[Zawgyi] 
Apple ရဲ႕ Special Event ႀကီးကေတာ့ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ က်င္းပၿပီးသြားပါၿပီ။ ဒီပြဲမွာေတာ့ ထုတ္ကုန္အသစ္ေတြကို မိတ္ဆက္ေပးသြားခဲ့သလို Software ပိုင္းနဲ႔ပတ္သက္တာေတြကိုလည္း ေၾကညာေပးသြားခဲ့ပါေသးတယ္။ အဓိက ထုတ္ကုန္သစ္ေတြအေနနဲ႔ MacBook Air အသစ္ ၊ Mac mini အသစ္နဲ႔ iPad Pro အသစ္ေတြကို မိတ္ဆက္ေပးသြားခဲ့ပါတယ္။

MacBook Air

Apple က MacBook Air ကို Design အသစ္နဲ႔ထုတ္မေပးဘဲ ခ်န္ထားခဲ့ၿပီး 12 Inch MacBook အသစ္ေတြကိုပဲ မိတ္ဆက္ခဲ့သလို Design အသစ္နဲ႔ MacBook Pro ေတြကိုပဲ ေစ်းကြက္တင္ခဲ့တာပါ။ MacBook Air က ေက်ာင္းသားေတြနဲ႔၊ ႐ံုးဝန္ထမ္းေတြအတြက္ေတာ့ ေစ်းအသက္သာဆံုးနဲ႔ သယ္သြားရလြယ္ကူတဲ့ Notebook ျဖစ္ေနတာေၾကာင့္ ေစ်းကြက္ထဲမွာ နည္မည္ႀကီးခဲ့ပါတယ္။ အခုေတာ့ Air ဆိုတာ အျမင္အသစ္နဲ႔ ထြက္လာၿပီျဖစ္တာေၾကာင့္ ေနာက္တစ္ေခါက္ စိတ္ဝင္စားဖို႔ေကာင္းလာပါၿပီ။

Retina Display

MacBook Air အသစ္ကိုေတာ့ လက္ရွိ 12 Inch MacBook ေတြရဲ႕ Design နဲ႔ ခပ္ဆင္ဆင္ပဲ ထုတ္ေပးထားတာေၾကာင့္ Body က ပါးၿပီး Display ေဘးက Bezel ေတြလည္း ပိုေသးလာပါတယ္။ Display ကလည္း 13.3 Inch Retina Display (2560 x 1600) ျဖစ္လာၿပီး USB-C ႏွစ္ေပါက္ ထည့္ေပးထားပါတယ္။ Keyboard ေတြကလည္း အခုေနာက္ပိုင္း MacBook ေတြမွာ ေတြ႕ရတဲ့အတိုင္း 3rd Generation Butterfly Mechanism နဲ႔ Keyboard ေတြျဖစ္လာပါတယ္။

Touch ID လည္း ပါလာသလို Trackpad ကလည္း Glass နဲ႔ Force Touch Trackpad ျဖစ္လာပါတယ္။ Battery Life အေနနဲ႔လည္း Apple က ၁၃ နာရီဆက္တိုုက္ Movie ၾကည့္လို႔ရတယ္လို႔ ေၾကညာခဲ့ပါေသးတယ္။

USB-C Ports

Specification ေတြအေနနဲ႔ေတာ့ MacBook Air အသစ္ေတြကို 8th Generation Intel Core i5 နဲ႔ေတြ႕ရမွာျဖစ္ၿပီး RAM အေနနဲ႔ေတာ့ 8GB နဲ႔ 16GB ဆိုၿပီး ႏွစ္မ်ိဳးေ႐ြးလို႔ရမွာပါ။ SSD Storage အေနနဲ႔လည္း 256GB ၊ 512GB နဲ႔ 1.5TB ဆိုၿပီး ဝယ္လို႔ရလို႔ ကိုယ္နဲ႔အဆင္ေျပတာကိုေ႐ြးလို႔ရပါတယ္။ Graphic ကေတာ့ Intel UHD Graphics 617 တစ္မ်ိဳးပဲ ရႏိုင္မွာပါ။ အေရာင္ေတြအေနနဲ႔ေတာ့ Silver ၊ Gold နဲ႔ Space Grey ဆိုၿပီး ၃ မ်ိဳးရႏိုင္မွာပါ။ ေစ်းအေနနဲ႔ေတာ့ $1,199 ကေန $2,599 အထိ ရွိပါတယ္။ ေ႐ြးခ်ယ္တဲ့ RAM ပမာဏနဲ႔ SSD Storage ေတြေၾကာင့္ ေစ်းေတြကြာသြားတာပါ။

