooth Speaker အနေနဲ့ အသုံးပြုနိုင်နေတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အခုလိုမျိုး Features တွေကို Apple ကနေ Private Beta Version အနေနဲ့ Update ပြုလုပ်ပြီး ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ အခု Private Beta Update ဟာ လက်ရှိ Apple ရဲ့ Corporate နဲ့ Retail Employees အချို့ပဲ ရရှိသေးတာဖြစ်ပြီး လူတိုင်းတော့ အသုံးပြုလို့ မရနိုင်သေးဘူးဖြစ်ပါတယ်။
အခုလိုမျိုး HomePod ကနေ ဖုန်းခေါ်ဆိုလို့ရပြီဖြစ်တဲ့အတွက် ကိုယ့် iPhone ကို လိုက်ရှာနေစရာမလိုတော့ဘဲ HomePod ကိုပဲ ဘယ်သူ့ကို ဖုန်းခေါ်လိုက် ဆိုပြီး Siri Assistant ကနေ ခိုင်းစေနိုင်ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်ဆိုမှုအတွက်ကတော့ ကိုယ့် iPhone နဲ့ Bluetooth ချိတ်ဆက်ထားဖို့ လိုအပ်ဦးမှာပါ။
Apple HomePod
Apple က ယခု Private Beta Version Update မှာ HomePod နဲ့ ဖုန်းခေါ်မှုအပြင် Find My iPhone Feature ကိုလည်း ထည့်သွင်းပေးခဲ့ပြီး အဆိုပါ Feature ဟာ Mac နဲ့ တခြားသော iDevices တွေကနေ iPhone ကို ပြန်လည် ရှာဖွေသလိုပဲ iPhone ကို Ring မြည်စေပြီး ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။
နောက်ထပ် Apple ကနေ ထည့်သွင်းခဲ့တဲ့ Feature တစ်ခုကတော့ Multiple Timers ပဲဖြစ်ပြီးတော့ Timer သတ်မှတ်တဲ့နေရာမှာ ယခင်တုန်းက တစ်ခုပဲ ထားရှိလို့ ရခဲ့တာကနေ အခုအချိန်မှာ အကြိမ်ရေ အကန့်အသတ်မရှိထားရှိနိုင်ပြီပဲဖြစ်ပါတယ်။
Apple HomePod
Apple ရဲ့ ယခု HomePod Private Beta Update ဟာ HomePod အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းပေမယ့် ဘယ်အချိန်မှာ Stable Update ရရှိမလဲဆိုတာကိုတော့ Apple ကနေ ပြောကြားထားခြင်းမရှိခဲ့ပါဘူး။
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com