HP နဲ႔ Motorola တုိ႔ ႀကိဳးပမ္းခဲ့ဖူးသလို္မ်ိဳး ဖုန္းေတြ တက္ဘလက္ေတြကုိ ကြန္ပ်ဴတာအတြက္ အေထာက္အကူ ပစၥည္းေတြအျဖစ္ အသံုးျပဳဖုိ႔ Apple က ႀကိဳးပမ္းေနပါတယ္။ ဒါေပမယ့္ ယခင္ကုမၸဏီေတြကေတာ့ ေအာင္ျမင္ခဲ့ျခင္းမရွိပါဘူး။ ဒါေၾကာင့္ ေရွ႕လူေတြမေအာင္ျမင္ခဲ့တဲ့ အၾကံအစည္ကုိ “ဘာလုပ္လုပ္တင့္တယ္” Apple က ေအာင္ျမင္မလားဆုိတာေစာင့္ၾကည့္ခ်င္စရာပါ။

iPhone ေတြ iPad ေတြကုိ လက္ပ္ေတာ့ေတြနဲ႔ ဘယ္လုိတြဲဖက္အလုပ္လုပ္လုိက္ျခင္းအားျဖင့္ အလုပ္လုပ္ႏုိင္စြမ္းကိုလည္း သာသြားေစႏုိင္တဲ့အျပင္ အလြန္ေပါ့ပါးတဲ့ လက္ပ္ေတာ့ေတြအျဖစ္နဲ႔ ထြက္လာဖို႔ရွိေနတာပါ။

ဒီမူပုိင္ခြင့္အတြက္ပံုကုိ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက တင္ထားခဲ့တာျဖစ္ေပမယ့္ တကယ္ ထုတ္ကုန္တစ္ရပ္ထြက္လာမယ္လုိ႔ေတာ့ အာမမခံႏုိင္ပါဘူး။ ဒါေပမယ့္ Apple အေနနဲ႔ ဒီအၾကံကုိ အနာဂါတ္ရဲ႕ မိုဘို္င္းလ္ပစၥည္းေတြမွာ ဘယ္လုိအသံုးခ်မယ္ဆုိတာကုိေတာ့ ေစာင့္ၾကည့္ခ်င္စရာပါ။

မူပိုင္ခြင့္တင္တယ္ဆုိတာဟာ အီလက္ထေရာနစ္ပစၥည္းေတြအတြက္လုိအပ္တဲ့ လုပ္ရုိးလုပ္စဥ္တစ္ခုပါ။ ကူပါတီႏုိအေျခစိုက္ကုမၸဏီ တင္ခဲ့တဲ့ လုပ္ေဆာင္ခ်က္ေတြမွာေတာ့ လက္ရွိ လက္ပ္ေတာ့ေတြမွာ ေတြ႔ရတဲ့ Trackpad ေနရာမွာ စေလာ့ေပါက္တစ္ခုထည့္သြင္းထားၿပီး iPhone ကုိ ထည့္သြင္းႏုိင္မွာပါ။ ဒါဟာဆုိရင္ Macbook အတြက္ Ultraportable ျဖစ္သြားေစႏုိင္ဖုိ႔အတြက္ လုိအပ္တဲ့ Hardware လုိအပ္ခ်က္တစ္ခု ျဖစ္ပါတယ္။

အဲ့ဒီအျပင္ iPad ကုိလည္း မ်က္ႏွာျပင္ဧရိယာမွာ ေလွ်ာတိုက္ၿပီး ထည့္သြင္းတဲ့ လုပ္ေဆာင္ခ်က္ဟာလည္း တကယ္မိုက္ပါတယ္။ Appe အေနနဲ႔ iPhone နဲ႔ iPad ေတြကေနတစ္ဆင့္ လက္ပ္ေတာ့အတြက္ လုိအပ္တဲ့ လုပ္ေဆာင္ခ်က္နဲ႔ ဘက္ထရီအားေတြကိုလည္း ခြဲယူဖြယ္ရွိေနပါတယ္။

