[Zawgyi]

Digital Magazine Service ျဖစ္တဲ့ Texture ကို Apple ဝယ္ယူ

Apple က March 12 ရက္ေန႔က Digital Magazine Service တစ္ခုျဖစ္တဲ့ Texture ကိုဝယ္ယူဖို႔လက္မွတ္ေရးထုိးခဲ့ပါတယ္။ Texture ကေတာ့ Next Issue Media LLC ရဲ႕လက္ေအာက္မွာ Magazine Service တစ္ခုပဲျဖစ္ပါတယ္။

Texture ကေတာ့ လစဥ္ေၾကးသြင္းၿပီး ႏွစ္သက္ရာ Megazine ေတြကို Online ကေနဖတ္လို႔ရတဲ့ ဝန္ေဆာင္မႈေတြကိုေပးပါတယ္။ Texture မွာ တစ္ကမၻာလံုးမွာနာမည္ႀကီးတဲ့ မဂၢဇင္းအမ်ိဳးေပါင္း ၂၀၀ ေက်ာ္ဖတ္လို႔ရပါတယ္။ Texture မွာ ဖတ္႐ႈသူေတြဟာသူတို႔ႀကိဳက္တဲ့ ေဆာင္းပါးေတြကိုစိတ္ႀကိဳက္ေရြးခ်ယ္ဖတ္႐ႈၾကရင္း အသစ္အသစ္ေသာ မဂၢဇင္းေတြရဲ႕နာမည္ႀကီးေဆာင္းပါးေတြကိုလည္း အလြယ္တစ္ကူရွာေဖြဖတ္႐ႈႏုိင္တာေၾကာင့္ အလြန္အဆင္ေျပပါတယ္။

Texture ကေတာ့ 2010 ကတည္းကေအာင္ျမင္တဲ့ Online Magazine Service ျဖစ္တာေၾကာင့္ Apple လက္ေအာက္မွာဘယ္လိုမ်ိဳးထပ္ထူးျခားလာမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ Apple အေနနဲ႔အရင္က iOS Newsstand ကိုဖ်က္သိမ္းၿပီး iOS 9 မွာ Apple News Service အသစ္ကိုျပန္စေပးခဲ့ပါတယ္။ အခုလက္ရွိမွာေတာ့ iBooks Store မွာ မဂၢဇင္းေတြဝယ္ဖတ္လို႔ရေပမယ့္ မဂၢဇင္းသီးသန္႔ဖတ္ခ်င္သူေတြအတြက္ Apple Music လို Subsuription Service တစ္ခုရွိရင္ပိုေကာင္းပါတယ္။ Apple အေနနဲ႔ မဂၢဇင္းပရိတ္သတ္အတြက္ အနာဂတ္မွာဘယ္လို Service ေတြထပ္လုပ္ေပးမလဲဆိုတာေတာ့ စိတ္ဝင္စားစရာပါပဲ။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Digital Magazine Service ဖြစ်တဲ့ Texture ကို Apple ဝယ်ယူ

Apple က March 12 ရက်နေ့က Digital Magazine Service တစ်ခုဖြစ်တဲ့ Texture ကိုဝယ်ယူဖို့လက်မှတ်ရေးထိုးခဲ့ပါတယ်။ Texture ကတော့ Next Issue Media LLC ရဲ့လက်အောက်မှာ Magazine Service တစ်ခုပဲဖြစ်ပါတယ်။

Texture ကတော့ လစဉ်ကြေးသွင်းပြီး နှစ်သက်ရာ Megazine တွေကို Online ကနေဖတ်လို့ရတဲ့ ဝန်ဆောင်မှုတွေကိုပေးပါတယ်။ Texture မှာ တစ်ကမ္ဘာလုံးမှာနာမည်ကြီးတဲ့ မဂ္ဂဇင်းအမျိုးပေါင်း ၂၀၀ ကျော်ဖတ်လို့ရပါတယ်။ Texture မှာ ဖတ်ရှုသူတွေဟာသူတို့ကြိုက်တဲ့ ဆောင်းပါးတွေကိုစိတ်ကြိုက်ရွေးချယ်ဖတ်ရှုကြရင်း အသစ်အသစ်သော မဂ္ဂဇင်းတွေရဲ့နာမည်ကြီးဆောင်းပါးတွေကိုလည်း အလွယ်တစ်ကူရှာဖွေဖတ်ရှုနိုင်တာကြောင့် အလွန်အဆင်ပြေပါတယ်။

Texture ကတော့ 2010 ကတည်းကအောင်မြင်တဲ့ Online Magazine Service ဖြစ်တာကြောင့် Apple လက်အောက်မှာဘယ်လိုမျိုးထပ်ထူးခြားလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Apple အနေနဲ့အရင်က iOS Newsstand ကိုဖျက်သိမ်းပြီး iOS 9 မှာ Apple News Service အသစ်ကိုပြန်စပေးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ iBooks Store မှာ မဂ္ဂဇင်းတွေဝယ်ဖတ်လို့ရပေမယ့် မဂ္ဂဇင်းသီးသန့်ဖတ်ချင်သူတွေအတွက် Apple Music လို Subsuription Service တစ်ခုရှိရင်ပိုကောင်းပါတယ်။ Apple အနေနဲ့ မဂ္ဂဇင်းပရိတ်သတ်အတွက် အနာဂတ်မှာဘယ်လို Service တွေထပ်လုပ်ပေးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။