Apple ကနေ အခုအချိန်မှာ iOS Device တွေအတွက် Software Version အသစ်ဖြစ်တဲ့ iOS 13 Beta 3 ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Update က Performance Improvement တွေပြုလုပ်ပေးထားသလို Bug Fix တွေလည်း ပါဝင်နေမှာပါ။

ဒါပေမယ့် အဆိုပါ iOS 13 Beta 3 မှာ iPhone ကို စတင် Setup ပြုလုပ်တဲ့ Setup App ထဲမှာ ပြောင်းလဲမှုအချို့ကို မြင်တွေ့လာရပါတယ်။ ဒီ Setup App ဆိုတာ iPhone ကို Reset ပြုလုပ်ရင် ဒါမှမဟုတ် iPhone အသစ်ကို စတင် Setup ပြုလုပ်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ iPhone ကို Setup ပြုလုပ်မယ်ဆိုရင် iTunes ဒါမှမဟုတ် iCloud Backup ကနေ Restore ပြုလုပ်နိုင်သလို တခြား iDevice တစ်ခုကို ဘေးမှာထားပြီး Apple ID Account အတူတူဝင်ထားရင် Data တွေက Wireless နဲ့ ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။

ဒီ iOS 13 Beta 3 မှာတော့ Apple ကနေ iDevice အချင်းချင်း Data ကူးပြောင်းနိုင်တဲ့နည်းလမ်းသစ်ကို ထည့်သွင်းလာနိုင်ပြီးတော့ အဆိုပါ နည်းလမ်းက Cable ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ ဒါကတော့ Setup App Code ထဲမှာ iPhone တစ်ခုနဲ့တစ်ခု Cable ကို အသုံးပြုပြီးတော့ Data တွေ Transfer ပြုလုပ်တဲ့ ပုံနဲ့ ဖော်ပြပေးထားတာပါ။ ဒါပေမယ့် တစ်ခုထူးဆန်းတာက လောလောဆယ်မှာ Apple ကနေ Lightning to Lightning Cable ကို မရောင်းချထားတဲ့အတွက် နောက်ပိုင်း iPhone တွေမှာ USB-C ကို အသုံးပြုလာဖို့ ပိုဖြစ်နိုင်လာပါပြီ။

အခု Setup App ထဲမှာ Cable နဲ့ Transfer ပြုလုပ်ဖို့ Code ပါဝင်လာတယ်ဆိုပေမယ့် လောလောဆယ်မှာတော့ စမ်းသပ်ကြည့်တဲ့အချိန်မှာတော့ မရသေးပါဘူး။ အဲ့ဒါကြောင့်ဖြစ်နိုင်တာက iOS 13 Stable Version မှ ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref : 9to5Mac