
Apple MacBook Pro 15









Apple MacBook Pro



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple ကနေ ယခုနှစ်အတွက် MacBook Pro Lineup ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက 2018 Model အနေနဲ့ Refresh ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ MacBook Pro 2018 တွေက Intel ရဲ့ 8th Generation Processor တွေကိုပဲ အသုံးပြုထားပြီးတော့ 15″ Model မှာ Intel ရဲ့ 8th Generation Core i9 Processor တွေကိုပါ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

Apple MacBook Pro 15

အခုလိုမျိုး 2018 Model MacBook Pro 15″ မှာ Intel Core i9 Processor ကို အသုံးပြုလာတဲ့အပြင် RAM ကိုလည်း 32GB DDR4 နဲ့ 4TB SSD အထိ Maximum Upgrade ပြုလုပ်လို့ရလာတဲ့အတွက်ကြောင့် Professional Video Editor တွေနဲ့ Content Creator တွေအတွက် အဆင့်မြှင့်တင်ဖို့ ရွေးချယ်စရာ Laptop တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Apple ရဲ့ Intel Core i9 Processor ကို အသုံးပြုထားတဲ့ 2018 Model MacBook Pro 15″ တွေမှာ ပြဿနာတစ်ခုရှိခဲ့ပါတယ်။

2018 Apple MacBook Pro 15″ Benchmark Comparison

အဆိုပါ ပြဿနာကတော့ Thermal Throttling ဖြစ်နေတာပဲဖြစ်ပြီးတော့ အခု Core i9 Processor ပါဝင်တဲ့ MacBook Pro တွေက သာမန်ထက် အပူချိန်မြင့်တက်နေပြီး Base Clock Speed ထက်တောင် လျော့နည်းတဲ့ Clock Speed နဲ့ Run နေတာဖြစ်တယ်လို့ အစောပိုင်း Review တွေအရ ပြန်ပြီး သိလာရပါတယ်။ နာမည်ကြီး YouTube Tech Reviewer တစ်ယောက်ဖြစ်တဲ့ Dave Lee ကိုယ်တိုင်ကလည်း အခုလိုမျိုး CPU Thermal Throttling ဖြစ်နေတဲ့အကြောင်းကို Core i9 MacBook Pro ကို Freezer ထဲထည့် Run ပြီး ပုံမှန်အတိုင်း အသုံးပြုတာနဲ့ Freezer ထဲထည့်ပြီး အသုံးပြုတာမှာ Heat Issue ကြောင့် စွမ်းဆောင်ရည်ကွာခြားတဲ့အကြောင်းကို သက်သေပြခဲ့တဲ့ Video တစ်ခုတင်ထားခဲ့ပါတယ်။

အဆိုပါ Video အပြင် အခြားသော Tech Reviewer တွေကလည်း အခုလိုမျိုး CPU Throttling ဖြစ်တဲ့အကြောင်းကို Videos တွေပြုလုပ်ခဲ့ပြီး အခု Core i9 MacBook Pro ဟာ ရှိသင့်သလောက် စွမ်းဆောင်ရည်မရှိနေကြောင်းကို ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာ ထွက်ရှိလာတဲ့ Apple MacBook Pro တွေအနေနဲ့ ဒီ Heat Issues က အကြီးမားဆုံး ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ Apple ကနေ အခုလိုမျိုး Thermal Throttling ဖြစ်နေတာကို ဝန်ခံခဲ့ပြီး အခုလိုမျိုးဖြစ်ပွားရတာကလည်း Software Bug တစ်ခုကြောင့်ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီအတွက် Apple ကနေ ယခု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် Software Fix ကိုလည်း ထုတ်ပေးခဲ့လိုက်ပြီဖြစ်ပါတယ်။

2018 MacBook Pro 15″ Benchmark

Apple ရဲ့ ပြောကြားချက်အရတော့ အခု CPU Throttling ဖြစ်တာက Intense ဖြစ်တဲ့ Workload တွေမှာ အဓိကဖြစ်နေပြီးတော့ အခု Software Bug က MacBook Pro 2018 Model အကုန်လုံးမှာ ထိခိုက်ခဲ့တာဖြစ်ပြီးတော့ 13″ နဲ့ 15″ Size ၂ မျိုးစလုံးမှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယခင် Generation MacBook Pro တွေမှာတော့ ထိခိုက်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

Apple ရဲ့ တရားဝင်ထုတ်ပြန်ချက်အရတော့ အခုလိုမျိုး Thermal Management System ကို ထိခိုက်စေတာက Firmware ထဲမှာရှိနေတဲ့ Digital Key တစ်ခုပျောက်ဆုံးနေတာကြာင့် ဖြစ်ပွားတာကို တွေ့ရှိခဲ့ပြီးတော့ အခုလိုမျိုး Digital Key တစ်ခုပျောက်နေတဲ့အတွက် Heavy Thermal Load တွေမှာ MacBook Pro အသစ်တွေကို Clock Speed ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် macOS High Sierra 10.13.6 Supplemental Update ကို ယနေ့ကနေ စတင်ပြီး ထုတ်ပေးခဲ့ပြီးတော့ Recommended Update တစ်ခုဖြစ်တဲ့အတွက် 2018 Model MacBook Pro အသုံးပြုနေတဲ့သူတွေဆိုရင် မဖြစ်မနေ Update ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုလိုမျိုး Performance ပိုင်း ပြဿနာတွေကို ဖြစ်ပွားစေခဲ့တဲ့အတွက် အသုံးပြုသူတွေကိုလည်း Apple က တောင်းပန်ခဲ့ပြီး ယခု Software Update အပြီးမှာ Apple Website မှာဖော်ပြထားသလိုပဲ 15″ MacBook Pro တွေမှာ ယခင်ထက် ၇၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာဖြစ်ပြီး 13″ MacBook Pro တွေမှာတော့ ၂ဆ ပိုပြီး မြန်ဆန်နေမှာဖြစ်တယ်လို့လည်း ထပ်မံပြောကြားထားခဲ့ပါတယ်။

Apple MacBook Pro

အခုလိုမျိုး ဖြေရှင်းချက်အပြင် Apple က ယခု ပျောက်ဆုံးနေခဲ့တဲ့ Digital Key အကြောင်းနဲ့ ဘာလို့ အခုလိုမျိုး Thermal Management စနစ်မှာ ထိခိုက်စေခဲ့သလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိခဲ့ဘဲ ယခင် Website မှာ ဖော်ပြထားတဲ့ Performance တွေကိုပဲ ဆက်လက်ပြောဆိုနေခဲ့သလို နောက်ထပ် Performance Benchmark Graph တစ်ခုကိုလည်း Website မှာ ထပ်မံထည့်သွင်းခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Apple ရဲ့ အခုလိုမျိုး Software Update အပြီးမှာတော့ Intel Core i9 အသုံးပြုထားတဲ့ MacBook Pro က ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Core i7 ကို အသုံးပြုထားတဲ့ MacBook Pro ထက် ပိုပြီး မြန်ဆန်လာပြီး Software Update မပြုလုပ်ခင်ကထက် ၃၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာတယ်လို့ Dave Lee ကလည်း နောက်ထပ် YouTube Video တစ်ခုနဲ့ တင်ဆက်ခဲ့တဲ့အတွက် ဒီ Software Fix က လောလောဆယ်မှာတော့ Apple MacBook Pro တွေရဲ့ Thermal Throttling ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ယူဆရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com