[Zawgyi]







Apple products


2B (Akhayar)

www.akhayar.com



[Unicode]

နေ့ချင်းညချင်း ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်သွားခဲ့တဲ့ Apple

လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်တုန်းက ဂိုဒေါင်ငယ်လေးထဲမှာ စတင်ခဲ့တဲ့ Apple ဟာ အခုချိန်မှာဆိုရင် ဒေါ်လာ တစ်ထောင်ဘီလီယံ (တစ်ထရီလီယံ) တန်ကြေးရှိတဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တင်္နလာနေ့ကမှ စတော့ရှယ်ယာဈေးကွက်မှာ ၉၅၃ ဘီလီယံနဲ့ ရပ်တည်နေခဲ့တာပါ။ ဒါကို နေ့ချင်းညချင်းဆိုသလို  ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီအချိန်မှာ ရှယ်ယာတန်ဖိုး ၂.၈ ရာခိုင်နှုန်း ထပ်တိုးသွားခဲ့လို့ တစ်ထရီလီယံ တန်ကြေးရှိတဲ့ ကုမ္ပဏီဖြစ်လာခဲ့တာပါ။

Steve Jobs, Steve Wozniak, John Sculley

အခုလို တစ်ထရီလီယံဆိုတဲ့ မိုင်တိုင်ကို Apple ကျော်ဖြတ်သွားခဲ့ပြီဆိုမယ့် ကျွမ်းကျင်သူတွေက ကမ္ဘာပေါ်မှာ တန်ကြေးအမြင့်ဆုံး ကုမ္ပဏီမဟုတ်သေးဘူးလို့ ပြောဆိုထားပါတယ်။ အဲ့ဒါထက် Apple တစ်ယောက်ထဲ ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်ဖူးတာမဟုတ်သလို ၂၀၀၇ တုန်းကလည် PetroChina ဆိုတဲ့ ရေနံကုမ္ပဏီလည်း ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဒါမယ့် စတော့ဈေးနှုန်း အမြဲပြောင်းလဲနေတာမလို့ ရှန်ဟိုင်း ဈေးကွက်မှာ တန်ကြေးအမြင့်ဆုံး ကုမ္ပဏီဖြစ်ခဲ့ပေမယ့်လည်း ထရီလီယံဆိုတဲ့ ဘဝကနေ ချက်ချင်း ဆင်းသွားခဲ့ရပါတယ်။

Apple CEO Tim Cook looks impressed and happy

Apple အနေနဲ့လည်း တစ်ရက်နှစ်ရက်အတွင်း တန်ကြေးပြန်ကျသွားနိုင်ပြီး အခုချိန်မှာတောင် စတော့တန်ဖိုး တအိအိပြန်ထိုးဆင်းနေပြီလို့ သိရပါတယ်။ ဒါကြောင့် စတော့တန်ဖိုးတက်လာလို့ ရောင်းအားကောင်းတိုင်း ကုမ္ပဏီတန်ဖိုးတက်လာတဲ့အချက်က တသမတ်ထဲသွားနေတာမဟုတ်တဲ့တွက်စီးပွားရေးပညာရှင်တွေက Enterprise Value နဲ့ သာ ဆုံးဖြတ်လေ့ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန် Apple နောက်မှာ Amazon အမီလိုက်လာနေပြီး တတိယသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ Q3) ရလာဒ်အရ ၈၈၇ ဘီလီယံနဲ့ ရပ်တည်နေပြီလို့ သိရပါတယ်။

Apple products

နောက်ပြီး Amazon နဲ့ ယှဉ်လိုက်ရင်လည်း တစ်ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်ပေမယ့်လည် Amazon ကုမ္ပဏီက Apple ထက် ၈၀ ဘီလီယံပိုပြီး တန်ကြေးမြင့်နေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

2B (Akhayar)

www.akhayar.com

Source: The Verge, Bloomberg, NBC News, Forbes

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။