[Zawgyi]

ထီေပါက္ေပမယ့္ ထီလက္မွတ္ေပ်ာက္ခဲ့သူ (သုိ႔) Appe ရဲ႕ Co-founder Ronald Wayne

Apple လုိ႔ေျပာလုိက္ရင္လူေတြသိၾကတာက Steve Jobs  နဲ႔ Steve Wozniak ပါပဲ။ Apple Founder စာရင္းက သူတုိ႔ႏွစ္ေယာက္တည္း မဟုတ္ပါဘူး။ သုံးေယာက္ျဖစ္ပါတယ္။ ေနာက္တစ္ဦးကေတာ့ Ronald Wayne ပါပဲ။ Apple I ထုတ္လုပ္ခဲ့ၿပီး Apple II အတြက္ ျပင္ဆင္ေနတဲ့အခ်ိန္မွာ Steve Wozniak က HP မွာပဲ အလုပ္လုပ္တုန္းရွိပါေသးတယ္။ ကုမၸဏီအသစ္ကုိ အခ်ိန္ျပည့္အာရုံစုိက္ဖုိ႔အတြက္ Steve Jobs က သူ႕မိတ္ေဆြ Ronald Wayne ကုိ အဖြဲ႕ထဲေခၚထည့္လုိက္ပါတယ္။ Steve Jobs ဟာ Apple ကုိမတည္ေထာင္ခင္ Atari ဆုိတဲ့ ဗီဒီယုိဂိမ္းကုမၸဏီတစ္ခုမွာ အလုပ္လုပ္တုန္းက Ronald Wayne ဆိုတဲ့ ပုံၾကမ္းေရးဆရာနဲ႔ ခင္မင္ခဲ့ပါတယ္။ အေၾကြေစ့ေစ်းေရာင္းကုမၸဏီတစ္ခုတည္ေထာင္ၿပီး အရႈံးေပၚခဲ့လုိ႔ ရပ္နားပစ္ခဲ့ရတဲ့ Ronald Wayne ကုိ Steve Jobs က ေနာက္ထပ္ကုမၸဏီအသစ္ ထူေထာင္ၾကရေအာင္လုိ႔ စည္းရုံးခဲ့ပါတယ္။ ၁၉၇၆ခုႏွစ္ ဧၿပီလ ၁ရက္ေန႔မွာ Steve Jobs ၊ Steve Wozniak နဲ႔ Ronald Wayne တုိ႔က အက်ိဳးတူစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး Apple Founder ျဖစ္လာခဲ့ပါတယ္။ Apple ရဲ႕ပထမဆုံး Logo ကုိ Ronald Wayne ေရးဆြဲေပးခဲ့တာျဖစ္ပါတယ္။

Apple ရဲ႕အျမတ္ေငြကုိ Steve Jobs က (၄၅) ရာခုိင္ႏႈန္း၊ Steve Wozniak က (၄၅) ရာခုိင္ႏႈန္းနဲ႔ Ronald Wayne က (၁ဝ) ရာခုိင္ႏႈန္းဆုိၿပီးေတာ့နဲ႔ ေဒၚလာ (၁ဝဝ) အထက္ ကုန္ပစၥည္းကုိ ဝယ္ယူမယ္ဆုိရင္ အနည္းဆုံးႏွစ္ဦးသေဘာတူမွ ဝယ္ရမယ္ဆုိတဲ့ သေဘာတူညီခ်က္ပါ။ ကုမၸဏီစတင္လည္ပတ္ေတာ့ Steve Jobs က  ဘဏ္ကုိ ပုိက္ဆံေခ်းၿပီး အရင္းႏွီးလုပ္ခ်င္ပါတယ္။ ဒီအခ်ိန္မွာ တစ္ခုခုက်ရႈံးခဲ့ရင္ Ronald Wayne က နစ္နာမွာစုိးတဲ့အတြက္ သေဘာတူစာခ်ဳပ္ခ်ဳပ္ၿပီး ၁၂ရက္ေျမာက္ေန႔ (၁၉၇၆ခုႏွစ္ ဧၿပီလ ၁၂ရက္ေန႔) Apple ကေန ထြက္ခြာခဲ့ပါတယ္။

