[Zawgyi]

iPhone မွာ AI Experience ပိုေကာင္းလာေစဖို႔ Google အမႈေဆာင္အရာရွိကို ခန္႔အပ္လိုက္တဲ့ Apple

Apple အေနနဲ႔ iPhone အသုံးျပဳလ်က္ရွိသူေတြ ဆန္းသစ္တဲ့ AI နည္းပညာ အေတြ႕အႀကဳံ ခံစားသုံးစြဲရေလေအာင္ Google ရဲ႕ AI အမႈေဆာင္အရာရွိ John Giannandrea ကို ခန္႔အပ္လိုက္တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္ AI နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္မႈအပိုင္းမွာ ေႏွးေကြးလ်က္ရွိေနတဲ့ Apple ရဲ႕ Machine Learning က႑ကို John က ဦးေဆာင္သြားမွာျဖစ္ၿပီး မၾကာမီကာလအတြင္း Google ကို အမွီလိုက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။

AI in everywhere

ဒီလို Apple ရဲ႕ ပဏာမလႈပ္ရွားမႈအေနနဲ႔ Google ရဲ႕ အထင္ကရ ပုဂၢိဳလ္ကို ခန္႔အပ္ထားလိုက္ၿပီျဖစ္သလို Siri ဟာ ပထမဦးဆုံးအေနနဲ႔ AI နည္းပညာနဲ႔ ပိုၿပီးျပည့္စုံလာမယ့္ ျပယုဒ္တစ္ခုျဖစ္လာမွာလို႔ သိရပါတယ္။ ဘာလို႔လဲဆိုေတာ့ Siri မွာ အရင္တုန္းက Apple ကိုယ္တိုင္ဖန္တီးထားတဲ့ Nuance Technology သုံးထားတယ္ဆိုေပမယ့္ ဒီနည္းပညာဟာ Google နဲ႔ Amazon တို႔ကိုမွီေအာင္ မလိုက္ႏိုင္ခဲ့ပါဘူး။ Apple က Nuance ကို AI လုပ္ထုံးနဲ႔ ဘယ္လိုပဲ ေကာင္းမြန္ေအာင္ ေရးဆြဲျပဳျပင္ေပမယ့္လည္း Google Assistant နဲ႔ Alexa တို႔ေလာက္ အသုံးမတည့္ေသးတာလည္း ျဖစ္ပါတယ္။

John Giannandrea

ဒါေၾကာင့္ Google ကုမၸဏီမွာ ၈ ႏွစ္ၾကာ အလုပ္လုပ္ခဲ့တဲ့ John ဟာ AI နဲ႔ Machine Learning နည္းပညာကို Siri နဲ႔ ေပါင္းစပ္သြားဖို႔ လက္ရွိမွာ တာဝန္ယူထားၿပီ ျဖစ္တယ္လို႔ Apple ဆိုထားပါတယ္။ AI နည္းပညာမွာ ဦးေဆာင္ေနတဲ့ Nvidia လို ကုမၸဏီေတြရွိေနေပမယ့္လည္း ဘာလို႔ John ကို ေ႐ြးခ်ယ္ခဲ့သလည္း ဆိုတာကို Apple က အက်ိဳးအေၾကာင္း ဆီေလ်ာ္စြာတင္ျပထားပါတယ္။ John ဟာ Google ရဲ႕ ရတနာတစ္ပါးလို႔ ေျပာလို႔ရႏိုင္သလို သူ႔ရဲ႕ ထူးခြၽန္တဲ့ လုပ္ေဆာင္ခ်က္ေတြက Apple ႀကိဳက္ႏွစ္သက္စရာပါ။ ဘာလို႔လဲဆိုေတာ့ John ဟာ Google မွာ တာဝန္ထမ္းေဆာင္ခဲ့တုန္းက Machine Intelligence ၊ Research နဲ႔ Search Teams ေတြကို ဦးေဆာင္ခဲ့သူျဖစ္သလို Tellme Networks နဲံ Metaweb Technologies ကုမၸဏီႏွစ္ခုကို ပူးတြဲ တည္ေထာင္ထားသူလဲ ျဖစ္ပါတယ္။ ဒီအလုပ္ေတြမတိုင္ခင္ General Magic ကုမၸဏီမွာ Senior Engineer အေနနဲ႔ လုပ္ခဲ့ဖူးေသးတဲ့အတြက္ အခုလို ဝါရင့္သဘာရင့္ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္ကို Apple ခန္႔အပ္လိုက္တာ ပါးနပ္တဲ့ လုပ္ရွားမႈလဲျဖစ္သလို တိတိက်က် ဆုံးျဖတ္ခ်က္ခ်ေလ့ရွိတဲ့ Apple လို ကုမၸဏီအတြက္ John က ဘယ္လိုမ်ား အစြမ္းျပမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

