
Apple iPhone 2018





Apple iPhone


Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple ကနေ ယခုနှစ်မှာ iPhone အသစ် ၃ မျိုးထုတ်လုပ်ပြီး ရောင်းချတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတွေအရတော့ ဈေးအပေါဆုံးဖြစ်လာမယ့် 6.1″ LCD Display နဲ့ ထွက်ရှိလာမယ့် ဈေးအသက်သာဆုံး iPhone ကတော့ ပုံမှန်ထက် နောက်ကျပြီး ထွက်ရှိလာမှာပါ။

Apple iPhone 2018

အခုထွက်ရှိလာမယ့် Apple iPhone အသစ်တွေထဲမှာ 6.1″ LCD Display နဲ့ iPhone က ဒီနှစ်ထွက်ရှိမယ့် iPhone အသစ်တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်လာမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၀၀ ဝန်းကျင်ပဲရှိလာမှာဖြစ်ပါတယ်။ ဒီ LCD Display နဲ့ iPhone အသစ်က ပုံမှန် iPhone တွေထွက်ရှိနေကြ OLED Display နဲ့ iPhone တွေလိုမျိုး စက်တင်ဘာလအစား အောက်တိုဘာလမှထွက်ရှိလာမှာဖြစ်ပါတယ်။

Apple iPhone 2018 leaks

အခုလိုမျိုး 6.1″ LCD Display က အခုလိုမျိုး နောက်ကျရတာက LG ကိုယ်တိုင်ကနေ အခု Display ကို ပြုလုပ်နေရင်းနဲ့ Backlight Bleeding Error တွေဖြစ်နေတာကြောင့် အခုလိုမျိုး ထုတ်လုပ်မှုကို တစ်လကျော်နောက်ကျသွားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Apple က ဒီအတွက် ယခင်တုန်းက စီစဉ်နေသလိုမျိုး iPhone အသစ် ၃ မျိုးကို စက်တင်ဘာလမှာ မကြေညာနိုင်တော့ဘဲ 5.8″ နဲ့ 6.5″ OLED Display နဲ့ iPhone အသစ်တွေကိုပဲ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone အသစ်ကို စက်တင်ဘာလမှာ ဝယ်ယူချင်တယ်ဆိုရင်တော့ ဈေးနှုန်းအရ မြင့်မားနေတော့မှာပါ။

Apple iPhone

Apple ရဲ့ Budget 6.1″ LCD Display iPhone က Single Camera ပဲ ပါဝင်လာမှာဖြစ်ပြီးတော့ Design ပိုင်းအရတော့ Apple iPhone X နဲ့ တူညီမှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေအနေနဲ့တော့ White ၊ Black ၊ Yellow ၊ Orange ၊ Blue နဲ့ Gold ဆိုပြီး မျိုးစုံထွက်ရှိလာမယ့် iPhone တစ်ခုလည်း ဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com