Apple ကေန တေန႔က အသစ္ထုတ္ေပးလိုက္တဲ့ iOS 11 Beta Version 6 မွာ iOS ရဲ႕ အဓီက Application တစ္ခုျဖစ္တဲ့ Apple Maps ရဲ႕ Icon Design ကိုေျပာင္းလဲခဲ့ပါတယ္။ လြန္ခဲ့တဲ့ ေလးႏွစ္ေက်ာ္ထဲက ထြက္ရွိခဲ့တဲ့ Apple iOS 7 နဲ႔ အတူအခုအခ်ိန္အထိရွိေနခဲ့တဲ့ Icon Design ကို အသစ္ေျပာင္းလဲရတာဟာ Apple မွာ အေၾကာင္းအရင္းတစ္ခုရွီေနတာေၾကာင့္ပဲျဖစ္ပါတယ္။

အဆုိပါအေၾကာင္းအရင္းကေတာ့ ယခင္ Apple Map Application ရဲ႕ Icon မွာ ျပသေနတဲ့ ေျမပံုဟာ ယခင္ Apple ကုမၸဏီရုံးခ်ဳပ္ရဲ႕ ေနရာကို ျပသထားျခင္းျဖစ္ျပီး ယခုအခ်ိန္မွာ Apple ကုမၸဏီဟာ California, Cupertino မွာ Apple Park လုိ႔ေခၚတဲ့ အာကာသယာဥ္ပံုစံ ရုံးခ်ဴပ္အသစ္ကို ေျပာင္းလဲဖြင့္လွစ္ထားတဲ့အတြက္ သူရဲ႕ Maps Application ရဲ႕ Icon ပံုမွာပါဝင္တဲ့ေျမပံုကိုပါ ယခုအသစ္ေျပာင္းေရြ႕ထားတဲ့ Apple Park Campus ေနရာကိုေျပာင္းလဲခဲ့တာပဲျဖစ္ပါတယ္။

Apple ဟာ iOS 11 Beta Version 6 မွာ Apple Maps Application ကိုပဲ Icon Design ေျပာင္းလဲခဲ့တာမဟုတ္ပဲ App Store Icon ကိုလည္း ေျပာင္းလဲခဲ့တာျဖစ္ျပီး ယခင္ထဲကရွိေနခဲ့တဲ့ အလ်ားလုိက္မ်ဥ္းေၾကာင္းတစ္ခုမွာ ခဲတံ နဲ႔ စုတ္တံကုိ ၾတိဂံပံုစံထားထားတာမ်ိဳးမဟုတ္ေတာ့ပဲ မ်ဥ္းေၾကာင္း ၃ ေၾကာင္းက ၾကိဂံ ပံုစံ တစ္ခုအေပၚတစ္ခုက ထပ္ထားတာမ်ိဳးနဲ႔ ပုိျပီးတူညီေနပါတယ္။

ယခင္ကလည္း iOS 11 Beta Version 4 မွာတုန္းကလည္း Safari Browser ရဲ႕ Icon က သံလုိက္အိမ္ေျမွာင္ရဲ႕ ျမွားကို ညာဘက္သို႔ တစ္စိပ္ထပ္ေရြ႕ခဲ့ျပီး မသိမသာေျပာင္းလဲခဲ့ပါေသးတယ္။

iOS 11 ဟာ လက္ရွိ iOS 10 ထက္ ပိုျပီးေကာင္းမြန္တဲ့ Features ေတြပါဝင္လာမွာျဖစ္တဲ့အျပင္ လက္ရွိ Beta Version ေတြမွာလည္း ေျပာင္းလဲမႈေတြအမ်ားအျပားျပဳလုပ္ေနတဲ့အတြက္ တကယ္ Stable Update ထြက္လာျပီဆုိရင္ေတာ့ အခုလက္ရွိ iOS 10 ကေနဆုိရင္ ေတာ္ေတာ္ေလးကို သံုးရတာကအစ ေျပာင္းလဲသြားေလာက္မွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

[Unicode]

Apple ကနေ တနေ့က အသစ်ထုတ်ပေးလိုက်တဲ့ iOS 11 Beta Version 6 မှာ iOS ရဲ့ အဓီက Application တစ်ခုဖြစ်တဲ့ Apple Maps ရဲ့ Icon Design ကိုပြောင်းလဲခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်ထဲက ထွက်ရှိခဲ့တဲ့ Apple iOS 7 နဲ့ အတူအခုအချိန်အထိရှိနေခဲ့တဲ့ Icon Design ကို အသစ်ပြောင်းလဲရတာဟာ Apple မှာ အကြောင်းအရင်းတစ်ခုရှီနေတာကြောင့်ပဲဖြစ်ပါတယ်။

အဆိုပါအကြောင်းအရင်းကတော့ ယခင် Apple Map Application ရဲ့ Icon မှာ ပြသနေတဲ့ မြေပုံဟာ ယခင် Apple ကုမ္ပဏီရုံးချုပ်ရဲ့ နေရာကို ပြသထားခြင်းဖြစ်ပြီး ယခုအချိန်မှာ Apple ကုမ္ပဏီဟာ California, Cupertino မှာ Apple Park လို့ခေါ်တဲ့ အာကာသယာဉ်ပုံစံ ရုံးချူပ်အသစ်ကို ပြောင်းလဲဖွင့်လှစ်ထားတဲ့အတွက် သူရဲ့ Maps Application ရဲ့ Icon ပုံမှာပါဝင်တဲ့မြေပုံကိုပါ ယခုအသစ်ပြောင်းရွေ့ထားတဲ့ Apple Park Campus နေရာကိုပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

Apple ဟာ iOS 11 Beta Version 6 မှာ Apple Maps Application ကိုပဲ Icon Design ပြောင်းလဲခဲ့တာမဟုတ်ပဲ App Store Icon ကိုလည်း ပြောင်းလဲခဲ့တာဖြစ်ပြီး ယခင်ထဲကရှိနေခဲ့တဲ့ အလျားလိုက်မျဉ်းကြောင်းတစ်ခုမှာ ခဲတံ နဲ့ စုတ်တံကို တြိဂံပုံစံထားထားတာမျိုးမဟုတ်တော့ပဲ မျဉ်းကြောင်း ၃ ကြောင်းက ကြိဂံ ပုံစံ တစ်ခုအပေါ်တစ်ခုက ထပ်ထားတာမျိုးနဲ့ ပိုပြီးတူညီနေပါတယ်။

ယခင်ကလည်း iOS 11 Beta Version 4 မှာတုန်းကလည်း Safari Browser ရဲ့ Icon က သံလိုက်အိမ်မြှောင်ရဲ့ မြှားကို ညာဘက်သို့ တစ်စိပ်ထပ်ရွေ့ခဲ့ပြီး မသိမသာပြောင်းလဲခဲ့ပါသေးတယ်။

iOS 11 ဟာ လက်ရှိ iOS 10 ထက် ပိုပြီးကောင်းမွန်တဲ့ Features တွေပါဝင်လာမှာဖြစ်တဲ့အပြင် လက်ရှိ Beta Version တွေမှာလည်း ပြောင်းလဲမှုတွေအများအပြားပြုလုပ်နေတဲ့အတွက် တကယ် Stable Update ထွက်လာပြီဆိုရင်တော့ အခုလက်ရှိ iOS 10 ကနေဆိုရင် တော်တော်လေးကို သုံးရတာကအစ ပြောင်းလဲသွားလောက်မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square