[Zawgyi]

သင္ဟာ အၾကားအာ႐ံုနဲ႔ပတ္သက္လို႔ အားနည္းသူျဖစ္တယ္ ဒါမွမဟုတ္ ဆူညံတဲ့ေနရာေတြမွာ စကားေျပာရင္ေကာင္းေကာင္းမၾကားရဘူးဆိုရင္ သင့္ကို AirPods ေတြက ကူညီေပးႏိုင္ေတာ့မွာပါ။ Apple ရဲ႕ Live Listen Feature အသစ္ကို မၾကာခင္မွာ AirPods ေတြနဲ႔အသံုးျပဳႏုိင္ေတာ့မွာပါ။ 

Settings for Live Listen

Live Listen Feature ကို iOS 12 မွာ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ iOS 12 တင္ထားတဲ့ iDevice က Remote Microphone အျဖစ္အလုပ္လုပ္ေပးမွာျဖစ္ပါတယ္။ iPhone ရဲ႕ Microphone ဆီကရတဲ့အသံေတြကို သင့္နားထဲက AirPods ေတြဆီကို ပို႔ေပးမွာျဖစ္တာေၾကာင့္ ဆူညံတဲ့ပတ္ဝန္းက်င္ေတြမွာ ဒါမွမဟုတ္ အခန္းေတြကိုျဖတ္ၿပီးလာတဲ့ အျခားသူရဲ႕စကားေျပာသံကို သင့္အေနနဲ႔ေကာင္းေကာင္းၾကားႏို္င္မွာပါ။ ဥပမာ သင့္ AirPods ေတြကို ထမင္းစားခန္းထဲမွာ အသံုးျပဳေနတဲ့အခ်ိန္ သင့္ရဲ႕ iPhone ကို နားေနခန္းစားပြဲေပၚမွာ ထားခဲ့မယ္ဆိုရင္ နီးစပ္ရာအခန္းကလူကသင့္ကို စကားလွမ္းေျပာတဲ့အခါ သင့္အေနနဲ႔ျပတ္ျပတ္သားသားၾကားႏိုင္မွာပါ။ iPhone က တစ္ဖက္ကလူရဲ႕ စကားသံကိုသိတာနဲ႔ တိုက္႐ိုက္ AirPods ေတြဆီကိုပို႔ေပးမွာျဖစ္ပါတယ္။ 

Settings for Live Listen

ဒီ Feature ကေတာ့ လူေတာ္ေတာ္မ်ားမ်ားအတြက္ တကယ္ကိုအေထာက္အကူျဖစ္ေစမွာေသခ်ာပါတယ္။ Apple ကလည္း အၿမဲလိုလို သူတို႔ရဲ႕ထုတ္ကုန္ေတြအားလံုးနီးပါးကို လူတုိင္းအဆင္ေျပေျပသံုးႏို္င္ေစဖို႔ အၿမဲရည္႐ြယ္ခ်က္ရွိရွိနဲ႔ Accessibility ေအာက္မွာ Feature အသစ္ေတြထပ္ထပ္ထည့္ေပးပါတယ္။ အခုလို Live Listen ကိုထည့္ေပးထားတာ iOS 12 မွာစတင္တာျဖစ္တာေၾကာင့္ iOS 12 Stable Version ထြက္မယ့္အခ်ိန္အထိေတာ့ ေစာင့္ရဦးမွာပါ။ 

Live Listen Feature က Apple ရဲ႕ AirPods ေတြမွာအသံုးျပဳလို႔ရ႐ံုတင္မဟုတ္ဘဲ iPhone နဲ႔တြဲသံုးရတဲ့ တျခား နားၾကားကရိယာအားလံုးမွာပါ အသံုးျပဳလို႔ရမွာျဖစ္ပါတယ္။ နားၾကားကိရိယာ အမ်ိဳးအစားေတာ္ေတာ္မ်ားမ်ားနဲ႔အဆင္ေျပတာေၾကာင့္ လူတစ္ဦးခ်င္းစီအတြက္ အဆင္ေျပတဲ့ အမ်ိဳးအစားကိုေ႐ြးခ်ယ္အသံုးျပဳႏိုင္တာကလည္း ေနာက္ထပ္အားသာခ်က္တစ္ခုပါ။ နားတစ္ဖက္စီအတြက္လည္း အသံအတိုးအက်ယ္ နဲ႔ Preset Setting ေတြကိုလည္း လိုအပ္သလို စိတ္ႀကိဳက္ေျပာင္းလဲလို႔ရပါေသးတယ္။ Apple ကေတာ့ မတူညီတဲ့ လူအမ်ိဳးမ်ိဳးရဲ႕ ေန႔စဥ္ဘဝမွာ အဆင္မေျပျဖစ္တာေတြကို ကူညီေျဖရွင္းေပးဖို႔အၿမဲႀကိဳးစားေနတဲ့ နည္းပညာကုမၸဏီတစ္ခုအျဖစ္ရွိေနတုန္းပါပဲ။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

