[Zawgyi]

iOS 11 Bug ပါေနတဲ့ iPhone X ေၾကာ္ျငာ Video ကို Apple ျပန္ျပင္ခဲ့

Apple က iPhone X အတြက္ YouTube မွာေၾကာ္ျငာေတြတင္ေနခဲ့တာမွာ Face ID ကိုပဲအဓိကထားၿပီးတင္ေနတာပဲျဖစ္ပါတယ္။ March 16 ရက္ေန႔ကတင္ခဲ့တဲ့ iPhone X အတြက္ Face ID ကိုပဲျပထားတဲ့ေၾကာ္ျငာ တစ္ခုကို Apple ရဲ႕ YouTube Global Channel မွာတင္ခဲ့တာပဲျဖစ္ပါတယ္။

Apple တင္ခဲ့တဲ့ iPhone X Video ကေတာ့ Unlock လို႔ပဲနာမည္ေပးထားတာပဲျဖစ္ပါတယ္။ Video တစ္ခုလံုးမွာ ေကာင္မေလးတစ္ေယာက္က သူ႔ရဲ႕မ်က္ႏွာနဲ႔ Lock ခ်ထားတဲ့ အရာေတြေတာ္ေတာ္မ်ားမ်ာကို ဖြင့္ျပသြားတာေလးေတြကို႐ိုက္ထားတဲ့ေၾကာ္ျငာေလးပါ။ Video ရဲ႕ေနာက္ဆံုးၿပီးခါနီးေလးမွာေတာ့ iPhone X ကို Unlock လုပ္တာကိုျပေပးပါတယ္။ iPhone X ကုိ Unlock လုပ္တဲ့အခ်ိန္မွာ iOS 11 မွာပါေနတဲ့ Bug က Video ထဲမွာပါပါေနတာျဖစ္ပါတယ္။ iPhone မွာ Unlock လုပ္မွ Notification ေတြကိုျပေပးတဲ့ Feature ေလးရွိပါတယ္။ Notifaction ေတြကိုျပေပးတဲ့အခ်ိန္မွာ Animation ေလးေတြပါပါတယ္။ iOS 11 မွာပါေနတဲ့ Bug ေၾကာင့္ Animation ကေႏွးေနတာေၾကာင့္ စာသံုးေၾကာင္းျဖစ္ေနတဲ့ Message Notification အတြက္ စာႏွစ္ေၾကာင့္းစာပဲ ေနာက္ခံ Animation ကထြက္လာၿပီးၿပီးမွ စာသံုးေၾကာင္းအထိဆန္႔တဲ့ ေနာက္ခံအျဖစ္ျပန္ေျပာင္းသြားတာပါ။

အဲ့ဒီအတြက္ Apple က Video ကိုျပန္ျပင္ခဲ့ပါတယ္။ YouTube မွာအခုသြားၾကည့္ရင္ေတာ့ 0:51 စကၠန္႔မွာ Unlock လုပ္ၿပီး Message Animation မွာျပင္ၿပီးသားျဖစ္ေနတာကိုေတြ႔ရမွာျဖစ္ပါတယ္။ Online မွာလည္းအဲ့ဒီ ေၾကာ္ျငာေၾကာင့္ သတင္းေတြအမ်ားႀကီးျဖစ္သြားခဲ့တာေၾကာင့္လည္း Apple ကလူအမ်ားရဲ႕အာ႐ံုစိုက္ျခင္းကိုခံခဲ့ရပါတယ္။ Apple အေနနဲ႔ iOS 11.2.6 အထိပါေနေသးတဲ့ Bug ကို Software Update နဲ႔ေျဖရွင္းမေပးပဲ သူတို႔ရဲ႕ iPhone X ေၾကာ္ျငာမွာသာေျဖရွင္းေပးခဲ့တာကိုမေၾကနပ္ခဲ့သူေတြလည္းအမ်ားၾကီးျဖစ္သြားခဲ့ပါတယ္။ Apple ကေတာ့ လာမယ့္ 27 ရက္ေန႔မွာလည္း Education နဲ႔ပတ္သက္တဲ့ပြဲတစ္ပြဲကိုက်င္းပဖို႔ေၾကျငာထားတာေၾကာင့္ iOS 11.3 Update ကိုလည္းအဲ့ဒီေန႔ေရာက္မွထုတ္ေပးမယ္လို႔လည္းသိရပါတယ္။ Apple ကေတာ့အဆိုပါေၾကာ္ျငာေၾကာင့္ iPhone ပရိတ္သတ္အခ်ိဳ႕ရဲ႕အျပစ္တင္ေဝဖန္သံေတြကိုခံေနရဆဲပဲျဖစ္ပါတယ္။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

