[Zawgyi] 

Apple က iPhone 8 ေတြကို RED Edition အေနနဲ႔ထုတ္လာမယ္လို႔ မေန႔ကသတင္းထြက္ခဲ့ၿပီး သံုးနာရီေလာက္အၾကာမွာပဲ iPhone 8 (RED) ေတြကုိ Apple ကသူတို႔ Website မွာပဲေၾကျငာခဲ့ပါတယ္။ အားလံုးမွန္းထားတဲ့အတိုင္းပဲ iPhone 8 နဲ႔ 8 Plus ေတြကိုပဲ RED Edition အေနနဲ႔ထုတ္ေပးသြားၿပီး iPhone X ကိုေတာ့ ခ်န္ထားခဲ့ပါတယ္။ 

Gold ၊ Silver ၊ Space Gray and (PRODUCT) RED

Apple အေနနဲ႔ေတာ့ ႀကိဳတင္ေၾကာ္ျငာထားတာမ်ိဳးမရွိပဲ Online Store မွာပဲ (PRODUCT) RED ေတြဝယ္လို႔ရေတာ့မယ္ဆိုတာ တင္ခဲ့ပါတယ္။ iPhone 7 (RED) ေတြကို ေရာင္းခ်တဲ့အခ်ိန္ကလည္း အခုလိုပဲ ေၾကာ္ျငာတာမ်ိဳးမလုပ္ပဲ Apple ရဲ႕ Website မွာပဲေဖာ္ျပခဲ့တာပါ။ iPhone X ကိုေတာ့ (PRODUCT) RED အေနနဲ႔ ထုတ္လုပ္ျခင္းမရွိပဲ Leather Cover (RED) ကိုပဲထုတ္ေပးခဲ့ပါတယ္။ iPhone X ကေတာ့ လက္ရွိအခ်ိန္မွာ လူအမ်ားစိတ္ဝင္စားမႈရွိေနေသးတဲ့ဖုန္းတစ္လံုးျဖစ္တဲ့အျပင္ Apple ရဲ႕တန္ဖိုးအႀကီးဆံုး iPhone ျဖစ္တာေၾကာင့္ RED Version ကိုမထုတ္တာျဖစ္ႏိုင္ပါတယ္။ 

iPhone 8 (RED) ေတြကိုေတာ့ အရင္က iPhone 7 (RED) ေတြလိုမ်ိဳး လူႀကိဳက္နည္းခဲ့တဲ့ Display ေဘာင္အျဖဴႀကီးကို အသံုးမျပဳေတာ့ပဲ အနက္ေရာင္ ေဘာင္ေတြကိုသံုးထားတာေတြ႕ရပါတယ္။ iPhone 7 (RED) ေတြကို လူေတာ္ေတာ္မ်ားမ်ား ေဝဖန္ခဲ့ၾကတာေၾကာင့္ Apple အေနနဲ႔အခုလို ေျပာင္းလဲေပးလားတာျဖစ္မွာပါ။ iPhone 8 နဲ႔ 8 Plus (RED) ေတြကို ေအပရယ္လ ၁၀ ရက္မွစတင္ၿပီး မွာယူလို႔ရၿပီလို႔ေၾကာျငာထားပါတယ္။ ျမန္မာႏိုင္ငံကိုေတာ့ သႀကၤအၿပီးေလာက္မွာ ဝင္ေရာက္လာႏိုင္မယ္လို႔ ခန္္႔မွန္းရပါတယ္။ ေစ်းကေတာ့ အရင္ထြက္ထားတဲ့ iPhone 8 ေတြနဲ႔အတူတူပဲျဖစ္သလို အေရာင္ကြာျခားခ်က္ကလြဲလို႔ က်န္တာေတြအားလံုုး အတူတူပဲျဖစ္ပါတယ္။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

PRODUCT RED အနေနဲ့ထွက်လာပြီဖြစ်တဲ့ iPhone 8 နဲ့ 8 Plus

Apple က iPhone 8 တွေကို RED Edition အနေနဲ့ထုတ်လာမယ်လို့ မနေ့ကသတင်းထွက်ခဲ့ပြီး သုံးနာရီလောက်အကြာမှာပဲ iPhone 8 (RED) တွေကို Apple ကသူတို့ Website မှာပဲကြေငြာခဲ့ပါတယ်။ အားလုံးမှန်းထားတဲ့အတိုင်းပဲ iPhone 8 နဲ့ 8 Plus တွေကိုပဲ RED Edition အနေနဲ့ထုတ်ပေးသွားပြီး iPhone X ကိုတော့ ချန်ထားခဲ့ပါတယ်။ 

Gold ၊ Silver ၊ Space Gray and (PRODUCT) RED

Apple အနေနဲ့တော့ ကြိုတင်ကြော်ငြာထားတာမျိုးမရှိပဲ Online Store မှာပဲ (PRODUCT) RED တွေဝယ်လို့ရတော့မယ်ဆိုတာ တင်ခဲ့ပါတယ်။ iPhone 7 (RED) တွေကို ရောင်းချတဲ့အချိန်ကလည်း အခုလိုပဲ ကြော်ငြာတာမျိုးမလုပ်ပဲ Apple ရဲ့ Website မှာပဲဖော်ပြခဲ့တာပါ။ iPhone X ကိုတော့ (PRODUCT) RED အနေနဲ့ ထုတ်လုပ်ခြင်းမရှိပဲ Leather Cover (RED) ကိုပဲထုတ်ပေးခဲ့ပါတယ်။ iPhone X ကတော့ လက်ရှိအချိန်မှာ လူအများစိတ်ဝင်စားမှုရှိနေသေးတဲ့ဖုန်းတစ်လုံးဖြစ်တဲ့အပြင် Apple ရဲ့တန်ဖိုးအကြီးဆုံး iPhone ဖြစ်တာကြောင့် RED Version ကိုမထုတ်တာဖြစ်နိုင်ပါတယ်။ 

iPhone 8 (RED) တွေကိုတော့ အရင်က iPhone 7 (RED) တွေလိုမျိုး လူကြိုက်နည်းခဲ့တဲ့ Display ဘောင်အဖြူကြီးကို အသုံးမပြုတော့ပဲ အနက်ရောင် ဘောင်တွေကိုသုံးထားတာတွေ့ရပါတယ်။ iPhone 7 (RED) တွေကို လူတော်တော်များများ ဝေဖန်ခဲ့ကြတာကြောင့် Apple အနေနဲ့အခုလို ပြောင်းလဲပေးလားတာဖြစ်မှာပါ။ iPhone 8 နဲ့ 8 Plus (RED) တွေကို အေပရယ်လ ၁၀ ရက်မှစတင်ပြီး မှာယူလို့ရပြီလို့ကြောငြာထားပါတယ်။ မြန်မာနိုင်ငံကိုတော့ သင်္ကြအပြီးလောက်မှာ ဝင်ရောက်လာနိုင်မယ်လို့ ခန့််မှန်းရပါတယ်။ ဈေးကတော့ အရင်ထွက်ထားတဲ့ iPhone 8 တွေနဲ့အတူတူပဲဖြစ်သလို အရောင်ကွာခြားချက်ကလွဲလို့ ကျန်တာတွေအားလုံုး အတူတူပဲဖြစ်ပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။