Mac mini

ေစ်းအသက္သာဆံုး Mac လို႔နာမည္ႀကီးတဲ့ Mac mini ေလးေတြကိုလည္း Apple က အသစ္ထုတ္မေပးတာ ႏွစ္ေတြၾကာေနခဲ့ၿပီးေနာက္ပိုင္း အခုမွ အသစ္ထုတ္ေပးလာတာပါ။ Mac min အသစ္မွာေတာ့ 8th Generation Intel Core Processor ေတြကို i3 ၊ i5 နဲ႔ i7 ဆိုၿပီး ေရြးဝယ္လို႔ရတာေတြ႕ရပါတယ္။ Graphic ကေတာ့ Intel UHD Graphics 630 နဲ႔ပဲ ရႏိုင္မွာပါ။ RAM မွာဆိုရင္ DDR4 ကို 16GB ၊ 32GB ကေန 64GB အထိ ေ႐ြးလို႔ရသလို PCIe-Based SSD Storage မွာလည္း 128GB ကေန 2TB အထိ ေ႐ြးလို႔ရလို႔ အလုပ္အတြက္ လိုအပ္တဲ့ Model ကို ေ႐ြးဝယ္ႏိုင္မွာပါ။ Mac mini နဲ႔ေတာ့ Display ၃ လံုးအထိတြဲသံုးႏိုင္ၿပီး eGPU ေတြနဲ႔လည္း တြဲသံုးႏိုင္လို႔ လိုအပ္သလို ဆင္လို႔ရတာက အားသာခ်က္ပါ။

Mac mini I/O

I/O အေနနဲ႔ေတာ့ Ethernet ၊ Thunderbolt 3 ရတဲ့ USB-C ေပါက္ ၄ ခု၊ HDMI 2.0 တစ္ေပါက္၊ USB 3.0 ႏွစ္ေပါက္နဲ႔ 3.5mm Headphone Jack အတြက္ တစ္ေပါက္ပါဝင္ပါတယ္။ အနိမ့္ဆံုးေစ်း $799 ကေန အျမင့္ဆံုးေစ်း $4,199 အထိရွိပါတယ္။

iPad Pro and Apple Pencil

iPad Pro ကေတာ့ သတင္းေပါက္ထားတဲ့အတို္င္းပဲ Home Button မပါလာေတာ့ပါဘူး။ Touch ID အစား Face ID ပါလာပါၿပီ။ ဒါေပမယ့္ ဒီမွာထူးျခားတာကေတာ့ Face ID က iPhone ေတြနဲ႔မတူဘဲ iPad ကို အလ်ားလိုက္သံုးသံုး၊ ေဒါင္လိုက္သံုးသံုး၊ ေဇာက္ထိုးသံုးသံုး Unlock လုပ္ေပးႏိုင္တဲ့အခ်က္ပါ။ iPad Pro အသစ္ႏွစ္လံုးကိုေတာ့ 11 Inch Display နဲ႔ 12.9 Inch ဆိုၿပီး ထုတ္ေပးလိုက္တာပါ။ Display ေတြကေတာ့ မ်က္ႏွာျပင္တစ္ခုလံုးနီးပါးမွာ ေနရာယူထားတာေၾကာင့္ အရင္က iPad ေတြထက္ေတာ့ ပိုၿပီးၾကည့္လို႔ေကာင္းလာပါတယ္။

All new iPad Pro

iPad ရဲ႕ ေဘးေဘာင္ေတြကလည္း အရင္ကလို လံုးမေနေတာ့ဘဲ iPhone 5 ေတြမွာေတြ႕ခဲ့ရသလိုပဲ ျပန္ၿပီး ေလးေထာင့္ဆန္ဆန္ျဖစ္လာပါၿပီ။ ဒါေပမယ့္ iPhone ေတြမွာလိုေတာ့ အနားသတ္အစြန္းေတြကို Chamfered Edge ေတြျဖစ္ေအာင္ လုပ္ေပးမထားပါဘူး။ ေလးေထာင့္ဆန္ေပမယ့္ လက္ထဲမွာေတာ့ ၾကာၾကာကိုင္အသံုးျပဳတဲ့အခါ ေခ်ာေခ်ာေမြ႕ေမြ႕ရွိိေနမယ္လို႔ ယူဆရပါတယ္။