iOS 11 Bug ပါနေတဲ့ iPhone X ကြော်ငြာ Video ကို Apple ပြန်ပြင်ခဲ့

Apple က iPhone X အတွက် YouTube မှာကြော်ငြာတွေတင်နေခဲ့တာမှာ Face ID ကိုပဲအဓိကထားပြီးတင်နေတာပဲဖြစ်ပါတယ်။ March 16 ရက်နေ့ကတင်ခဲ့တဲ့ iPhone X အတွက် Face ID ကိုပဲပြထားတဲ့ကြော်ငြာ တစ်ခုကို Apple ရဲ့ YouTube Global Channel မှာတင်ခဲ့တာပဲဖြစ်ပါတယ်။

Apple တင်ခဲ့တဲ့ iPhone X Video ကတော့ Unlock လို့ပဲနာမည်ပေးထားတာပဲဖြစ်ပါတယ်။ Video တစ်ခုလုံးမှာ ကောင်မလေးတစ်ယောက်က သူ့ရဲ့မျက်နှာနဲ့ Lock ချထားတဲ့ အရာတွေတော်တော်များမျာကို ဖွင့်ပြသွားတာလေးတွေကိုရိုက်ထားတဲ့ကြော်ငြာလေးပါ။ Video ရဲ့နောက်ဆုံးပြီးခါနီးလေးမှာတော့ iPhone X ကို Unlock လုပ်တာကိုပြပေးပါတယ်။ iPhone X ကို Unlock လုပ်တဲ့အချိန်မှာ iOS 11 မှာပါနေတဲ့ Bug က Video ထဲမှာပါပါနေတာဖြစ်ပါတယ်။ iPhone မှာ Unlock လုပ်မှ Notification တွေကိုပြပေးတဲ့ Feature လေးရှိပါတယ်။ Notifaction တွေကိုပြပေးတဲ့အချိန်မှာ Animation လေးတွေပါပါတယ်။ iOS 11 မှာပါနေတဲ့ Bug ကြောင့် Animation ကနှေးနေတာကြောင့် စာသုံးကြောင်းဖြစ်နေတဲ့ Message Notification အတွက် စာနှစ်ကြောင့်းစာပဲ နောက်ခံ Animation ကထွက်လာပြီးပြီးမှ စာသုံးကြောင်းအထိဆန့်တဲ့ နောက်ခံအဖြစ်ပြန်ပြောင်းသွားတာပါ။

အဲ့ဒီအတွက် Apple က Video ကိုပြန်ပြင်ခဲ့ပါတယ်။ YouTube မှာအခုသွားကြည့်ရင်တော့ 0:51 စက္ကန့်မှာ Unlock လုပ်ပြီး Message Animation မှာပြင်ပြီးသားဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ Online မှာလည်းအဲ့ဒီ ကြော်ငြာကြောင့် သတင်းတွေအများကြီးဖြစ်သွားခဲ့တာကြောင့်လည်း Apple ကလူအများရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ Apple အနေနဲ့ iOS 11.2.6 အထိပါနေသေးတဲ့ Bug ကို Software Update နဲ့ဖြေရှင်းမပေးပဲ သူတို့ရဲ့ iPhone X ကြော်ငြာမှာသာဖြေရှင်းပေးခဲ့တာကိုမကြေနပ်ခဲ့သူတွေလည်းအများကြီးဖြစ်သွားခဲ့ပါတယ်။ Apple ကတော့ လာမယ့် 27 ရက်နေ့မှာလည်း Education နဲ့ပတ်သက်တဲ့ပွဲတစ်ပွဲကိုကျင်းပဖို့ကြေငြာထားတာကြောင့် iOS 11.3 Update ကိုလည်းအဲ့ဒီနေ့ရောက်မှထုတ်ပေးမယ်လို့လည်းသိရပါတယ်။ Apple ကတော့အဆိုပါကြော်ငြာကြောင့် iPhone ပရိတ်သတ်အချို့ရဲ့အပြစ်တင်ဝေဖန်သံတွေကိုခံနေရဆဲပဲဖြစ်ပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။