[Zawgyi]

iPhone ေရာင္းအားက်ေနလို႔ Apple Supplier ေတြလည္း အထိနာကုန္ျပီ

Apple ကေတာ့ အေရာင္းေအးေနတဲ့ iPhone အသစ္ေတြေၾကာင့္ စီးပြားေရး အၾကပ္တည္းနဲ႔ ရင္ဆိုင္ေနရျပီလို႔ ေျပာရပါေတာ့မယ္။ ေနာက္ဆုံးေမွ်ာ္လင့္ထားတဲ့ iPhone XR လည္း ထင္သေလာက္ အလုပ္မျဖစ္ခဲ့တာမလို႔ Strategy Plan ေျပာင္းလဲဖို႔ စီစဥ္ေနပုံရပါတယ္။

iPhone XR

ျပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက iPhone X ထုတ္လုပ္မႈ ျပန္လည္စတင္ခဲ့ျပီး ဒီတခါ ထြက္ေပၚလာတဲ့ သတင္းက iPhone XS ၊ XS Max နဲ႔ XR ထုတ္ဖို႔ ကုန္ၾကမ္းမွာယူမႈ ျဖတ္ေတာက္ထားလိုက္ျပီလို႔ သိရပါတယ္။ ဒီအတြက္ေၾကာင့္ Apple’s iPhone Supplier ေတြအေပၚ သက္ေရာက္မႈရွိလာႏိုင္ျပီး အထူးသျဖင့္ ထိုင္ဝမ္ကုမၸဏီေတြ အထိနာကုန္တာပါ။

Apple’s iPhones

ကြ်မ္းက်င္သူေတြအဆိုရ iPhone Camera Len ေထာက္ပံ့ေပးေနတဲ့ Lugan Precision ဟာ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလအတြင္း အႏႈတ္လကၡဏာ ျပေနမယ့္ဝင္ေငြနဲ႔ ပတ္သက္လို႔ ၾကိဳတင္တြက္ခ်က္ျပီးျပီ ဆိုပါတယ္။ ဒီလိုပဲ Flexible Circuit Board ေထာက္ပံ့ရတဲ့ Career Technology ဟာလည္း ဝန္ထမး္အင္အား 110 ေလာက္ ေလွ်ာ႔ပါးပစ္ရသလို ဆုံးရႈံးသြားတဲ့ ပမာဏနဲ႔ ျပန္ကာမိဖို႔ အခုလို ဆုံးျဖတ္လိုက္ရတယ္ဆိုပါတယ္။

iPhone’s Circuit Board

ဒီလို Supplier ေတြ အထိနာေနခ်ိန္ iPhone X ဆက္ထုတ္ဦးမယ္ဆိုေတာ့ TSMC (Taiwan Semiconductor Manufacturing Company) ကုမၸဏီတခုထဲ အသက္ရႈေခ်ာင္ေနေသးျပီး ေျပာေရးဆိုခြင့္ရွိသူက “Apple အခုလို iPhone ေရာင္းအားက်ေနလို႔ Supplier ေတြေပၚ သက္ေရာက္မႈရွိေနတယ္ဆိုေပမယ့္ TSMC အေနနဲ႔ Qualcomm ၊ Huawei စတဲ့ လုပ္ငန္းစုေတြ ရွိေနလို႔” စိတ္ပူစရာမရွိဘူးဆိုပါတယ္။

TSMC

အခုလို Apple အေနနဲ႔ ဆိုးရြားတဲ့ရလာဒ္ရရွိေစတဲ့ အေၾကာင္းရင္းတစ္ခုက Performance ကလည္း သိပ္မကြာေနဘူး၊ ေပးရတဲ့ေစ်းက မတရားၾကီးျမင့္ေနဦးမယ္ဆိုရင္ေတာ့ ဘယ္လိုဖုန္းအသစ္ပဲထုတ္ေနပါေစ ေရာင္းရမွမဟုတ္ဘူးလို႔ ကြ်မ္းက်င္သူေတြ ေထာက္ျပေျပာဆိုထားတာေတြ႔ရပါတယ္

2B (akhayar)
www.akhayar.com

[Unicode]

iPhone ရောင်းအားကျနေလို့ Apple Supplier တွေလည်း အထိနာကုန်ပြီ

Apple ကတော့ အရောင်းအေးနေတဲ့ iPhone အသစ်တွေကြောင့် စီးပွားရေး အကြပ်တည်းနဲ့ ရင်ဆိုင်နေရပြီလို့ ပြောရပါတော့မယ်။ နောက်ဆုံးမျှော်လင့်ထားတဲ့ iPhone XR လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့တာမလို့ Strategy Plan ပြောင်းလဲဖို့ စီစဉ်နေပုံရပါတယ်။

iPhone XR

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက iPhone X ထုတ်လုပ်မှု ပြန်လည်စတင်ခဲ့ပြီး ဒီတခါ ထွက်ပေါ်လာတဲ့ သတင်းက iPhone XS ၊ XS Max နဲ့ XR ထုတ်ဖို့ ကုန်ကြမ်းမှာယူမှု ဖြတ်တောက်ထားလိုက်ပြီလို့ သိရပါတယ်။ ဒီအတွက်ကြောင့် Apple’s iPhone Supplier တွေအပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အထူးသဖြင့် ထိုင်ဝမ်ကုမ္ပဏီတွေ အထိနာကုန်တာပါ။

Apple’s iPhones

ကျွမ်းကျင်သူတွေအဆိုရ iPhone Camera Len ထောက်ပံ့ပေးနေတဲ့ Lugan Precision ဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း အနှုတ်လက္ခဏာ ပြနေမယ့်ဝင်ငွေနဲ့ ပတ်သက်လို့ ကြိုတင်တွက်ချက်ပြီးပြီ ဆိုပါတယ်။ ဒီလိုပဲ Flexible Circuit Board ထောက်ပံ့ရတဲ့ Career Technology ဟာလည်း ဝန်ထမ်းအင်အား 110 လောက် လျှော့ပါးပစ်ရသလို ဆုံးရှုံးသွားတဲ့ ပမာဏနဲ့ ပြန်ကာမိဖို့ အခုလို ဆုံးဖြတ်လိုက်ရတယ်ဆိုပါတယ်။

iPhone’s Circuit Board

ဒီလို Supplier တွေ အထိနာနေချိန် iPhone X ဆက်ထုတ်ဦးမယ်ဆိုတော့ TSMC (Taiwan Semiconductor Manufacturing Company) ကုမ္ပဏီတခုထဲ အသက်ရှုချောင်နေသေးပြီး ပြောရေးဆိုခွင့်ရှိသူက “Apple အခုလို iPhone ရောင်းအားကျနေလို့ Supplier တွေပေါ် သက်ရောက်မှုရှိနေတယ်ဆိုပေမယ့် TSMC အနေနဲ့ Qualcomm ၊ Huawei စတဲ့ လုပ်ငန်းစုတွေ ရှိနေလို့” စိတ်ပူစရာမရှိဘူးဆိုပါတယ်။

TSMC

အခုလို Apple အနေနဲ့ ဆိုးရွားတဲ့ရလာဒ်ရရှိစေတဲ့ အကြောင်းရင်းတစ်ခုက Performance ကလည်း သိပ်မကွာနေဘူး၊ ပေးရတဲ့ဈေးက မတရားကြီးမြင့်နေဦးမယ်ဆိုရင်တော့ ဘယ်လိုဖုန်းအသစ်ပဲထုတ်နေပါစေ ရောင်းရမှမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေ ထောက်ပြပြောဆိုထားတာတွေ့ရပါတယ်

2B (akhayar)
www.akhayar.com