Body မွာေတာ့ Keyboard အတြက္ Smart Connector ကို ေနာက္ေက်ာဖက္ပို႔လိုက္သလို Lightning Connector အစား USB-C ကို ေျပာင္းထည့္ေပးလာပါၿပီ။ ေဘးဖက္မွာေတာ့ Magnetic Connector အသစ္ကို ထည့္ေပးလာပါတယ္။ အဲ့တာကေတာ့ Apple Pencil အသစ္အတြက္ပါ။ Apple Pencil အသစ္ကိုေတာ့ Wireless Charging Feature ထည့္ေပးလာၿပီး iPad Pro ကို ကပ္လိုက္႐ံုပါပဲ။

New Design

Specification ေတြအေနနဲ႔ေတာ့ iPad Pro မွာ Apple ရဲ႕ A12X Bionic Chip ကို သံုးေပးထားပါတယ္။ အရင္က iPad Pro ေတြထက္ သိသိသာသာ ပိုျမန္လာမွာျဖစ္သလို Gaming ပို္င္းမွာလည္း အမ်ားႀကီးတိုးတက္လာပါတယ္။ A12X ကေတာ့ တကယ့္ကို ဘီလူးႀကီးပဲလို႔ Apple က ေႂကြးေၾကာ္သြားပါတယ္။ Storage ေတြကိုေတာ့ 64GB ၊ 256GB ၊ 512GB အျပင္ 1TB အထိပါ ေ႐ြးဝယ္လို႔ရလာပါၿပီ။

11 Inch and 12.9 Inch

Display ေတြကေတာ့ 11 Inch Model မွာ (2388 x 1668) Resolution ၊ 264ppi ရွိၿပီး 12.9 Inch Model မွာ (2732 x 2048) Resolution ၊ 264ppi ရွိပါတယ္။ Display ေတြက LCD Display ေတြျဖစ္ေနေသးတာေၾကာင့္ ProMotion လို႔ေခၚတဲ့ 120Hz Refresh Rate ကိုရႏိုင္ေနေသးတဲ့အျပင္ A12X ရဲ႕ အကူအညီနဲ႔ Gaming ပိုင္းမွာလည္း 120fps အထိ ေဆာ့လို႔ရလာပါၿပီ။ Display ေတြကိုေတာ့ iPhone XR မွာလိုပဲ Liquid Retina Display လို႔ နာမည္ေပးထားပါတယ္။ Main Camera ကေတာ့ 12MP f/1.8 Aperture ရွိၿပီး iPhone XS ေတြရဲ႕ Main Camera နဲ႔ အတူတူပါပဲ။ ဒါေပမယ့္ iPhone XR မွာလို Camera တစ္လံုးတည္းနဲ႔ Portrait Mode ႐ိုက္လို႔ရေအာင္ေတာ့ လုပ္ေပးမထားသလို OIS လည္း မပါပါဘူး။

True Depth Camera Portrait Mode

Face ID ပါလို႔ True Depth Cmera ေတြနဲ႔ေတာ့ Portrait Mode ႐ိုက္ႏိုင္ေအာင္လုပ္ေပးထားပါတယ္။ Animoji နဲ႔ Memoji ေတြကိုလည္း အခု iPad Pro အသစ္ေတြမွာ သံုးလို႔ရလာပါၿပီ။ iPad Pro ေတြကိုေတာ့11 Inch Model ကို $799 ကေန $1,699 အထိ Specification အမ်ိဳးမ်ိဳးနဲ႔ ဝယ္လို႔ရသလို 12.9 Inch Model ေတြကိုလည္း $999 ကေန $1,899 အထိ ေ႐ြးဝယ္ႏုိင္မွာပါ။

