Music Recognition Application တစ္ခုျဖစ္တဲ့ Shazam ဟာ ေလာေလာဆယ္မွာ အေကာင္းဆံုး Music Recognition App တစ္ခုလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ အဆိုပါ Shazam App ကို Apple ကေန ဒီႏွစ္အေစာပိုင္းမွာ ဝယ္ယူဖုိ႔ၾကိဳးစားေနျပီးေတာ့ အခုအခ်ိန္မွာေတာ့ ဝယ္ယူမႈက ျပီးဆံုးသြားခဲ့ျပီျဖစ္ပါတယ္။

Shazam

အခုလုိမ်ိဳး Apple ကေန Shazam ကို ဝယ္ယူလုိက္ျပီျဖစ္တဲ့အတြက္ Apple အေနနဲ႔ အသံုးျပဳသူေတြအတြက္ အေကာင္းစား Feature တစ္ခုကိုျပဳလုပ္ေပးသြားဖုိ႔လည္း ရွိတယ္လုိ႔ သိရပါတယ္။ အဲ့ဒါကေတာ့ Shazam Application ကို လံုးဝ ေၾကာ္ျငာေတြပါဝင္ျခင္းမရွိေအာင္ ေဆာင္ရြက္ေပးေတာ့မွာပါ။

Apple ဟာ Shazam ကို ျပီးခဲ့တဲ့ ဒီဇင္ဘာလထဲက ေဒၚလာ သန္း ၄၀၀ နဲ႔ ေရာင္းခ်ဖုိ႔ စီစဥ္ေနတာျဖစ္ျပီးေတာ့ European Union ရဲ႕ စစ္ေဆးမႈေတြေၾကာင့္ အခုလုိမ်ိဳး အခ်ိန္ၾကာေနတာျဖစ္ပါတယ္။ အခုလအေစာပိုင္းကမွ EU ကေန ယခုဝယ္ယူမႈကို ခြင့္ျပဳေပးခဲ့တာလည္းျဖစ္ပါတယ္။

Shazam

Shazam ဟာ လက္ရွိအခ်ိန္မွာ အသံုးျပဳမႈ ၁ ဘီလီယံေက်ာ္ရွိေနျပီးေတာ့ ေန႔တုိင္းကို Download ျပဳလုပ္သူ သန္း ၂၀ ေက်ာ္ရွိေနတဲ့ Application တစ္ခုလည္းျဖစ္ပါတယ္။ Apple ရဲ႕ ျပိဳင္ဘက္ျဖစ္တဲ့ Google ကလည္း ျပီးခဲ့တဲ့ Pixel 2 ဖုန္းေတြမွာ ပတ္ဝန္းက်င္က သီခ်င္းေတြကို နားေထာင္ျပီး သိရွိႏုိင္တဲ့ Always Listening Feature ကို ထည့္သြင္းခဲ့တဲ့အတါက္ Apple က ေနာက္ထြက္မယ့္ iPhone အသစ္ေတြမွာ အခုလုိမ်ိဳး Music Recognition Feature ထည့္သြင္းေပးႏုိင္မလားဆုိတာကလည္း စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Music Recognition Application တစ်ခုဖြစ်တဲ့ Shazam ဟာ လောလောဆယ်မှာ အကောင်းဆုံး Music Recognition App တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အဆိုပါ Shazam App ကို Apple ကနေ ဒီနှစ်အစောပိုင်းမှာ ဝယ်ယူဖို့ကြိုးစားနေပြီးတော့ အခုအချိန်မှာတော့ ဝယ်ယူမှုက ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Shazam

အခုလိုမျိုး Apple ကနေ Shazam ကို ဝယ်ယူလိုက်ပြီဖြစ်တဲ့အတွက် Apple အနေနဲ့ အသုံးပြုသူတွေအတွက် အကောင်းစား Feature တစ်ခုကိုပြုလုပ်ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ Shazam Application ကို လုံးဝ ကြော်ငြာတွေပါဝင်ခြင်းမရှိအောင် ဆောင်ရွက်ပေးတော့မှာပါ။

Apple ဟာ Shazam ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဒေါ်လာ သန်း ၄၀၀ နဲ့ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပြီးတော့ European Union ရဲ့ စစ်ဆေးမှုတွေကြောင့် အခုလိုမျိုး အချိန်ကြာနေတာဖြစ်ပါတယ်။ အခုလအစောပိုင်းကမှ EU ကနေ ယခုဝယ်ယူမှုကို ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

Shazam

Shazam ဟာ လက်ရှိအချိန်မှာ အသုံးပြုမှု ၁ ဘီလီယံကျော်ရှိနေပြီးတော့ နေ့တိုင်းကို Download ပြုလုပ်သူ သန်း ၂၀ ကျော်ရှိနေတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ Apple ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Google ကလည်း ပြီးခဲ့တဲ့ Pixel 2 ဖုန်းတွေမှာ ပတ်ဝန်းကျင်က သီချင်းတွေကို နားထောင်ပြီး သိရှိနိုင်တဲ့ Always Listening Feature ကို ထည့်သွင်းခဲ့တဲ့အတါက် Apple က နောက်ထွက်မယ့် iPhone အသစ်တွေမှာ အခုလိုမျိုး Music Recognition Feature ထည့်သွင်းပေးနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com