[Zawgyi] 



iPhone XR


iPhone X


Ref: CNBC

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Alibaba ရဲ့ Singles Day ဈေးအရောင်းပွဲနေ့မှာ Apple က အရောင်းရဆုံး Phone Brand ဖြစ်သွားခဲ့ပြီ

Alibaba ကတော့ ၂၄ နာရီပဲ ကျင်းပတဲ့ Singles Day ဆိုတဲ့ ဈေးအရောင်းပွဲကြီးကို လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရဂက်နေ့ကပဲ ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Apple က တရုတ်ပြည်တွင်းထုတ်ဖုန်းတွေထက် ပိုပြီးရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီ Alibaba ရဲ့ ဈေးရောင်းပွဲမှာတော့ Apple က တခြား Brand ၂၃၇ ခုထဲက တစ်ခုဖြစ်ပေမယ့် တစ်ရက်တည်းမှာပဲ ရောင်းရတဲ့တန်ဖိုးစုစုပေါင်းက $14.36 Million ဝန်းကျင်အထိ ရခဲ့တယ်လို့ သိရပါတယ်။ Alibaba ကလည်း အခုလို Event ကို နှစ်တိုင်းကျင်းပလေရှိပြီး ၁၁ လပိုင်း ၁၁ ရက်နေ့မှာ လုပ်လို့ Double 11 လို့ နာမည်ကြီးပါတယ်။ 

iPhone XR

ပွဲကျင်းပတဲ့အချိန် ၂၄ နာရီအတွင်းမှာတော့ ဈေးရောင်းမယ့် Brand တွေက သူတို့ရဲ့ ထုတ်ကုန်အမျိုးမျိုးကို အပြိုင်အဆိုင် ဈေးလျှော့ပြီးရောင်းကြပါတယ်။ အခုလို ရောင်းချတဲ့အခါ Apple ရောင်းရတဲ့ iPhone Model တွေက ဘာတွေလဲဆိုတာ အတိအကျမသိရပါဘူး။ Alibaba ရဲ့ Singles Day မှာတော့ Apple ရဲ့နောက်မှာ ဒုတိယ အရောင်းရဆုံး Phone Brand အနေနဲ့ Huawei ရှိနေခဲ့ပြီး နောက်မှာတော့ Xiaomi နဲ့ Samsung တွေက နောက်ကလိုက်နေပါတယ်။ 

iPhone X

Apple က ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့ဒုတိယ အကြီးဆုံး ဈေးကွက်ကြီးဖြစ်တဲ့ တရုတ်ပြည်တွင်းမှာ ပြန်ပြီးအောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ တတိယ သုံးလပတ်မှာပဲ Apple ရဲ့ တရုတ်ပြည်တွင်းအမြတ်ငွေက ပြီးခဲ့တဲ့နှစ်တွေကထက် 16% အထိ တိုးတက်လာတယ်လို့လည်း သိရပါတယ်။ Alibaba မှာ အခုလို ရောင်းရတာကလည်း လက်တလောထွက်ထားတဲ့ iPhone XS ၊ iPhone XS Max နဲ့ iPhone XR တွေက ဈေးကြီးနေသေးတာကြောင့် လူတွေက ပိုပြီးဈေးသက်သာတဲ့ iPhone တွေကို စောင့်ဝယ်နေကြတာကြောင့်လို့ ယူဆရပါတယ်။ အရင်က Model ဟောင်းတွေဖြစ်တဲ့ iPhone 6S ၊ iPhone 7 နဲ့ iPhone 8 တွေက အခုအချိန်အထိ လူအများစိတ်ဝင်စားနေတဲ့ iPhone တွေအဖြစ် ရှိနေပါသေးတယ်။ 

Ref: CNBC

Min Than Htike (Akhayar)

www.akhayar.com