



Ref: TNW

Jan (Akhayar)

==================

iPhone အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် ဗီဒီယိုစီးရီးကို Apple ဖန်တီးနေ

Apple ဟာ သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ iPhone ကိုအသုံးပြုပြီး ရုပ်ထွက်ပိုကောင်းတဲ့ ဓာတ်ပုံတွေ ရရှိအောင်ကူညီပေးမယ့် ဗီဒီယိုစီးရီးတစ်ခု ဖန်တီးခဲ့ကြောင်းကို ပြီးခဲ့တဲ့သောကြာက Launched လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီဗီဒီယိုဟာ iPhone’s 7 ကင်မရာနဲ့ ဓာတ်ပုံကောင်းကောင်း မရိုက်တတ်တဲ့သူတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်။

ဗီဒီယို Tutorial စုစုပေါင်း 16ခုပါဝင်ပြီး ပါဝင်တဲ့ ခေါင်းစဉ်တွေကတော့ “How To Shoot A Great Portrait” ၊ “How To Shoot Without A Flash” တို့ဖြစ်ပြီးအလင်းရောင်နည်းတဲ့ အချိန်မှာ ရုပ်ထွက်ကောင်းအောင် ဘယ်လိုရိုက်မလည်းစတာတွေ ပါဝင်ပါတယ်။

တစ်ခြား Tutorial တွေကတော့ Snap Shot ဘယ်လိုရိုက်သင့်လည်းဆိုတာနဲ့ Selfie Timer ကိုဘယ်လို Set လုပ်ရင်ကောင်းသလဲ ဆိုတာဖြစ်ပါတယ်။ ဥပမာ ပြောရရင် Snap Shot ပုံကိုထောင့်ချိုးကနေ ကိုယ်ရိုက်ချင်တဲ့ပုံ ရဲ့အောက်ဘက်ကိုနှိမ့်ပြီး ကင်မရာထားရိုက်ရမယ်ဆိုတာမျိုးဖြစ်ပါတယ်။

ဗီဒီယို အကုန်လုံးမှာရှင်းပြထားတာတွေဟာ နားလည်ရန်လွယ်ကူပြီး ဗီဒီယိုတစ်ခုချင်းစီဟာ စက္ကန့် ၃၀ကြာမြင့်ပါတယ်။ iPhone 7အတွက်ရည်ရွယ်ပြီးဒီဗီဒီယိုတွေကို ဖန်တီးခဲ့ကြောင်းသိရပါတယ်။ိအချို့ကို အောက်မှာ ကြည့်ရှုနို်င်ပါတယ်။

Ref: TNW