[Zawgyi]

ငလ်င္နဲ႔ပတ္သက္ၿပီး အခ်က္အလက္အျပည့္အစံုကို ဘယ္လိုသိႏိုင္မလဲ

အခုေနာက္ပိုင္း ျမန္မာမွာေရာ ကမၻာမွာပါ ငလ်င္သတင္းေတြဟာ ပိုပိုၿပီးမ်ားလာပါတယ္။ သဘာဝေဘးအႏၱရာယ္ႀကီးတစ္ခုျဖစ္တဲ့ ငလ်င္နဲ႔ပတ္သက္ၿပီး အခ်ိန္နဲ႔တစ္ေျပးညီ သိရွိႏိုင္ဖို႔လိုအပ္လာပါၿပီ။ ဒါမွသာ ကိုယ့္မိသားစုနဲ႔ပတ္ဝန္းက်င္အသိုင္းအဝိုင္းအတြက္ ကူညီကာကြယ္ႏိုင္မွာပါ။

ငလ်င္နဲ႔ပတ္သက္ၿပီး သိႏိုင္မယ့္ Website ေတြ သတင္းဌာနေတြအသီးသီးရွိေနေပမယ့္ အခုျဖစ္ အခုသိဖို႔ဆိုရင္ေတာ့ ပိုေကာင္းပါတယ္။ ဒါမွလည္း ဒီငလ်င္ဟာ စိုးရိမ္ဖို႔လိုမလို ဆိုတာ ကိုယ့္မိတ္ေဆြေတြကို အျမန္ဆံုးအသိေပးႏိုင္မွာျဖစ္ပါတယ္။ အခုမိတ္ဆက္ေပးမယ့္ Application ကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ငလ်င္သတင္းေတြအျပင္ ေနာက္ထပ္ျဖစ္လာမယ့္ ငလ်င္ေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကိုပါ ခန္႔မွန္းတြက္ခ်က္ႏိုင္သလို ငလ်င္လႈပ္တဲ့အခါမွာလည္း သတိေပးခ်က္ Alert ေတြေပးႏိုင္ပါတယ္။

Application အမည္ကေတာ့ EQuake လို႔ေခၚပါတယ္။ Android နဲ႔ iOS အတြက္ သက္ဆိုင္ရာ App Store ေတြမွာ Download ရယူႏိုင္ပါတယ္။ App ရဲ႕ လုပ္ေဆာင္ႏိုင္တဲ့အခ်က္ေလးေတြ တခ်က္ၾကည့္ရေအာင္…

Download For Android

Download For iOS

ALERTS
ALERTS ဆိုတဲ့ Feature မွာေတာ့ လက္ရွိသင့္တည္ေနရာမွာ ငလ်င္လႈပ္တဲ့အခါ၊ သင့္ပတ္ဝန္းက်င္အနီးအနားမွာ ငလ်င္လႈပ္တဲ့အခါ၊ ကမၻာ႔ေနရာအသီးသီးမွာ ငလ်င္လႈပ္တဲ့အခါ အခ်ိန္နဲ႔တစ္ေျပးညီအသိေပးႏိုင္ပါတယ္။

Earthquakes List
Earthquakes List မွာေတာ့ ကမၻာ အႏွ႔ံမွာျဖစ္ေပၚလွ်က္ရွိတဲ့ ငလ်င္တည္ေနရာနဲ႔ ျပင္းအားေတြကိုအေသးစိတ္ေဖာ္ျပေပးေနမွာျဖစ္ပါတယ္။ Filter မွတဆင့္ တည္ေနရာ၊ ျပင္းအား၊ ရက္အပိုင္းအျခားေတြကို ေရြးၿပီးသီးသန္႔ေဖာ္ျပခိုင္းလို႔ရပါေသးတယ္။

