Google ရဲ႕ ယခင္ AI ေခါင္းေဆာင္ကို ေခၚယူလုိက္တဲ့ Apple

Google ရဲ႕ ယခင္ Search & Artificial Intelligence ေခါင္းေဆာင္ John Giannandrea ကို Apple ကေန ေခၚယူလုိက္ျပီပဲျဖစ္ပါတယ္။ Giannandrea ဟာ အခုလုိေျပာင္းေရြ႕လုိက္တယ္ဆုိတာကို Google ကေန ႏႈတ္ထြက္ျပီး ေနာက္တစ္ေန႔မွာတင္ေၾကျငာခဲ့တာျဖစ္ပါတယ္။

Giannandrea ဟာ Google ဆီမွာ ၂၀၁၀ ခုႏွစ္ထဲက အလုပ္လုပ္ကိုင္ေနခဲ့တဲ့ Machine Learning မွာ ဆရာတစ္ဆူျဖစ္တဲ့အတြက္ Apple အတြက္ကေတာ့ ၾကီးမားတဲ့ရလဒ္တစ္ခုျဖစ္လာေစမွာပါ။ The Times မဂၢဇင္းရဲ႕ ေျပာၾကားခ်က္အရေတာ့ Giannandrea ဟာ Apple မွာလည္း Machine Learning နဲ႔ AI Strategy နဲ႔ သက္ဆိုင္တဲ့ ကိစၥရပ္ေတြကို Tim Cook ဆီကို တိုက္ရုိက္သတင္းပို႔ရမွာျဖစ္တယ္လုိ႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ AI ပိုင္းမွာ Google နဲ႔ Facebook တို႔က ထိပ္တန္းေရာက္ေနတယ္လုိ႔ေျပာလုိ႔ရျပီးေတာ့ Amazon နဲ႔ Microsoft ကုမၸဏီေတြထက္ေတာ့ ပိုျပီး ဆရာက်ေနတာပဲျဖစ္ပါတယ္။ Apple အေနနဲ႔ေတာ့ Siri ဟာ လက္ရွိအခ်ိန္မွာ Google Assistant နဲ႔ အရည္အေသြးအပိုင္းမွာ မ်ားစြာနိမ့္က်ေနတယ္လုိ႔ သတ္မွတ္ခံထားရသလုိ Google လုိမ်ိဳး Google Translate နဲ႔ Google Image Search လုိ သိသိသာသာေျပာင္းလဲသြားႏုိင္တဲ့ Algorithms ေတြကိုလည္း မသံုးႏုိင္တာက အားနည္းခ်က္ျဖစ္ေနပါတယ္။ အခ်ိဳ႕ကေတာ့ Siri ဟာ Smart Home Industry မွာ ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Amazon ရဲ႕ Alexa Assistant ကိုေတာင္ မယွဥ္ႏုိင္ဘူးလုိ႔ ေျပာေနၾကတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Apple အတြက္ကေတာ့ အခုလုိမ်ိဳး Google ရဲ႕ AI ပိုင္းေခါင္းေဆာင္တစ္ဦးကို ရရွိလုိက္တာက Siri Assistant အတြက္ သိသိသာသာကို တိုးတက္မႈေတြရရွိလာေစမယ္လုိ႔ ခန္႔မွန္းရပါတယ္။ ဒါေပမယ့္ Google အတြက္ကေတာ့ အခုလိုမ်ိဳး ျပိဳင္ဘက္ကုမၸဏီကို ကိုယ့္ဝန္ထမ္းေရာက္သြားတာက သိသိသာသာ ထိခိုက္မွာမဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိရင္ Google က အခု Giannandrea ေနရာမွာ လက္ရွိ AI ပိုင္း သုေတသနျပဳလုပ္တဲ့နယ္ပယ္မွာ အေတာ္ဆံုးသူလုိ႔ ေျပာလုိ႔ရတဲ့ Google Brain ရဲ႕ Co-Founder Jeff Dean ကို ေနရာေပးလုိက္တာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google ရဲ႕ AI ပိုင္းဆိုင္ရာ ေဆာင္ရြက္ေနမႈေတြဟာ အခုထက္ေတာင္ ပိုေကာင္းလာႏုိင္တယ္လုိ႔ ယူဆလုိ႔ရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ ယခင် Search & Artificial Intelligence ခေါင်းဆောင် John Giannandrea ကို Apple ကနေ ခေါ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ Giannandrea ဟာ အခုလိုပြောင်းရွေ့လိုက်တယ်ဆိုတာကို Google ကနေ နှုတ်ထွက်ပြီး နောက်တစ်နေ့မှာတင်ကြေငြာခဲ့တာဖြစ်ပါတယ်။

Giannandrea ဟာ Google ဆီမှာ ၂၀၁၀ ခုနှစ်ထဲက အလုပ်လုပ်ကိုင်နေခဲ့တဲ့ Machine Learning မှာ ဆရာတစ်ဆူဖြစ်တဲ့အတွက် Apple အတွက်ကတော့ ကြီးမားတဲ့ရလဒ်တစ်ခုဖြစ်လာစေမှာပါ။ The Times မဂ္ဂဇင်းရဲ့ ပြောကြားချက်အရတော့ Giannandrea ဟာ Apple မှာလည်း Machine Learning နဲ့ AI Strategy နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို Tim Cook ဆီကို တိုက်ရိုက်သတင်းပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ AI ပိုင်းမှာ Google နဲ့ Facebook တို့က ထိပ်တန်းရောက်နေတယ်လို့ပြောလို့ရပြီးတော့ Amazon နဲ့ Microsoft ကုမ္ပဏီတွေထက်တော့ ပိုပြီး ဆရာကျနေတာပဲဖြစ်ပါတယ်။ Apple အနေနဲ့တော့ Siri ဟာ လက်ရှိအချိန်မှာ Google Assistant နဲ့ အရည်အသွေးအပိုင်းမှာ များစွာနိမ့်ကျနေတယ်လို့ သတ်မှတ်ခံထားရသလို Google လိုမျိုး Google Translate နဲ့ Google Image Search လို သိသိသာသာပြောင်းလဲသွားနိုင်တဲ့ Algorithms တွေကိုလည်း မသုံးနိုင်တာက အားနည်းချက်ဖြစ်နေပါတယ်။ အချို့ကတော့ Siri ဟာ Smart Home Industry မှာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Amazon ရဲ့ Alexa Assistant ကိုတောင် မယှဉ်နိုင်ဘူးလို့ ပြောနေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အတွက်ကတော့ အခုလိုမျိုး Google ရဲ့ AI ပိုင်းခေါင်းဆောင်တစ်ဦးကို ရရှိလိုက်တာက Siri Assistant အတွက် သိသိသာသာကို တိုးတက်မှုတွေရရှိလာစေမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် Google အတွက်ကတော့ အခုလိုမျိုး ပြိုင်ဘက်ကုမ္ပဏီကို ကိုယ့်ဝန်ထမ်းရောက်သွားတာက သိသိသာသာ ထိခိုက်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Google က အခု Giannandrea နေရာမှာ လက်ရှိ AI ပိုင်း သုတေသနပြုလုပ်တဲ့နယ်ပယ်မှာ အတော်ဆုံးသူလို့ ပြောလို့ရတဲ့ Google Brain ရဲ့ Co-Founder Jeff Dean ကို နေရာပေးလိုက်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ရဲ့ AI ပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုတွေဟာ အခုထက်တောင် ပိုကောင်းလာနိုင်တယ်လို့ ယူဆလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com