ဒါက နည္းနည္းေတာ့ ရူးေၾကာင္ေၾကာင္ႏုိ္င္ပါတယ္။ ဒါေပမယ့္ Apple အေနနဲ႔ Mobile Hardware ေတြအတြက္ နည္းလမး္သစ္တစ္ရပ္ကုိ ရွာေဖြေနတာလည္း ျဖစ္ႏုိင္ပါတယ္။

Joker (Akhayar)

Ref: Engadget

==================

 

[Unicode]

iPhone သို့မဟုတ် iPad တွေနဲ့ Laptop ကို ထောက်ကူပေးဖို့ Apple ပြုလုပ်နေ

HP နဲ့ Motorola တို့ ကြိုးပမ်းခဲ့ဖူးသလိုမျိုး ဖုန်းတွေ တက်ဘလက်တွေကို ကွန်ပျူတာအတွက် အထောက်အကူ ပစ္စည်းတွေအဖြစ် အသုံးပြုဖို့ Apple က ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ယခင်ကုမ္ပဏီတွေကတော့ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ရှေ့လူတွေမအောင်မြင်ခဲ့တဲ့ အကြံအစည်ကို “ဘာလုပ်လုပ်တင့်တယ်” Apple က အောင်မြင်မလားဆိုတာစောင့်ကြည့်ချင်စရာပါ။

iPhone တွေ iPad တွေကို လက်ပ်တော့တွေနဲ့ ဘယ်လိုတွဲဖက်အလုပ်လုပ်လိုက်ခြင်းအားဖြင့် အလုပ်လုပ်နိုင်စွမ်းကိုလည်း သာသွားစေနိုင်တဲ့အပြင် အလွန်ပေါ့ပါးတဲ့ လက်ပ်တော့တွေအဖြစ်နဲ့ ထွက်လာဖို့ရှိနေတာပါ။

ဒီမူပိုင်ခွင့်အတွက်ပုံကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တင်ထားခဲ့တာဖြစ်ပေမယ့် တကယ် ထုတ်ကုန်တစ်ရပ်ထွက်လာမယ်လို့တော့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် Apple အနေနဲ့ ဒီအကြံကို အနာဂါတ်ရဲ့ မိုဘိုင်းလ်ပစ္စည်းတွေမှာ ဘယ်လိုအသုံးချမယ်ဆိုတာကိုတော့ စောင့်ကြည့်ချင်စရာပါ။

မူပိုင်ခွင့်တင်တယ်ဆိုတာဟာ အီလက်ထရောနစ်ပစ္စည်းတွေအတွက်လိုအပ်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ကူပါတီနိုအခြေစိုက်ကုမ္ပဏီ တင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေမှာတော့ လက်ရှိ လက်ပ်တော့တွေမှာ တွေ့ရတဲ့ Trackpad နေရာမှာ စလော့ပေါက်တစ်ခုထည့်သွင်းထားပြီး iPhone ကို ထည့်သွင်းနိုင်မှာပါ။ ဒါဟာဆိုရင် Macbook အတွက် Ultraportable ဖြစ်သွားစေနိုင်ဖို့အတွက် လိုအပ်တဲ့ Hardware လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

အဲ့ဒီအပြင် iPad ကိုလည်း မျက်နှာပြင်ဧရိယာမှာ လျှောတိုက်ပြီး ထည့်သွင်းတဲ့ လုပ်ဆောင်ချက်ဟာလည်း တကယ်မိုက်ပါတယ်။ Appe အနေနဲ့ iPhone နဲ့ iPad တွေကနေတစ်ဆင့် လက်ပ်တော့အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်နဲ့ ဘက်ထရီအားတွေကိုလည်း ခွဲယူဖွယ်ရှိနေပါတယ်။

ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ Mobile Hardware တွေအတွက် နည်းလမ်းသစ်တစ်ရပ်ကို ရှာဖွေနေတာလည်း ဖြစ်နိုင်ပါတယ်။

Joker (Akhayar)

Ref: Engadget