Apple ရဲ့ iPhone တွေက အခုအချိန်အထိ L-Shaped Design Logic Board တွေကို အသုံးပြုထားတဲ့အချက်ကြောင့် တခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် ကွာခြားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Apple iPhone XI ဖုန်းတွေမှာတော့ ဒါက ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ \

အခု Apple ကနေ ပြောင်းလဲသွားမယ့် Logic Board Design က ယခင် L-Shaped ကနေ ပုံမှန် လေးထောင့်ပုံစံပဲဖြစ်သွားတာပါ။ အဲ့ဒီအတွက် ယခင်တုန်းက iPhone X နဲ့ XS တို့လိုမျိုး Battery ကို Logic Board ကြောင့် နေရာနည်းနည်းပဲပေးရမှာမဟုတ်တော့ဘဲ Battery Size က ပိုပြီး ကြီးလာနိုင်ပါတယ်။

ဒါပေမယ့်လည်း အခုထွက်ပေါ်လာတဲ့ သတင်းက Logic Board Design ကိုပဲ အခြေခံအနေနဲ့ သိရှိထားတာဖြစ်ပြီးတော့ တကယ့် Internal Specs တွေက ဘာဖြစ်လာမလဲဆိုတဲ့ PCB Design ကိုတော့ မသိရှိရသေးပါဘူး။ အဲ့ဒီအတွက် Apple အနေနဲ့ iPhone XI ဖုန်းတွေမှာ ဘယ်လို Processor အသစ်တွေနဲ့ ထွက်ရှိလာမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ် iPhone XI ဖုန်းတွေကတော့ ယခင်နှစ်တုန်းကလိုမျိုးမဟုတ်ဘဲ ပိုပြီး Upgrade ဖြစ်လာမှာပါ။

Ref : GSMArena