AirPods တွေအတွက် Live Listen Feature ကို ဒီနှစ်ကုန်မှာထည့်ပေးသွားမယ်

သင်ဟာ အကြားအာရုံနဲ့ပတ်သက်လို့ အားနည်းသူဖြစ်တယ် ဒါမှမဟုတ် ဆူညံတဲ့နေရာတွေမှာ စကားပြောရင်ကောင်းကောင်းမကြားရဘူးဆိုရင် သင့်ကို AirPods တွေက ကူညီပေးနိုင်တော့မှာပါ။ Apple ရဲ့ Live Listen Feature အသစ်ကို မကြာခင်မှာ AirPods တွေနဲ့အသုံးပြုနိုင်တော့မှာပါ။ 

Settings for Live Listen

Live Listen Feature ကို iOS 12 မှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ iOS 12 တင်ထားတဲ့ iDevice က Remote Microphone အဖြစ်အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ iPhone ရဲ့ Microphone ဆီကရတဲ့အသံတွေကို သင့်နားထဲက AirPods တွေဆီကို ပို့ပေးမှာဖြစ်တာကြောင့် ဆူညံတဲ့ပတ်ဝန်းကျင်တွေမှာ ဒါမှမဟုတ် အခန်းတွေကိုဖြတ်ပြီးလာတဲ့ အခြားသူရဲ့စကားပြောသံကို သင့်အနေနဲ့ကောင်းကောင်းကြားနိုင်မှာပါ။ ဥပမာ သင့် AirPods တွေကို ထမင်းစားခန်းထဲမှာ အသုံးပြုနေတဲ့အချိန် သင့်ရဲ့ iPhone ကို နားနေခန်းစားပွဲပေါ်မှာ ထားခဲ့မယ်ဆိုရင် နီးစပ်ရာအခန်းကလူကသင့်ကို စကားလှမ်းပြောတဲ့အခါ သင့်အနေနဲ့ပြတ်ပြတ်သားသားကြားနိုင်မှာပါ။ iPhone က တစ်ဖက်ကလူရဲ့ စကားသံကိုသိတာနဲ့ တိုက်ရိုက် AirPods တွေဆီကိုပို့ပေးမှာဖြစ်ပါတယ်။ 

Settings for Live Listen

ဒီ Feature ကတော့ လူတော်တော်များများအတွက် တကယ်ကိုအထောက်အကူဖြစ်စေမှာသေချာပါတယ်။ Apple ကလည်း အမြဲလိုလို သူတို့ရဲ့ထုတ်ကုန်တွေအားလုံးနီးပါးကို လူတိုင်းအဆင်ပြေပြေသုံးနိုင်စေဖို့ အမြဲရည်ရွယ်ချက်ရှိရှိနဲ့ Accessibility အောက်မှာ Feature အသစ်တွေထပ်ထပ်ထည့်ပေးပါတယ်။ အခုလို Live Listen ကိုထည့်ပေးထားတာ iOS 12 မှာစတင်တာဖြစ်တာကြောင့် iOS 12 Stable Version ထွက်မယ့်အချိန်အထိတော့ စောင့်ရဦးမှာပါ။ 

Live Listen Feature က Apple ရဲ့ AirPods တွေမှာအသုံးပြုလို့ရရုံတင်မဟုတ်ဘဲ iPhone နဲ့တွဲသုံးရတဲ့ တခြား နားကြားကရိယာအားလုံးမှာပါ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ နားကြားကိရိယာ အမျိုးအစားတော်တော်များများနဲ့အဆင်ပြေတာကြောင့် လူတစ်ဦးချင်းစီအတွက် အဆင်ပြေတဲ့ အမျိုးအစားကိုရွေးချယ်အသုံးပြုနိုင်တာကလည်း နောက်ထပ်အားသာချက်တစ်ခုပါ။ နားတစ်ဖက်စီအတွက်လည်း အသံအတိုးအကျယ် နဲ့ Preset Setting တွေကိုလည်း လိုအပ်သလို စိတ်ကြိုက်ပြောင်းလဲလို့ရပါသေးတယ်။ Apple ကတော့ မတူညီတဲ့ လူအမျိုးမျိုးရဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေဖြစ်တာတွေကို ကူညီဖြေရှင်းပေးဖို့အမြဲကြိုးစားနေတဲ့ နည်းပညာကုမ္ပဏီတစ်ခုအဖြစ်ရှိနေတုန်းပါပဲ။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။