Smart Keyboard Folio and New Apple Pencil

Keyboard နဲ႔ Apple Pencil ပါဝယ္မယ္ဆိုရင္ေတာ့ $2,227 အထိက်ႏိုင္ပါတယ္။ iPad သမိုင္းမွာေတာ့ ေစ်းအမ်ားဆံုးျဖစ္သြားပါၿပီ။ iPad Pro အသစ္ေတြအတြက္ Apple Pencil နဲ႔ Smart Keyboard Folio ေတြကလည္း သီးျခားထုတ္ကုန္အသစ္ေတြပါ။ iPad Pro ေတြအတြက္ေတာ့ Adobe Photoshop ကို လာမယ့္ ၂၀၁၉ မွာ ထုတ္ေပးသြားမယ္လို႔လည္း ေၾကညာသြားပါေသးတယ္။

Ref: Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Uicode]

 

Apple က iPad Pro အသစ်တွေနဲ့ MacBook အသစ်တွေကို မိတ်ဆက်လိုက်ပြီ

Apple ရဲ့ Special Event ကြီးကတော့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပပြီးသွားပါပြီ။ ဒီပွဲမှာတော့ ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးသွားခဲ့သလို Software ပိုင်းနဲ့ပတ်သက်တာတွေကိုလည်း ကြေညာပေးသွားခဲ့ပါသေးတယ်။ အဓိက ထုတ်ကုန်သစ်တွေအနေနဲ့ MacBook Air အသစ် ၊ Mac mini အသစ်နဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။

MacBook Air

Apple က MacBook Air ကို Design အသစ်နဲ့ထုတ်မပေးဘဲ ချန်ထားခဲ့ပြီး 12 Inch MacBook အသစ်တွေကိုပဲ မိတ်ဆက်ခဲ့သလို Design အသစ်နဲ့ MacBook Pro တွေကိုပဲ ဈေးကွက်တင်ခဲ့တာပါ။ MacBook Air က ကျောင်းသားတွေနဲ့၊ ရုံးဝန်ထမ်းတွေအတွက်တော့ ဈေးအသက်သာဆုံးနဲ့ သယ်သွားရလွယ်ကူတဲ့ Notebook ဖြစ်နေတာကြောင့် ဈေးကွက်ထဲမှာ နည်မည်ကြီးခဲ့ပါတယ်။ အခုတော့ Air ဆိုတာ အမြင်အသစ်နဲ့ ထွက်လာပြီဖြစ်တာကြောင့် နောက်တစ်ခေါက် စိတ်ဝင်စားဖို့ကောင်းလာပါပြီ။

Retina Display

MacBook Air အသစ်ကိုတော့ လက်ရှိ 12 Inch MacBook တွေရဲ့ Design နဲ့ ခပ်ဆင်ဆင်ပဲ ထုတ်ပေးထားတာကြောင့် Body က ပါးပြီး Display ဘေးက Bezel တွေလည်း ပိုသေးလာပါတယ်။ Display ကလည်း 13.3 Inch Retina Display (2560 x 1600) ဖြစ်လာပြီး USB-C နှစ်ပေါက် ထည့်ပေးထားပါတယ်။ Keyboard တွေကလည်း အခုနောက်ပိုင်း MacBook တွေမှာ တွေ့ရတဲ့အတိုင်း 3rd Generation Butterfly Mechanism နဲ့ Keyboard တွေဖြစ်လာပါတယ်။

Touch ID လည်း ပါလာသလို Trackpad ကလည်း Glass နဲ့ Force Touch Trackpad ဖြစ်လာပါတယ်။ Battery Life အနေနဲ့လည်း Apple က ၁၃ နာရီဆက်တိုုက် Movie ကြည့်လို့ရတယ်လို့ ကြေညာခဲ့ပါသေးတယ်။

USB-C Ports

Specification တွေအနေနဲ့တော့ MacBook Air အသစ်တွေကို 8th Generation Intel Core i5 နဲ့တွေ့ရမှာဖြစ်ပြီး RAM အနေနဲ့တော့ 8GB နဲ့ 16GB ဆိုပြီး နှစ်မျိုးရွေးလို့ရမှာပါ။ SSD Storage အနေနဲ့လည်း 256GB ၊ 512GB နဲ့ 1.5TB ဆိုပြီး ဝယ်လို့ရလို့ ကိုယ်နဲ့အဆင်ပြေတာကိုရွေးလို့ရပါတယ်။ Graphic ကတော့ Intel UHD Graphics 617 တစ်မျိုးပဲ ရနိုင်မှာပါ။ အရောင်တွေအနေနဲ့တော့ Silver ၊ Gold နဲ့ Space Grey ဆိုပြီး ၃ မျိုးရနိုင်မှာပါ။ ဈေးအနေနဲ့တော့ $1,199 ကနေ $2,599 အထိ ရှိပါတယ်။ ရွေးချယ်တဲ့ RAM ပမာဏနဲ့ SSD Storage တွေကြောင့် ဈေးတွေကွာသွားတာပါ။

