Apple iPhone X
Ref : Engadget
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
အချို့သော အသုံးပြုနေတဲ့ Applications တွေဟာ ကိုယ့်ရဲ့ စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို အသုံးပြုပြီးတော့ Cryptocurrency Mining ကို ပြုလုပ်နေတတ်ကြပါတယ်။ အဲ့ဒီအတွက် တကယ်လို့ အဆိုပါ App တွေကို ကိုယ်အသုံးပြုနေတဲ့ Devices တွေမှာ ထည့်သွင်းထားမိရင် အဲ့ဒါက ကိုယ့် Devices တွေရဲ့ စွမ်းဆောင်ရည်ကို နိမ့်ကျသွားစေမှာပါ။
Apple Cryptocurrency Apps
အဲ့ဒီအတွက် အခုအချိန်မှာ Apple ကနေ သူရဲ့ Developers တွေအနေနဲ့ Applications တွေကနေ Cryptocurrency Mining ပြုလုပ်လို့မရအောင် App Guidelines အသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အခုလိုမျိုး App Guidelines တွေကို Update ပြုလုပ်ရတာကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက နာမည်ကြီး Mac App တစ်ခုဖြစ်တဲ့ Calendar 2 App ဟာ Monero Miner ကို သူရဲ့ App ထဲမှာ မြုပ်ထားခဲ့တာကို တွေ့ရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခု Apple ရဲ့ App Guidelines အသစ်တွေအရ Applications တွေဟာ နောက်ကွယ်မှာ မသက်ဆိုင်တဲ့ Process တွေ (ဥပမာ – Cryptocurrency Mining) ကို မ Run နေဖို့ကို Power Efficiency Section နဲ့ Cryptocurrencies Section တွေမှာ ထည့်သွင်းရေးသားထားခဲ့တာဖြစ်ပါတယ်။
Apple iPhone X
အခုလိုမျိုး Cryptocurrency Mining ကို ပိတ်ပင်တာက Apple တစ်ဦးတည်းမဟုတ်ပဲ Google ကလည်း သူ့ရဲ့ Chrome Web Store မှာ Crypto-mining Extensions တွေကို ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု Apple ရဲ့ ပိတ်ပင်မှုကတော့ iOS နဲ့ macOS App ၂ ခုစလုံးအပေါ်မှာ အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref : Engadget
Zawyè (Akhayar) 
www.akhayar.com