Apple iPhone ေတြကို အသံုးျပဳေနတဲ့သူေတြပဲျဖစ္ျဖစ္၊ Apple က ထုတ္လုပ္တဲ့ Product ေတြကို သံုးဖူးတယ္ဆုိရင္ Apple ကေန ကုိယ္တုိင္ထုတ္လုပ္တဲ့ Case ေတြ Accessories ေတြက တျခားေသာ Third-party Brand ေတြထက္ အရမ္းကို Quality ပိုေကာင္းတယ္ဆုိတာ သိျပီးျဖစ္မွာပါ။ Apple ကိုယ္တိုင္ကလည္း iPhone အသစ္ထုတ္တုိင္းမွာ အတူတြဲျပီး Case ေတြ Accessories အသစ္ေတြကိုပါ အတူမိတ္ဆက္ေရာင္းခ်ေနၾကျဖစ္ပါတယ္။

iPhone XR

ဒါေပမယ့္ မေန႔ကမွ စတင္ေရာင္းခ်ေနတဲ့ iPhone XR ကိုေတာ့ Apple ေမ့ခဲ့တဲ့ပံုပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Apple Store ေတြမွာ iPhone XR ကို တင္ေရာင္းခ်ေနေပမယ့္ အခုအခ်ိန္အထိကို Apple ကေန တရားဝင္ထုတ္လုပ္ထားတဲ့ Case တစ္ခုမွမရွိတာေၾကာင့္ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ႏွစ္ေတြအမ်ားၾကီးၾကာျပီးမွ Apple အတြက္ iPhone အသစ္တစ္ခုအေနနဲ႔ ပထမဆံုးၾကံဳေတြ႕ရတဲ့ ထူးဆန္းတဲ့ကိစၥတစ္ခုလည္းျဖစ္ပါတယ္။ ပိုျပီး ထူးဆန္းတာကေတာ့ အခုလိုမ်ိဳး Case ေတြ မထုတ္ေပးႏုိင္တဲ့အေပၚကို Apple အေနနဲ႔ ဘာမွေျပာၾကားျခင္းမရွိတာပဲျဖစ္ပါတယ္။

iPhone XR

Apple က ပံုမွန္ဆုိရင္ Third-party Accessories ေတြကိုပါ ေရာင္းခ်ေပမယ့္ အျမဲတမ္းအရည္အေသြးျမင့္ Case ေတြကိုပါ မိတ္ဆက္ေနၾကပါ။ iPhone XR လုိမ်ိဳး အေရာင္အစံုအလင္နဲ႔ ထုတ္လုပ္ခဲ့ဖူးတဲ့ iPhone 5c တုန္းကေတာင္မွ Apple ကေန High Quality Silicon Case တစ္ခုပါ သီးသန္႔ထုတ္ေရာင္းခဲ့ဖူးတဲ့အတြက္ အခု iPhone XR ၾကမွ ဘာလုိ႔အသံတိတ္ေနသလဲဆုိတာက စဥ္းစားစရာပါ။ Apple အေနနဲ႔ နဂိုထဲက အရည္အေသြးျမင့္ Accessories ေတြကို ထုတ္လုပ္ေနၾကဆုိေတာ့ အခုမွ iPhone XR မွာ မထုတ္ႏုိင္တာလုိ႔ ေျပာဖုိ႔ကလည္း အဓိပၸါယ္မရွိျဖစ္ေနျပန္ပါတယ္။

iPhone XR

အဲ့ဒီအတြက္ တကယ္လုိ႔ Apple Store ကေန iPhone XR ကို ဝယ္ဖုိ႔စိတ္ကူးေနတယ္ဆုိရင္ ေလာေလာဆယ္မွာေတာ့ Official Case ေတြရွိေနဦးမွာမဟုတ္ဘဲ Third-party Case ေတြကိုပဲ အားကိုးေနရဦးမယ့္ပံုပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple iPhone တွေကို အသုံးပြုနေတဲ့သူတွေပဲဖြစ်ဖြစ်၊ Apple က ထုတ်လုပ်တဲ့ Product တွေကို သုံးဖူးတယ်ဆိုရင် Apple ကနေ ကိုယ်တိုင်ထုတ်လုပ်တဲ့ Case တွေ Accessories တွေက တခြားသော Third-party Brand တွေထက် အရမ်းကို Quality ပိုကောင်းတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ Apple ကိုယ်တိုင်ကလည်း iPhone အသစ်ထုတ်တိုင်းမှာ အတူတွဲပြီး Case တွေ Accessories အသစ်တွေကိုပါ အတူမိတ်ဆက်ရောင်းချနေကြဖြစ်ပါတယ်။

iPhone XR

ဒါပေမယ့် မနေ့ကမှ စတင်ရောင်းချနေတဲ့ iPhone XR ကိုတော့ Apple မေ့ခဲ့တဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် Apple Store တွေမှာ iPhone XR ကို တင်ရောင်းချနေပေမယ့် အခုအချိန်အထိကို Apple ကနေ တရားဝင်ထုတ်လုပ်ထားတဲ့ Case တစ်ခုမှမရှိတာကြောင့်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်တွေအများကြီးကြာပြီးမှ Apple အတွက် iPhone အသစ်တစ်ခုအနေနဲ့ ပထမဆုံးကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ပိုပြီး ထူးဆန်းတာကတော့ အခုလိုမျိုး Case တွေ မထုတ်ပေးနိုင်တဲ့အပေါ်ကို Apple အနေနဲ့ ဘာမှပြောကြားခြင်းမရှိတာပဲဖြစ်ပါတယ်။

iPhone XR

Apple က ပုံမှန်ဆိုရင် Third-party Accessories တွေကိုပါ ရောင်းချပေမယ့် အမြဲတမ်းအရည်အသွေးမြင့် Case တွေကိုပါ မိတ်ဆက်နေကြပါ။ iPhone XR လိုမျိုး အရောင်အစုံအလင်နဲ့ ထုတ်လုပ်ခဲ့ဖူးတဲ့ iPhone 5c တုန်းကတောင်မှ Apple ကနေ High Quality Silicon Case တစ်ခုပါ သီးသန့်ထုတ်ရောင်းခဲ့ဖူးတဲ့အတွက် အခု iPhone XR ကြမှ ဘာလို့အသံတိတ်နေသလဲဆိုတာက စဉ်းစားစရာပါ။ Apple အနေနဲ့ နဂိုထဲက အရည်အသွေးမြင့် Accessories တွေကို ထုတ်လုပ်နေကြဆိုတော့ အခုမှ iPhone XR မှာ မထုတ်နိုင်တာလို့ ပြောဖို့ကလည်း အဓိပ္ပါယ်မရှိဖြစ်နေပြန်ပါတယ်။

iPhone XR

အဲ့ဒီအတွက် တကယ်လို့ Apple Store ကနေ iPhone XR ကို ဝယ်ဖို့စိတ်ကူးနေတယ်ဆိုရင် လောလောဆယ်မှာတော့ Official Case တွေရှိနေဦးမှာမဟုတ်ဘဲ Third-party Case တွေကိုပဲ အားကိုးနေရဦးမယ့်ပုံပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com