Mac mini

ဈေးအသက်သာဆုံး Mac လို့နာမည်ကြီးတဲ့ Mac mini လေးတွေကိုလည်း Apple က အသစ်ထုတ်မပေးတာ နှစ်တွေကြာနေခဲ့ပြီးနောက်ပိုင်း အခုမှ အသစ်ထုတ်ပေးလာတာပါ။ Mac min အသစ်မှာတော့ 8th Generation Intel Core Processor တွေကို i3 ၊ i5 နဲ့ i7 ဆိုပြီး ရွေးဝယ်လို့ရတာတွေ့ရပါတယ်။ Graphic ကတော့ Intel UHD Graphics 630 နဲ့ပဲ ရနိုင်မှာပါ။ RAM မှာဆိုရင် DDR4 ကို 16GB ၊ 32GB ကနေ 64GB အထိ ရွေးလို့ရသလို PCIe-Based SSD Storage မှာလည်း 128GB ကနေ 2TB အထိ ရွေးလို့ရလို့ အလုပ်အတွက် လိုအပ်တဲ့ Model ကို ရွေးဝယ်နိုင်မှာပါ။ Mac mini နဲ့တော့ Display ၃ လုံးအထိတွဲသုံးနိုင်ပြီး eGPU တွေနဲ့လည်း တွဲသုံးနိုင်လို့ လိုအပ်သလို ဆင်လို့ရတာက အားသာချက်ပါ။

Mac mini I/O

I/O အနေနဲ့တော့ Ethernet ၊ Thunderbolt 3 ရတဲ့ USB-C ပေါက် ၄ ခု၊ HDMI 2.0 တစ်ပေါက်၊ USB 3.0 နှစ်ပေါက်နဲ့ 3.5mm Headphone Jack အတွက် တစ်ပေါက်ပါဝင်ပါတယ်။ အနိမ့်ဆုံးဈေး $799 ကနေ အမြင့်ဆုံးဈေး $4,199 အထိရှိပါတယ်။

iPad Pro and Apple Pencil

iPad Pro ကတော့ သတင်းပေါက်ထားတဲ့အတိုင်းပဲ Home Button မပါလာတော့ပါဘူး။ Touch ID အစား Face ID ပါလာပါပြီ။ ဒါပေမယ့် ဒီမှာထူးခြားတာကတော့ Face ID က iPhone တွေနဲ့မတူဘဲ iPad ကို အလျားလိုက်သုံးသုံး၊ ဒေါင်လိုက်သုံးသုံး၊ ဇောက်ထိုးသုံးသုံး Unlock လုပ်ပေးနိုင်တဲ့အချက်ပါ။ iPad Pro အသစ်နှစ်လုံးကိုတော့ 11 Inch Display နဲ့ 12.9 Inch ဆိုပြီး ထုတ်ပေးလိုက်တာပါ။ Display တွေကတော့ မျက်နှာပြင်တစ်ခုလုံးနီးပါးမှာ နေရာယူထားတာကြောင့် အရင်က iPad တွေထက်တော့ ပိုပြီးကြည့်လို့ကောင်းလာပါတယ်။

All new iPad Pro

iPad ရဲ့ ဘေးဘောင်တွေကလည်း အရင်ကလို လုံးမနေတော့ဘဲ iPhone 5 တွေမှာတွေ့ခဲ့ရသလိုပဲ ပြန်ပြီး လေးထောင့်ဆန်ဆန်ဖြစ်လာပါပြီ။ ဒါပေမယ့် iPhone တွေမှာလိုတော့ အနားသတ်အစွန်းတွေကို Chamfered Edge တွေဖြစ်အောင် လုပ်ပေးမထားပါဘူး။ လေးထောင့်ဆန်ပေမယ့် လက်ထဲမှာတော့ ကြာကြာကိုင်အသုံးပြုတဲ့အခါ ချောချောမွေ့မွေ့ရှိနေမယ်လို့ ယူဆရပါတယ်။

