[Zawgyi] 

iPhone X ေတြကေတာ့ ၿပီးခဲ့တဲ့ႏွစ္အတြက္ အေကာင္းဆံုး iPhone ေတြအျဖစ္ ထြက္လာခဲ့တာျဖစ္လို႔ iPhone ရဲ႕ သမိုင္းတေလွ်ာက္မွာလည္း Design အရ ေျပာင္းလဲမႈအရွိဆံုးအေတြအျဖစ္ ေတြ႕ခဲ့ရပါတယ္။ 

iPhone X

Apple အေနနဲ႔ေတာ့ OLED Display ကို iPhone X မွာ စၿပီးသံုးေပးလာတာျဖစ္သလို Full Screen Design ကိုလည္း iPhone X မွာ စသံုးေပးလာတာပါ။ Full Screen Display က ပထမဦးဆံုးျဖစ္သလို ျပႆနာလည္း အနည္းငယ္ရွိေနပါတယ္။ ျဖစ္တဲ့ ျပႆနာကေတာ့ Touch ပိုင္းမွာပါ။ လက္နဲ႔ထိတာကို Display က Response မျဖစ္သလို မထိဘဲလည္း Display က အလုပ္လုပ္ေနတာမ်ိဳးေတြ ျဖစ္ေနတယ္လို႔ Apple က ေျပာပါတယ္။ 

အခုလိုျဖစ္တာကေတာ့ Display Module ထဲက အစိတ္အပိုင္းတစ္ခုေၾကာင့္ ျဖစ္ၿပီး Apple က ျပန္ျပင္ေပးမယ္ဆိုတဲ့အေၾကာင္းလည္း ေၾကညာထားပါတယ္။ ျဖစ္ပြားတဲ့ iPhone X အေရအတြက္နဲ႔ ဘယ္အခ်ိန္အတြင္းေရာင္းထားတဲ့ iPhone ေတြျဖစ္တယ္ဆိုတာကိုေတာ့ Apple က ေၾကညာမထားလို႔ ဘယ္အလံုးမဆို ျဖစ္ႏိုင္ေခ်ရွိေနပါတယ္။ 

MacBook Pro 13 Inch

MacBook Pro ေတြမွာေတာ့ SSD နဲ႔ ပတ္သက္တဲ့ျပႆနာေတြ ရွိေနတာပါ။ 128GB နဲ႔ 256GB MacBook Pro Non-Touch Bar Model ေတြျဖစ္ၿပီး ၂၀၁၇ ဇြန္လကေန ၂၀၁၈ ဇြန္လအတြင္းေရာင္းထားတဲ့ MacBook Pro ေတြျဖစ္တယ္လို႔ သိရပါတယ္။ အခုျပႆနာေၾကာင့္ Data ဆံုး႐ႈံးတာနဲ႔ MacBook ေတြ လံုးဝသံုးလို႔မရတာအထိ ျဖစ္တတ္တယ္လို႔ Apple က ေၾကညာထားပါတယ္။ Touch Bar ပါတဲ့ Model ေတြကေတာ့ အခုလို ျပႆနာျဖစ္တဲ့ စာရင္းထဲမွာ မပါဘူးလို႔ သိရပါတယ္။ Apple ကေတာ့ အခုလို ျဖစ္တဲ့ ျပႆနာေတြအတြက္ လိုအပ္တဲ့ ျပဳျပင္မႈေတြကို လုပ္ေပးသြားမယ္လို႔ ေၾကညာထားပါတယ္။ iPhone X ေတြကေတာ့ ပိုၿပီး အျဖစ္မ်ားမယ္လို႔ ယူဆရပါတယ္။  

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

iPhone X နဲ့ MacBook Pro 13 Inch တွေမှာ ပြဿနာရှိတယ်လို့ Apple ကြေညာပြီ

iPhone X တွေကတော့ ပြီးခဲ့တဲ့နှစ်အတွက် အကောင်းဆုံး iPhone တွေအဖြစ် ထွက်လာခဲ့တာဖြစ်လို့ iPhone ရဲ့ သမိုင်းတလျှောက်မှာလည်း Design အရ ပြောင်းလဲမှုအရှိဆုံးအတွေအဖြစ် တွေ့ခဲ့ရပါတယ်။ 

iPhone X

Apple အနေနဲ့တော့ OLED Display ကို iPhone X မှာ စပြီးသုံးပေးလာတာဖြစ်သလို Full Screen Design ကိုလည်း iPhone X မှာ စသုံးပေးလာတာပါ။ Full Screen Display က ပထမဦးဆုံးဖြစ်သလို ပြဿနာလည်း အနည်းငယ်ရှိနေပါတယ်။ ဖြစ်တဲ့ ပြဿနာကတော့ Touch ပိုင်းမှာပါ။ လက်နဲ့ထိတာကို Display က Response မဖြစ်သလို မထိဘဲလည်း Display က အလုပ်လုပ်နေတာမျိုးတွေ ဖြစ်နေတယ်လို့ Apple က ပြောပါတယ်။ 

အခုလိုဖြစ်တာကတော့ Display Module ထဲက အစိတ်အပိုင်းတစ်ခုကြောင့် ဖြစ်ပြီး Apple က ပြန်ပြင်ပေးမယ်ဆိုတဲ့အကြောင်းလည်း ကြေညာထားပါတယ်။ ဖြစ်ပွားတဲ့ iPhone X အရေအတွက်နဲ့ ဘယ်အချိန်အတွင်းရောင်းထားတဲ့ iPhone တွေဖြစ်တယ်ဆိုတာကိုတော့ Apple က ကြေညာမထားလို့ ဘယ်အလုံးမဆို ဖြစ်နိုင်ချေရှိနေပါတယ်။ 

MacBook Pro 13 Inch

MacBook Pro တွေမှာတော့ SSD နဲ့ ပတ်သက်တဲ့ပြဿနာတွေ ရှိနေတာပါ။ 128GB နဲ့ 256GB MacBook Pro Non-Touch Bar Model တွေဖြစ်ပြီး ၂၀၁၇ ဇွန်လကနေ ၂၀၁၈ ဇွန်လအတွင်းရောင်းထားတဲ့ MacBook Pro တွေဖြစ်တယ်လို့ သိရပါတယ်။ အခုပြဿနာကြောင့် Data ဆုံးရှုံးတာနဲ့ MacBook တွေ လုံးဝသုံးလို့မရတာအထိ ဖြစ်တတ်တယ်လို့ Apple က ကြေညာထားပါတယ်။ Touch Bar ပါတဲ့ Model တွေကတော့ အခုလို ပြဿနာဖြစ်တဲ့ စာရင်းထဲမှာ မပါဘူးလို့ သိရပါတယ်။ Apple ကတော့ အခုလို ဖြစ်တဲ့ ပြဿနာတွေအတွက် လိုအပ်တဲ့ ပြုပြင်မှုတွေကို လုပ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။ iPhone X တွေကတော့ ပိုပြီး အဖြစ်များမယ်လို့ ယူဆရပါတယ်။  

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com