iPhone X Display အတြက္ App ေတြကို Update လုပ္ေပးရန္ Apple ေတာင္းဆို

[Zawgyi]

iPhone X ရဲ႕ Super Retina Display ထိပ္က အဝိုက္ေလး (Notch) ေနရာအထိအျပည့္မေပၚေသးတဲ့ App ေတြကို April လေနာက္ဆံုးထားၿပီး Update လုပ္ေပးဖို႔ Developer ေတြဆီကို အေၾကာင္းၾကားထားပါတယ္။ App Store မွာ iPhone X နဲ႔အဆင္ေျပတဲ့ App ေတြအမ်ားႀကီးမရွိေသးပါဘူး။ တစ္ခ်ိဳ႕လူသံုးမ်ားတဲ့ App ေတြေတာင္ iPhone X အတြက္ Update မထြက္ေသးတာေတြက်န္ေနပါေသးတယ္။ Update မရေသးတဲ့ App ေတြကိုသံုးရင္ အေပၚနဲ႔ေအာက္မွာ ေနရာလြတ္မဲမဲႀကီးေတြျဖစ္ေနမွာျဖစ္ပါတယ္။

Apple က Developer ေတြဆီကို Email ပို႔ၿပီး Update လုပ္ေပးရမယ့္အပိုင္းေတြနဲ႔ AR ပိုင္းေတြအေၾကာင္းထည့္သြင္းေျပာၾကားခဲ့ပါတယ္။ အနာဂတ္မွာ macOS ေပၚမွာ iOS App ေတြအသံုးျပဳႏိုင္လာမယ္လို႔လည္းသတင္း အခ်ိဳ႕ထြက္ထားတာေၾကာင့္ App Update ေတြအတြက္ Developer ေတြကို Apple ကတြန္းအားေပးေနပါတယ္။ iPhone X ဟာလည္း ျမင္သာတဲ့ေျပာင္းလဲမႈေတြလုပ္ထားတာေၾကာင့္ User ေတြေရာ Developer ေတြအတြက္ေရာ အသစ္ျဖစ္သြားပါတယ္။ iPhone စကတည္းက Generation အဆက္ဆက္မွာ ေျပာင္းလဲမႈအႀကီးဆံုး iPhone လဲျဖစ္ခဲ့ပါတယ္။

2018 ထဲမွာလည္း Apple က iPhone X လို Full Screen iPhone အသစ္ေတြထုတ္မယ္လို႔ ေကာလဟာလေတြျပန္႔ေနပါၿပီ။ Apple က App ေတြကို Full Screen iPhone ေတြအတြက္ ပိုဖိုအးေပးေနတာကလည္း iPhone အသစ္ေတြနဲ႔ဆယ္ႏြယ္ေနႏိုင္ေၾကာင္းသိရပါတယ္။ Apple ရဲ႕ေနာက္ Product ေတြကိုခန္႔မွန္းဖို႔ေစာေသးတယ္ဆိုေပမယ့္ WWDC ပြဲလည္းရွိေသးတာေၾကာင့္ ခန္႔မွန္းမႈေတြ၊ ေကာလဟာလေတြ ပိုမ်ားလာေတာ့မွာပါ။

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

iPhone X Display အတွက် App တွေကို Update လုပ်ပေးရန် Apple တောင်းဆို

[Unicode]

iPhone X ရဲ့ Super Retina Display ထိပ်က အဝိုက်လေး (Notch) နေရာအထိအပြည့်မပေါ်သေးတဲ့ App တွေကို April လနောက်ဆုံးထားပြီး Update လုပ်ပေးဖို့ Developer တွေဆီကို အကြောင်းကြားထားပါတယ်။ App Store မှာ iPhone X နဲ့အဆင်ပြေတဲ့ App တွေအများကြီးမရှိသေးပါဘူး။ တစ်ချို့လူသုံးများတဲ့ App တွေတောင် iPhone X အတွက် Update မထွက်သေးတာတွေကျန်နေပါသေးတယ်။ Update မရသေးတဲ့ App တွေကိုသုံးရင် အပေါ်နဲ့အောက်မှာ နေရာလွတ်မဲမဲကြီးတွေဖြစ်နေမှာဖြစ်ပါတယ်။

Apple က Developer တွေဆီကို Email ပို့ပြီး Update လုပ်ပေးရမယ့်အပိုင်းတွေနဲ့ AR ပိုင်းတွေအကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ အနာဂတ်မှာ macOS ပေါ်မှာ iOS App တွေအသုံးပြုနိုင်လာမယ်လို့လည်းသတင်း အချို့ထွက်ထားတာကြောင့် App Update တွေအတွက် Developer တွေကို Apple ကတွန်းအားပေးနေပါတယ်။ iPhone X ဟာလည်း မြင်သာတဲ့ပြောင်းလဲမှုတွေလုပ်ထားတာကြောင့် User တွေရော Developer တွေအတွက်ရော အသစ်ဖြစ်သွားပါတယ်။ iPhone စကတည်းက Generation အဆက်ဆက်မှာ ပြောင်းလဲမှုအကြီးဆုံး iPhone လဲဖြစ်ခဲ့ပါတယ်။

2018 ထဲမှာလည်း Apple က iPhone X လို Full Screen iPhone အသစ်တွေထုတ်မယ်လို့ ကောလဟာလတွေပြန့်နေပါပြီ။ Apple က App တွေကို Full Screen iPhone တွေအတွက် ပိုဖိုအးပေးနေတာကလည်း iPhone အသစ်တွေနဲ့ဆယ်နွယ်နေနိုင်ကြောင်းသိရပါတယ်။ Apple ရဲ့နောက် Product တွေကိုခန့်မှန်းဖို့စောသေးတယ်ဆိုပေမယ့် WWDC ပွဲလည်းရှိသေးတာကြောင့် ခန့်မှန်းမှုတွေ၊ ကောလဟာလတွေ ပိုများလာတော့မှာပါ။

Ref: 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။