[Zawgyi]

iOS 12.1 Update ကုိေတာ့ ဒီေန႔ညမွာလုပ္မယ့္ Special Event အၿပီးမွာ iPhone နဲ႔ iPad ေတြအတြက္ ထုတ္ေပးသြားမွာျဖစ္ပါတယ္။ iOS 12.1 မွာေတာ့ iOS 12.0.1 မွာအဆင္မေျပျဖစ္ခဲ့တာေတြကို ေျဖရွင္းေပးထားသလို Feature အသစ္ေတြကိုလည္း ထပ္ထည့္ေပးသြားမယ္လို႔ သိရပါတယ္။

Group FaceTime Call

iOS 12 အရင္ Version ေတြမွာ iPhone XS ၊ XS Max ေတြနဲ႔ ဓာတ္ပံု႐ုိက္တဲ့ခါ မ်က္ႏွာေတြကို Smooth ျဖစ္ေအာင္ လုပ္သလိုျဖစ္ေနတာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ား မေက်နပ္ခဲ့ၾကပါဘူး။ အဲ့ဒီလိုျပႆနာျဖစ္ရတာကေတာ့ Apple အသစ္ထည့္ေပးလိုက္တဲ့ Smart HDR Feature ေၾကာင့္ျဖစ္ရတာလို႔ သိရပါတယ္။ အခုလာမယ့္ iOS 12.1 မွာေတာ့ အဲ့ဒီလို Smoothing ျဖစ္တဲ့ ျပႆနာကို ေျဖရွင္းေပးသြားမွာပါ။

Depth Control

iPhone အသစ္ေတြျဖစ္တဲ့ iPhone XS ၊ iPhone XS Max နဲ႔ iPhone XR ေတြအတြက္ Feature အသစ္ေတြကိုလည္း iOS 12.1 က ယူလာေပးဦးမွာပါ။ အဲ့တာေတြကေတာ့ Camera Preview မွာ Depth Control ပါလာတာနဲ႔ Dual SIM Support အတြက္္ပဲျဖစ္ပါတယ္။ Depth Control ကေတာ့ Portrait Mode ႐ိုက္ေနတဲ့အခ်ိန္မွာ ေနာက္ခံကို ဝါးေအာင္ခ်ိန္တဲ့အခါ ကိုယ္လိုတဲ့အတုိင္းအတာအထိ ခ်ိန္လို႔ရေအာင္ Camera နဲ႔ မ႐ိုက္ခင္မွာကိုပဲ ခ်ိန္လို႔ရလာမွာပါ။ Dual SIM Support အတြက္ေတာ့ eSIM Support ကို ထည့္ေပးလာမွာျဖစ္လို႔ eSIM နဲ႔တြဲၿပီး Dual SIM သံုးႏိုင္လာေတာ့မွာပါ။

New Emojis

တျခား Feature ေတြအေနနဲ႔ေတာ့ Group FaceTime ၊ Emoji အသစ္ေတြကို iOS 12.1 မွာ ထည့္ေပးလာမွာပါ။ Group FaceTime ကေတာ့ လူ ၃၂ ေယာက္အထိ တစ္ၿပိဳက္တည္းေျပာႏုိုင္မွာျဖစ္တာေၾကာင့္ အဆင္ေျပလာပါၿပီ။ သူက လူအမ်ားေျပာေနတဲ့အခါ စကားေျပာတဲ့သူရဲ႕ Video က အလိုလို ေရွ႕ကို ေရာက္လာမွာျဖစ္တာေၾကာင့္ လူေတြမ်ားေနေပမယ့္ ထင္သေလာက္ ႐ႈပ္ေထြးေနမွာ မဟုတ္ပါဘူး။ Emoji အသစ္ အခု ၇၀ လည္း ပါဝင္လာဦးမွာျဖစ္ပါတယ္။ Emoji အသစ္ေတြထဲမွာေတာ့ ဆံပင္အေရာင္အမ်ိဳးမ်ိဳးနဲ႔လူေတြ၊ တိရိစၦာန္ေတြနဲ႔ အစားအေသာက္ပံုအသစ္ေတြကို ထည့္ေပးလာမွာပါ။ Emoji အသစ္ေတြနဲ႔ ပတ္သက္လို႔လည္း watchOS နဲ႔ macOS ေတြအတြက္ပါ Software Update လုပ္ေပးၿပီး ထည့္ေပးသြားမယ္လို႔ သိရပါတယ္။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

