[Zawgyi] 





 


Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ပိုင်း ဒေါ်လာ သန်း ၃၀၀ နဲ့ ဝယ်လိုက်တဲ့ Apple

Apple က European Microchip ထုတ်လုပ်သူ Dialog Semiconductor ရဲ့ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူတော့မှာပါ။ အကြောင်းကတော့ ကိုယ်ပိုင် Microchip တွေထုတ်လုပ်တဲ့အခါ ပိုပြီးတိုးတက်မှုတွေရှိလာစေဖို့ပဲဖြစ်ပါတယ်။ အခုလို ဝယ်လိုက်တာက ငွေသား ဒေါ်လာ သန်း ၃၀၀ ကို Dialog ရဲ့ Power Management နည်းပညာ တချို့ကို ဝယ်ယူလိုက်တဲ့သဘောပါ။

iPhone တွေအတွက် ကိုယ်ပိုင် Power Management Chipset တွေ ထုတ်လုပ်ဖို့စီစဉ်နေတာပါ

သဘောတူညီချက်အရ Dialog ရဲ့ Engineer ဝန်ထမ်းပေါင်း အယောက် ၃၀၀ ကိုလည်း Apple ရဲ့လက်အောက်ကို ရွေ့ပြောင်းပေးရမှာဖြစ်လို Dialog ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်း Apple ကပဲ ချုပ်ကိုင်သွားမှာပါ။ Apple အနေနဲ့တော့ အခုလို သဘောတူညီမှုကို နောက် ၃ နှစ်အထိ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ 

Charging နဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေအပြင် Battery Life မှာည်း ပြောင်းလဲလာနိုင်ပါတယ်

 

ဒီ ရင်းနှီးမြှုပ်နှံမှုက Apple အတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ Apple က အခုလို Dialog နဲ့ပူးပေါင်းလိုက်တာက ကုမ္ပဏီအတွက် အများကြီး ပိုပြီး အကျိုးရှိသွားစေမှာပါ။ အရင်ကလည်း Apple နဲ့ Dialog တို့က အဆင်အသွယ်ရှိခဲ့ပြီး သူ့တို့ရဲ့နည်းပညာတွေကို အရင်က iPhone တွေအတွက် အသုံးပြုခဲ့ကြပါတယ်။ အခုကစပြီးနောက်ပိုင်းမှာလည်း Power Management Chip တွေ ထုတ်သွားဖို့အတွက် Dialog ဆီက နည်းပညာအကူအညီတွေရယူပြီး Apple ကိုယ်တိုင် Design ဆွဲပြီး ဖန်တီးသွားဖို့စီစဉ်နေတာပဲဖြစ်ပါတယ်။ နောက်ပိုင်း iPhone တွေမှာလည်း Battery ပိုင်းနဲ့ အားသွင်းတဲ့အပိုင်းမှာ အပြောင်းအလဲတွေတွေ့လာရနိုင်မှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com