Body မှာတော့ Keyboard အတွက် Smart Connector ကို နောက်ကျောဖက်ပို့လိုက်သလို Lightning Connector အစား USB-C ကို ပြောင်းထည့်ပေးလာပါပြီ။ ဘေးဖက်မှာတော့ Magnetic Connector အသစ်ကို ထည့်ပေးလာပါတယ်။ အဲ့တာကတော့ Apple Pencil အသစ်အတွက်ပါ။ Apple Pencil အသစ်ကိုတော့ Wireless Charging Feature ထည့်ပေးလာပြီး iPad Pro ကို ကပ်လိုက်ရုံပါပဲ။

New Design

Specification တွေအနေနဲ့တော့ iPad Pro မှာ Apple ရဲ့ A12X Bionic Chip ကို သုံးပေးထားပါတယ်။ အရင်က iPad Pro တွေထက် သိသိသာသာ ပိုမြန်လာမှာဖြစ်သလို Gaming ပိုင်းမှာလည်း အများကြီးတိုးတက်လာပါတယ်။ A12X ကတော့ တကယ့်ကို ဘီလူးကြီးပဲလို့ Apple က ကြွေးကြော်သွားပါတယ်။ Storage တွေကိုတော့ 64GB ၊ 256GB ၊ 512GB အပြင် 1TB အထိပါ ရွေးဝယ်လို့ရလာပါပြီ။

11 Inch and 12.9 Inch

Display တွေကတော့ 11 Inch Model မှာ (2388 x 1668) Resolution ၊ 264ppi ရှိပြီး 12.9 Inch Model မှာ (2732 x 2048) Resolution ၊ 264ppi ရှိပါတယ်။ Display တွေက LCD Display တွေဖြစ်နေသေးတာကြောင့် ProMotion လို့ခေါ်တဲ့ 120Hz Refresh Rate ကိုရနိုင်နေသေးတဲ့အပြင် A12X ရဲ့ အကူအညီနဲ့ Gaming ပိုင်းမှာလည်း 120fps အထိ ဆော့လို့ရလာပါပြီ။ Display တွေကိုတော့ iPhone XR မှာလိုပဲ Liquid Retina Display လို့ နာမည်ပေးထားပါတယ်။ Main Camera ကတော့ 12MP f/1.8 Aperture ရှိပြီး iPhone XS တွေရဲ့ Main Camera နဲ့ အတူတူပါပဲ။ ဒါပေမယ့် iPhone XR မှာလို Camera တစ်လုံးတည်းနဲ့ Portrait Mode ရိုက်လို့ရအောင်တော့ လုပ်ပေးမထားသလို OIS လည်း မပါပါဘူး။

True Depth Camera Portrait Mode

Face ID ပါလို့ True Depth Cmera တွေနဲ့တော့ Portrait Mode ရိုက်နိုင်အောင်လုပ်ပေးထားပါတယ်။ Animoji နဲ့ Memoji တွေကိုလည်း အခု iPad Pro အသစ်တွေမှာ သုံးလို့ရလာပါပြီ။ iPad Pro တွေကိုတော့11 Inch Model ကို $799 ကနေ $1,699 အထိ Specification အမျိုးမျိုးနဲ့ ဝယ်လို့ရသလို 12.9 Inch Model တွေကိုလည်း $999 ကနေ $1,899 အထိ ရွေးဝယ်နိုင်မှာပါ။

Smart Keyboard Folio and New Apple Pencil

Keyboard နဲ့ Apple Pencil ပါဝယ်မယ်ဆိုရင်တော့ $2,227 အထိကျနိုင်ပါတယ်။ iPad သမိုင်းမှာတော့ ဈေးအများဆုံးဖြစ်သွားပါပြီ။ iPad Pro အသစ်တွေအတွက် Apple Pencil နဲ့ Smart Keyboard Folio တွေကလည်း သီးခြားထုတ်ကုန်အသစ်တွေပါ။ iPad Pro တွေအတွက်တော့ Adobe Photoshop ကို လာမယ့် ၂၀၁၉ မှာ ထုတ်ပေးသွားမယ်လို့လည်း ကြေညာသွားပါသေးတယ်။

Ref: Apple 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။