Apple ရဲ့ MacBook Pro တွေက လက်ရှိအချိန်မှာ Productivity အတွက် အကောင်းဆုံး Laptop တွေဖြစ်နေသေးတယ်ဆိုရင်လည်းမမှားပါဘူး။ အခုအချိန်မှာ Apple ကနေ ဒီ MacBook Pro တွေကို 2019 Edition အနေနဲ့ နောက်ဆုံးထွက်ရှိထားပြီးတော့ Intel Core i9 Option အထိ ရွေးချယ်နိုင်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ လက်ရှိအချိန်မှာ ရောင်းချနေတဲ့ 13″ နဲ့ 15″ MacBook Pro တွေအပြင် နောက်ထပ် MacBook Pro တစ်မျိုးကို မိတ်ဆက်လာဖို့ရှိနေပါတယ်။ ဒါကတော့ ပိုပြီး Size ကြီးတဲ့ 16″ MacBook Pro ဖြစ်လာမှာပါ။ အခု 16″ MacBook Pro ကိုတော့ လာမယ့်စက်တင်ဘာလမှာ မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

Apple က အခု ဒီ 16″ MacBook Pro ရဲ့ Display က LCD Display ဖြစ်နေဦးမှာပေမယ့် Resolution အနေနဲ့ 3072 x 1920 အထိရှိမှာဖြစ်ပြီးတော့ ဒါက လက်ရှိမှာ အကောင်းဆုံးဖြစ်နေတဲ့ 15″ MacBook Pro ရဲ့ 2800 x 1800 Resolution နဲ့ယှဉ်ရင် သိသိသာသာကို ပိုကောင်းလာမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ 2019 MacBook Pro တွေကို မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့အတွက် ဒီလိုမျိုး MacBook Pro အသစ်ကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်ဖို့ဆိုတာက သိပ်ယုံကြည်ဖို့မရှိသေးပါဘူး။

Ref : The Verge