iOS 12.1 မှာ ပါလာမယ့် Feature တွေကို Apple ထုတ်ပြောပြီ

iOS 12.1 Update ကိုတော့ ဒီနေ့ညမှာလုပ်မယ့် Special Event အပြီးမှာ iPhone နဲ့ iPad တွေအတွက် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ iOS 12.1 မှာတော့ iOS 12.0.1 မှာအဆင်မပြေဖြစ်ခဲ့တာတွေကို ဖြေရှင်းပေးထားသလို Feature အသစ်တွေကိုလည်း ထပ်ထည့်ပေးသွားမယ်လို့ သိရပါတယ်။

Group FaceTime Call

iOS 12 အရင် Version တွေမှာ iPhone XS ၊ XS Max တွေနဲ့ ဓာတ်ပုံရိုက်တဲ့ခါ မျက်နှာတွေကို Smooth ဖြစ်အောင် လုပ်သလိုဖြစ်နေတာကြောင့် ပရိသတ်တော်တော်များများ မကျေနပ်ခဲ့ကြပါဘူး။ အဲ့ဒီလိုပြဿနာဖြစ်ရတာကတော့ Apple အသစ်ထည့်ပေးလိုက်တဲ့ Smart HDR Feature ကြောင့်ဖြစ်ရတာလို့ သိရပါတယ်။ အခုလာမယ့် iOS 12.1 မှာတော့ အဲ့ဒီလို Smoothing ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းပေးသွားမှာပါ။

Depth Control

iPhone အသစ်တွေဖြစ်တဲ့ iPhone XS ၊ iPhone XS Max နဲ့ iPhone XR တွေအတွက် Feature အသစ်တွေကိုလည်း iOS 12.1 က ယူလာပေးဦးမှာပါ။ အဲ့တာတွေကတော့ Camera Preview မှာ Depth Control ပါလာတာနဲ့ Dual SIM Support အတွက်ပဲဖြစ်ပါတယ်။ Depth Control ကတော့ Portrait Mode ရိုက်နေတဲ့အချိန်မှာ နောက်ခံကို ဝါးအောင်ချိန်တဲ့အခါ ကိုယ်လိုတဲ့အတိုင်းအတာအထိ ချိန်လို့ရအောင် Camera နဲ့ မရိုက်ခင်မှာကိုပဲ ချိန်လို့ရလာမှာပါ။ Dual SIM Support အတွက်တော့ eSIM Support ကို ထည့်ပေးလာမှာဖြစ်လို့ eSIM နဲ့တွဲပြီး Dual SIM သုံးနိုင်လာတော့မှာပါ။

New Emojis

တခြား Feature တွေအနေနဲ့တော့ Group FaceTime ၊ Emoji အသစ်တွေကို iOS 12.1 မှာ ထည့်ပေးလာမှာပါ။ Group FaceTime ကတော့ လူ ၃၂ ယောက်အထိ တစ်ပြိုက်တည်းပြောနိုင်မှာဖြစ်တာကြောင့် အဆင်ပြေလာပါပြီ။ သူက လူအများပြောနေတဲ့အခါ စကားပြောတဲ့သူရဲ့ Video က အလိုလို ရှေ့ကို ရောက်လာမှာဖြစ်တာကြောင့် လူတွေများနေပေမယ့် ထင်သလောက် ရှုပ်ထွေးနေမှာ မဟုတ်ပါဘူး။ Emoji အသစ် အခု ၇၀ လည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ Emoji အသစ်တွေထဲမှာတော့ ဆံပင်အရောင်အမျိုးမျိုးနဲ့လူတွေ၊ တိရိစ္ဆာန်တွေနဲ့ အစားအသောက်ပုံအသစ်တွေကို ထည့်ပေးလာမှာပါ။ Emoji အသစ်တွေနဲ့ ပတ်သက်လို့လည်း watchOS နဲ့ macOS တွေအတွက်ပါ Software Update လုပ်ပေးပြီး ထည့်ပေးသွားမယ်လို့ သိရပါတယ်။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com