Apple ရဲ႕တန္ဖုိးဟာ ေဒၚလာ (၈ဝဝဝ) သာရွိေသးတဲ့အတြက္ ကုမၸဏီရဲ႕ (၁ဝ) ရာခုိင္ႏႈန္းပုိင္ဆုိင္ခြင့္အရ Ronald Wayne ဟာ ေဒၚလာ (၈ဝဝ) ေဝစုရခဲ့ပါတယ္။ အဲဒီတုန္းကမ်ား အဖြဲ႕ဝင္အျဖစ္က မႏႈတ္ထြက္ခဲ့ဘူးဆုိရင္ ၂ဝ၁၈ခုႏွစ္မွာ သူ႕ရဲ႕ အသားတင္ၾကြယ္ဝမႈက အေမရိကန္ေဒၚလာ (၉၃.၁) ဘီလီယံ ျဖစ္လာမွာပါ။ အခုေတာ့ သူဟာ ေဒၚလာ (၃) သိန္းသာ ပုိင္ဆုိင္ခဲ့ပါတယ္။

“ ေဂ်ာ့နဲ႔ ေဝါ့ဇ္နီးယက္ခ္တုိ႔က ဘာကုိမွ

အစိုးရတဲ့ေကာင္ေတြ မဟုတ္ဘူး။

ေလေပြလုိ ရူးႏွမ္းႏွမ္းေကာင္ေတြဗ်။

သူတုိ႔မုိက္သလုိ ကြ်န္ေတာ္မမုိက္ရဲဘူးေလ။

ဆုံးျဖတ္ခ်က္ကုိ ေနာင္တရမွာ မဟုတ္ပါဘူး”

အခုခ်ိန္မွာေတာ့ Ronald Wayne တစ္ေယာက္ဟာ Navada ျပည္နယ္ Pahrump ၿမိဳ႕ေလးမွာ ဆင္းဆင္းရဲရဲနဲ႔ ရပ္တည္သြားရတာျဖစ္ပါတယ္။ အခုခ်ိန္ထိ Apple ကထုတ္တဲ့ ကြန္ပ်ဴတာ မသုံးႏုိင္ေသးပါဘူး။ ၂ဝ၁၁ ခုႏွစ္ေရာက္မွသာ iPad 2 ကုိ Apple က လက္ေဆာင္ေပးလုိ႔ ကုိင္ႏုိင္တာျဖစ္ပါတယ္။ တကယ္တမ္းေတာ့ သူေဌးျဖစ္ဖုိ႔ ကံပါလာေပမယ့္ မစြန္႔စားရဲရင္ မေအာင္ျမင္ဘူးဆုိတာ Ronald Wayne က သက္ေသပဲျဖစ္ပါတယ္။ ထီေပါက္ေပမယ့္ ထီလက္မွတ္ေပ်ာက္ခဲ့တဲ့သူဟာ Apple Co-founder တစ္ေယာက္ျဖစ္တဲ့ Ronald Wayne  ပဲျဖစ္ပါတယ္ခင္ဗ်ာ။

ကုိးကား ။ ။ Steve Jobs Book by Walter Isaacson

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်ခဲ့သူ (သို့) Appe ရဲ့ Co-founder Ronald Wayne

Apple လို့ပြောလိုက်ရင်လူတွေသိကြတာက Steve Jobs  နဲ့ Steve Wozniak ပါပဲ။ Apple Founder စာရင်းက သူတို့နှစ်ယောက်တည်း မဟုတ်ပါဘူး။ သုံးယောက်ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ Ronald Wayne ပါပဲ။ Apple I ထုတ်လုပ်ခဲ့ပြီး Apple II အတွက် ပြင်ဆင်နေတဲ့အချိန်မှာ Steve Wozniak က HP မှာပဲ အလုပ်လုပ်တုန်းရှိပါသေးတယ်။ ကုမ္ပဏီအသစ်ကို အချိန်ပြည့်အာရုံစိုက်ဖို့အတွက် Steve Jobs က သူ့မိတ်ဆွေ Ronald Wayne ကို အဖွဲ့ထဲခေါ်ထည့်လိုက်ပါတယ်။ Steve Jobs ဟာ Apple ကိုမတည်ထောင်ခင် Atari ဆိုတဲ့ ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တုန်းက Ronald Wayne ဆိုတဲ့ ပုံကြမ်းရေးဆရာနဲ့ ခင်မင်ခဲ့ပါတယ်။ အကြွေစေ့ဈေးရောင်းကုမ္ပဏီတစ်ခုတည်ထောင်ပြီး အရှုံးပေါ်ခဲ့လို့ ရပ်နားပစ်ခဲ့ရတဲ့ Ronald Wayne ကို Steve Jobs က နောက်ထပ်ကုမ္ပဏီအသစ် ထူထောင်ကြရအောင်လို့ စည်းရုံးခဲ့ပါတယ်။ ၁၉၇၆ခုနှစ် ဧပြီလ ၁ရက်နေ့မှာ Steve Jobs ၊ Steve Wozniak နဲ့ Ronald Wayne တို့က အကျိုးတူစာချုပ်ချုပ်ဆိုခဲ့ပြီး Apple Founder ဖြစ်လာခဲ့ပါတယ်။ Apple ရဲ့ပထမဆုံး Logo ကို Ronald Wayne ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

