Blackmagic eGPU
Blackmagic eGPU
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Apple ဟာ ယမန်နေ့က သူ့ရဲ့ MacBook Pro ကွန်ပျူတာတွေကို Intel ရဲ့ 8th Generation Processor တွေနဲ့ Display နဲ့ Keyboard တွေကို အဆင့်မြှင့်တင်မှုအနည်းငယ်လုပ်ပေးပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Apple ဟာ အခု MacBook Pro အသစ်တွေအပြင် External GPU ကိုပါ ထုတ်လုပ်ပေးလိုက်ပါတယ်။
Blackmagic eGPU
အခု Apple ရဲ့ ပထမဆုံးသော eGPU ကိုတော့ လက်ရှိ နာမည်ကြီး Cinema ကုမ္ပဏီတစ်ခုဖြစ်တဲ့ Blackmagic နဲ့ တွဲဖက်ပြီးထုတ်လုပ်ခဲ့တာဖြစ်ပြီး အခု Apple eGPU မှာ Radeon Pro 580 8GB GDDR5 Graphic Card ကို ထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရတော့ အခု eGPU ဟာ 13″ MacBook Pro ထက် ၂.၈ ဆ ပိုပြီး စွမ်းဆောင်ရည်သာမှာဖြစ်ပြီး 13″ MacBook Pro နဲ့ ယှဉ်ရင်တော့ ၈ ဆ ပိုပြီး သာလွန်မှာဖြစ်ပါတယ်။
အခု Blackmagic eGPU မှာ Thunderbolt 3 Ports ၂ ခုပါဝင်မှာဖြစ်သလို USB 3 Ports ၄ ခု နဲ့ HDMI 2 Port ၁ ခု ပါဝင်မှာပဲဖြစ်ပါတယ်။ အခု eGPU က ပထမဆုံးအနေနဲ့ Apple က MacBook Pro တွေနဲ့ အသုံးပြုဖို့ Recommend ပေးထားတဲ့ 5K LG Monitor တွေနဲ့ တွဲဖက်အသုံးပြုဖို့ Thundebolt 3 ကို Support ပြုလုပ်တဲ့ eGPU လည်းဖြစ်ပါတယ်။
Blackmagic eGPU
အခု Apple နဲ့ Blackmagic တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ eGPU ဟာ တခြား External GPU Case တွေလိုမျိုး နှစ်သက်ရာ GPU ကို ထည့်သွင်းနိုင်မှာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Apple MacBook နဲ့ iMac တွေကို အသုံးပြုသူတွေအတွက်ကတော့ အခု Blackmagic eGPU ကို ၆၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်တဲ့အတွက် Editing သမားတွေအတွက်ကတော့ အဆင်ပြေတဲ့ ရွေးချယ်မှုတစ်ခုလို့ ပြောလို့ရပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com