
Apple MacBook Air



Apple MacBook Air




Ref : BGR

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple က ပြီးခဲ့တဲ့ လပိုင်းတုန်းက MacBook Pro Lineup တွေကို Update ပြုလုပ်ပေးထားတာမကြာသေးဘူးလို့ ပြောလို့ရပါတယ်။ အဆိုပါ MacBook Pro တွေကို Update ပြုလုပ်ပေးခဲ့တာကလည်း Touch Bar ပါဝင်တဲ့ Model တွေပဲ Upgrade ပြုလုပ်ခဲ့တာဖြစ်ပြီး Entry MacBook Pro ကိုတော့ Upgrade ပြုလုပ်ပေးခဲ့ခြင်းမရှိပါဘူး။

Apple MacBook Air

အဲ့ဒီအတွက် Apple ကို အမြင့်ပိုင်း Model တွေမဟုတ်တဲ့ MacBook တွေကို Upgrade ပြုလုပ်ဖို့အတွက် မျှော်လင့်နေတဲ့သူတွေအတွက်ကတော့ သတင်းဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ အခုလို Entry Level MacBook Pro ကို Upgrade ပြုလုပ်ပေးခြင်းမရှိခဲ့သလိုဘဲ သတင်းတွေထွက်နေခဲ့ဖူးတဲ့ MacBook Air အသစ်လည်း မထွက်လာခဲ့ပါဘူး။

ဒါပေမယ့် ဒါက Apple MacBook တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူချင်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ Apple ကနေ ဈေးသက်သာတဲ့ 13″ MacBook တွေကို ထပ်မံထုတ်လုပ်ဦးမယ်လို့ သိရပါတယ်။ အဲ့ဒါကလည်း မကြာခင်လပိုင်းမှာတင် ကြေညာသွားမယ်လို့ ယူဆရပါတယ်။

Apple MacBook Air

အခုသတင်းဟာ လက်ရှိ Laptop ထုတ်လုပ်နေတဲ့ Laptop Maker ၂ ဦးဖြစ်တဲ့ Compal နဲ့ Quanta တွေရဲ့ Financial Performance အရ သိလာခဲ့တာဖြစ်ပြီးတော့ အဆိုပါ ကုမ္ပဏီ ၂ ခုထဲမှာ ထုတ်လုပ်တဲ့ကွာခြားချက်က Units ပေါင်း ၇ သိန်းလောက်ကွာခြားနေတာဖြစ်ပါတယ်။

ဒါပေမယ့် Quanta ရဲ့ ထုတ်လုပ်မှုတွေဟာ လာမယ့် စတုတ္ထလေးလပတ်ထဲမှာ တင်ပို့မှုက ၁၀ သန်းကျော်ရှိလာမှာဖြစ်ပြီးတော့ အခုလိုမျိုး တိုးလာတာကလည်း Apple ရဲ့ ဈေးသက်သာတဲ့ Notebook တွေကိုပါ ထုတ်လုပ်ဖို့ ရှိနေတာဖြစ်တယ်ကြောင့် သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်ကုန်မှာ Quanta ကနေ လက်ရှိ Compal ထက် ၁ သိန်းလောက်ပဲ ကွာခြားတော့မှာဖြစ်ပြီးတော့ ဒုတိယနေရာမှာ ကပ်လိုက်နေမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Apple ရဲ့ ဈေးသက်သာတဲ့ MacBook တွေဟာ လောလောဆယ်မှာတော့ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိသေးတဲ့အပြင် ဈေးနှုန်းအနေနဲ့လည်း လက်ရှိအချိန်မှာ MacBook Air ကို ၉၉၉ ဒေါ်လာကနေ စတင်နေတဲ့အတွက် အခုဈေးထက်ပိုပြီး သက်သာလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : BGR

Zawyè (Akhayar) 

www.akhayar.com