Apple ရဲ့အမြတ်ငွေကို Steve Jobs က (၄၅) ရာခိုင်နှုန်း၊ Steve Wozniak က (၄၅) ရာခိုင်နှုန်းနဲ့ Ronald Wayne က (၁ဝ) ရာခိုင်နှုန်းဆိုပြီးတော့နဲ့ ဒေါ်လာ (၁ဝဝ) အထက် ကုန်ပစ္စည်းကို ဝယ်ယူမယ်ဆိုရင် အနည်းဆုံးနှစ်ဦးသဘောတူမှ ဝယ်ရမယ်ဆိုတဲ့ သဘောတူညီချက်ပါ။ ကုမ္ပဏီစတင်လည်ပတ်တော့ Steve Jobs က  ဘဏ်ကို ပိုက်ဆံချေးပြီး အရင်းနှီးလုပ်ချင်ပါတယ်။ ဒီအချိန်မှာ တစ်ခုခုကျရှုံးခဲ့ရင် Ronald Wayne က နစ်နာမှာစိုးတဲ့အတွက် သဘောတူစာချုပ်ချုပ်ပြီး ၁၂ရက်မြောက်နေ့ (၁၉၇၆ခုနှစ် ဧပြီလ ၁၂ရက်နေ့) Apple ကနေ ထွက်ခွာခဲ့ပါတယ်။

Apple ရဲ့တန်ဖိုးဟာ ဒေါ်လာ (၈ဝဝဝ) သာရှိသေးတဲ့အတွက် ကုမ္ပဏီရဲ့ (၁ဝ) ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်အရ Ronald Wayne ဟာ ဒေါ်လာ (၈ဝဝ) ဝေစုရခဲ့ပါတယ်။ အဲဒီတုန်းကများ အဖွဲ့ဝင်အဖြစ်က မနှုတ်ထွက်ခဲ့ဘူးဆိုရင် ၂ဝ၁၈ခုနှစ်မှာ သူ့ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ (၉၃.၁) ဘီလီယံ ဖြစ်လာမှာပါ။ အခုတော့ သူဟာ ဒေါ်လာ (၃) သိန်းသာ ပိုင်ဆိုင်ခဲ့ပါတယ်။

“ ဂျော့နဲ့ ဝေါ့ဇ်နီးယက်ခ်တို့က ဘာကိုမှ

အစိုးရတဲ့ကောင်တွေ မဟုတ်ဘူး။

လေပွေလို ရူးနှမ်းနှမ်းကောင်တွေဗျ။

သူတို့မိုက်သလို ကျွန်တော်မမိုက်ရဲဘူးလေ။

ဆုံးဖြတ်ချက်ကို နောင်တရမှာ မဟုတ်ပါဘူး”

အခုချိန်မှာတော့ Ronald Wayne တစ်ယောက်ဟာ Navada ပြည်နယ် Pahrump မြို့လေးမှာ ဆင်းဆင်းရဲရဲနဲ့ ရပ်တည်သွားရတာဖြစ်ပါတယ်။ အခုချိန်ထိ Apple ကထုတ်တဲ့ ကွန်ပျူတာ မသုံးနိုင်သေးပါဘူး။ ၂ဝ၁၁ ခုနှစ်ရောက်မှသာ iPad 2 ကို Apple က လက်ဆောင်ပေးလို့ ကိုင်နိုင်တာဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဌေးဖြစ်ဖို့ ကံပါလာပေမယ့် မစွန့်စားရဲရင် မအောင်မြင်ဘူးဆိုတာ Ronald Wayne က သက်သေပဲဖြစ်ပါတယ်။ ထီပေါက်ပေမယ့် ထီလက်မှတ်ပျောက်ခဲ့တဲ့သူဟာ Apple Co-founder တစ်ယောက်ဖြစ်တဲ့ Ronald Wayne  ပဲဖြစ်ပါတယ်ခင်ဗျာ။

ကိုးကား ။ ။ Steve Jobs Book by Walter Isaacson

ကျော်စိုးအောင် (အခရာ)

www.akhayar.com