2B (Akhayar)

www.akhayar.com

Ref: Notebookcheck, GSM Arena

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

iPhone မှာ AI Experience ပိုကောင်းလာစေဖို့ Google အမှုဆောင်အရာရှိကို ခန့်အပ်လိုက်တဲ့ Apple

Apple အနေနဲ့ iPhone အသုံးပြုလျက်ရှိသူတွေ ဆန်းသစ်တဲ့ AI နည်းပညာ အတွေ့အကြုံ ခံစားသုံးစွဲရလေအောင် Google ရဲ့ AI အမှုဆောင်အရာရှိ John Giannandrea ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ လက်ရှိအချိန် AI နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နှေးကွေးလျက်ရှိနေတဲ့ Apple ရဲ့ Machine Learning ကဏ္ဍကို John က ဦးဆောင်သွားမှာဖြစ်ပြီး မကြာမီကာလအတွင်း Google ကို အမှီလိုက်နိုင်မယ်လို့ မျှော်လင့်ရတာဖြစ်ပါတယ်။

AI in everywhere

ဒီလို Apple ရဲ့ ပဏာမလှုပ်ရှားမှုအနေနဲ့ Google ရဲ့ အထင်ကရ ပုဂ္ဂိုလ်ကို ခန့်အပ်ထားလိုက်ပြီဖြစ်သလို Siri ဟာ ပထမဦးဆုံးအနေနဲ့ AI နည်းပညာနဲ့ ပိုပြီးပြည့်စုံလာမယ့် ပြယုဒ်တစ်ခုဖြစ်လာမှာလို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ Siri မှာ အရင်တုန်းက Apple ကိုယ်တိုင်ဖန်တီးထားတဲ့ Nuance Technology သုံးထားတယ်ဆိုပေမယ့် ဒီနည်းပညာဟာ Google နဲ့ Amazon တို့ကိုမှီအောင် မလိုက်နိုင်ခဲ့ပါဘူး။ Apple က Nuance ကို AI လုပ်ထုံးနဲ့ ဘယ်လိုပဲ ကောင်းမွန်အောင် ရေးဆွဲပြုပြင်ပေမယ့်လည်း Google Assistant နဲ့ Alexa တို့လောက် အသုံးမတည့်သေးတာလည်း ဖြစ်ပါတယ်။

John Giannandrea

ဒါကြောင့် Google ကုမ္ပဏီမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ John ဟာ AI နဲ့ Machine Learning နည်းပညာကို Siri နဲ့ ပေါင်းစပ်သွားဖို့ လက်ရှိမှာ တာဝန်ယူထားပြီ ဖြစ်တယ်လို့ Apple ဆိုထားပါတယ်။ AI နည်းပညာမှာ ဦးဆောင်နေတဲ့ Nvidia လို ကုမ္ပဏီတွေရှိနေပေမယ့်လည်း ဘာလို့ John ကို ရွေးချယ်ခဲ့သလည်း ဆိုတာကို Apple က အကျိုးအကြောင်း ဆီလျော်စွာတင်ပြထားပါတယ်။ John ဟာ Google ရဲ့ ရတနာတစ်ပါးလို့ ပြောလို့ရနိုင်သလို သူ့ရဲ့ ထူးချွန်တဲ့ လုပ်ဆောင်ချက်တွေက Apple ကြိုက်နှစ်သက်စရာပါ။ ဘာလို့လဲဆိုတော့ John ဟာ Google မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက Machine Intelligence ၊ Research နဲ့ Search Teams တွေကို ဦးဆောင်ခဲ့သူဖြစ်သလို Tellme Networks နဲံ Metaweb Technologies ကုမ္ပဏီနှစ်ခုကို ပူးတွဲ တည်ထောင်ထားသူလဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေမတိုင်ခင် General Magic ကုမ္ပဏီမှာ Senior Engineer အနေနဲ့ လုပ်ခဲ့ဖူးသေးတဲ့အတွက် အခုလို ဝါရင့်သဘာရင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို Apple ခန့်အပ်လိုက်တာ ပါးနပ်တဲ့ လုပ်ရှားမှုလဲဖြစ်သလို တိတိကျကျ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ Apple လို ကုမ္ပဏီအတွက် John က ဘယ်လိုများ အစွမ်းပြမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

2B (Akhayar)

www.akhayar.com

Ref: Notebookcheck, GSM Arena

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။