အခုအခ်ိန္မွာ Apple ကေန ဒီႏွစ္အတြက္ထုတ္ထားတဲ့ iPhone XS ၊ iPhone XS Max နဲ႔ iPhone XR ေတြက ေလာေလာဆယ္မွာ ေရာင္းအားေတာ္ေတာ္ေလးကို က်ဆင္းေနျပီး Apple အေနနဲ႔ ထုတ္လုပ္တဲ့မႈေတြကို ေလ်ာ႔ခ်ေနရတဲ့အျပင္ iPhone XR ကိုပါ ေစ်းေလ်ာ႔ေနရတာလည္းျဖစ္ပါတယ္။ အခုလည္း ေနာက္ထပ္ Production Line ေတြကို ေလ်ာ႔လုိက္ရတယ္လုိ႔ သတင္းထြက္လာျပန္ပါတယ္။

iPhone XS & XS Max

ဒီတစ္ခုမွာလည္း Apple ကေန ဝယ္လုိအားမတရားက်ဆင္းေနတဲ့ iPhone XS ၊ XS Max နဲ႔ iPhone XR ေတြကို ထုတ္လုပ္ေနတဲ့ႏႈန္းကို ေလ်ာ႔ခ်လုိက္ေပမယ့္ ပမာဏဘယ္ေလာက္အထိ ေလ်ာ႔လုိက္တယ္ဆုိတာကိုေတာ့ မေျပာၾကားခဲ့ပါဘူး။ ဒါေပမယ့္ အခုတစ္ၾကိမ္ ထုတ္လုပ္မႈေလ်ာ႔ခ်လုိက္တာက Taiwan မွာရွိတဲ့ Supplier ေတြကိုေတာ့ ေတာ္ေတာ္ေလးကို ထိခုိက္သြားခဲ့ျပီးေတာ့ ကုမၸဏီတစ္ခုဆုိရင္ အလုပ္သမားအေယာက္ ၁၁၀ ေလာက္အထိကို အလုပ္ကေန ထုတ္ပယ္ခဲ့တဲ့အထိကို ဆိုးရြားခဲ့တယ္လုိ႔ သိရပါတယ္။

ဒီလုိမ်ိဳး Apple ရဲ႕ iPhone Production ေတြ ေလ်ာ႔ခ်လုိက္တဲ့အတြက္ ထိခုိက္လုိက္တဲ့ ကုမၸဏီေတြထဲမွာ လက္ရွိ iPhone Camera Lens Supplier ကုမၸဏီတစ္ခုျဖစ္တဲ့ Largan Precision လည္းပါဝင္ျပီးေတာ့ အခုႏုိဝင္ဘာလဟာ အဆုိပါကုမၸဏီအတြက္ ဝင္ေငြရရွိမႈအနည္းဆံုးျဖစ္သြားတယ္လုိ႔ သိရပါတယ္။

iPhone XS & XS Max

ဒါတင္မကေသးဘဲ Apple ရဲ႕ A12 Bionic Chip ေတြကို ေထက္ပံ့မႈေတြကိုျပဳလုပ္ေပးေနတဲ့ TSMC ကလည္း Apple အတြက္ Production Line ေတြကို ေလ်ာ႔ခ်လုိက္ျပီး တဖက္က Huawei ရဲ႕ Kirin 980 Processor အတြက္ လုိအပ္တဲ့အစိတ္အပိုင္းေတြကို ဆက္လက္ေထာက္ပံ့ေနဆဲျဖစ္တယ္လုိ႔ သိရပါတယ္။

Apple ဟာ ေလာေလာဆယ္မွာ iPhone အသစ္ေတြရဲ႕ ေရာင္းအားကို မေၾကညာေတာ့ေပမယ့္ ၾကည့္ရတာေတာ့ Apple အေနနဲ႔ ေတာ္ေတာ္ေလးကို အထိနာေနပံုပါပဲ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

အခုအချိန်မှာ Apple ကနေ ဒီနှစ်အတွက်ထုတ်ထားတဲ့ iPhone XS ၊ iPhone XS Max နဲ့ iPhone XR တွေက လောလောဆယ်မှာ ရောင်းအားတော်တော်လေးကို ကျဆင်းနေပြီး Apple အနေနဲ့ ထုတ်လုပ်တဲ့မှုတွေကို လျော့ချနေရတဲ့အပြင် iPhone XR ကိုပါ စျေးလျော့နေရတာလည်းဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Production Line တွေကို လျော့လိုက်ရတယ်လို့ သတင်းထွက်လာပြန်ပါတယ်။

iPhone XS & XS Max

ဒီတစ်ခုမှာလည်း Apple ကနေ ဝယ်လိုအားမတရားကျဆင်းနေတဲ့ iPhone XS ၊ XS Max နဲ့ iPhone XR တွေကို ထုတ်လုပ်နေတဲ့နှုန်းကို လျော့ချလိုက်ပေမယ့် ပမာဏဘယ်လောက်အထိ လျော့လိုက်တယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။ ဒါပေမယ့် အခုတစ်ကြိမ် ထုတ်လုပ်မှုလျော့ချလိုက်တာက Taiwan မှာရှိတဲ့ Supplier တွေကိုတော့ တော်တော်လေးကို ထိခိုက်သွားခဲ့ပြီးတော့ ကုမ္ပဏီတစ်ခုဆိုရင် အလုပ်သမားအယောက် ၁၁၀ လောက်အထိကို အလုပ်ကနေ ထုတ်ပယ်ခဲ့တဲ့အထိကို ဆိုးရွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး Apple ရဲ့ iPhone Production တွေ လျော့ချလိုက်တဲ့အတွက် ထိခိုက်လိုက်တဲ့ ကုမ္ပဏီတွေထဲမှာ လက်ရှိ iPhone Camera Lens Supplier ကုမ္ပဏီတစ်ခုဖြစ်တဲ့ Largan Precision လည်းပါဝင်ပြီးတော့ အခုနိုဝင်ဘာလဟာ အဆိုပါကုမ္ပဏီအတွက် ဝင်ငွေရရှိမှုအနည်းဆုံးဖြစ်သွားတယ်လို့ သိရပါတယ်။

iPhone XS & XS Max

ဒါတင်မကသေးဘဲ Apple ရဲ့ A12 Bionic Chip တွေကို ထေက်ပံ့မှုတွေကိုပြုလုပ်ပေးနေတဲ့ TSMC ကလည်း Apple အတွက် Production Line တွေကို လျော့ချလိုက်ပြီး တဖက်က Huawei ရဲ့ Kirin 980 Processor အတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို ဆက်လက်ထောက်ပံ့နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ လောလောဆယ်မှာ iPhone အသစ်တွေရဲ့ ရောင်းအားကို မကြေညာတော့ပေမယ့် ကြည့်ရတာတော့ Apple အနေနဲ့ တော်တော်လေးကို အထိနာနေပုံပါပဲ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com