Earthquakes Map
Earthquakes Map မွာေတာ့ Google Map ကိုအေျခခံထားတဲ့ ေျမပံုေပၚမွာ ႏိုင္ငံအလိုက္ျဖစ္ေပၚခဲ့တဲ့ ငလ်င္ေတြနဲ႔ ျပင္းအားေတြကို Color သတ္မွတ္ခ်က္ေတြနဲ႔ ေတြ႕ျမင္ရမွာပါ။

Simulate Earthquake
Simulate Earthquake ကေတာ့ ကိုယ့္အနားမွာရွိတဲ့ လႈပ္ၿပီးခဲ့တဲ့ ငလ်င္ေၾကာတစ္ခုဟာ ေနာက္တစ္ခါ ထပ္ဟုတ္မယ္ဆိုရင္ ကိုယ့္စီကို ဘယ္ႏွမိနစ္အတြင္း ငလ်င္လႈိုင္းေရာက္ရွိႏိုင္မလဲ ဆိုတာရယ္ ငလ်င္ဒါဏ္ျပင္းမွာလား ေပ်ာ့မွာလားဆိုတာကိုတြက္ခ်က္ေပးႏိုင္မွာျဖစ္ပါတယ္။ ငလ်င္ခဏခဏလႈပ္ေနတဲ့ေဒသေတြမွာေနထိုင္သူေတြအတြက္ အေတာ္ကိုအသံုးဝင္ပါလိမ့္မယ္။

Coverage Map
Coverage Map မွာေတာ့ သင့္ပတ္ဝန္းက်င္မွာရွိတဲ့ ငလ်င္ေၾကာ အာရံုခံစနစ္ေတြကိုေဖာ္ျပေပးမွာျဖစ္ၿပီး အဆိုပါ အာရံုခံစနစ္ေတြဟာ သတ္မွတ္အေရအတြက္ျပည့္မွီေနတယ္ဆိုရင္ သင့္ကို ငလ်င္အႏၱရာယ္နဲ႔ပတ္သက္တဲ့ သတိေပးမႈေတြ ေစာစီးစြာသတင္းပို႔ေပးမွာျဖစ္ပါတယ္။

ဒီအခ်က္ေတြကေတာ့ App မွာပါဝင္တဲ့ အဓိကအသံုးဝင္ Feature ေတြျဖစ္ၿပီး အျခားေလ့လာစရာေတြလည္းအမ်ားႀကီးေတြ႕ႏိုင္ပါေသးတယ္။

ငလ်င္အခ်က္အလက္ေတြကိုေဖာ္ျပရမွာ ျမန္မာႏိုင္ငံက မိုးဇလ ကေနထုတ္ျပန္တဲ့အတိုင္း အနီးစပ္ဆံုးဘာသာ ျပန္ရမယ္ဆိုရင္ ေအာက္ပါအတိုင္းေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Magnitude – ျပင္းအား(အင္အားရစ္(ခ္)တာသေကး)
Depth – အနက္
Slight – အားေပ်ာ့
Strong – အားျပင္း

အားလံုးပဲ ငလ်င္ေဘးအႏၱရာယ္ကို အျမန္ဆံုးသိရွိၿပီးကာကြယ္ႏိုင္ၾကဖို႔ ဆႏၵျပဳလိုက္ပါတယ္။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ငလျင်နဲ့ပတ်သက်ပြီး အချက်အလက်အပြည့်အစုံကို ဘယ်လိုသိနိုင်မလဲ

အခုနောက်ပိုင်း မြန်မာမှာရော ကမ္ဘာမှာပါ ငလျင်သတင်းတွေဟာ ပိုပိုပြီးများလာပါတယ်။ သဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်တဲ့ ငလျင်နဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့လိုအပ်လာပါပြီ။ ဒါမှသာ ကိုယ့်မိသားစုနဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ကူညီကာကွယ်နိုင်မှာပါ။

ငလျင်နဲ့ပတ်သက်ပြီး သိနိုင်မယ့် Website တွေ သတင်းဌာနတွေအသီးသီးရှိနေပေမယ့် အခုဖြစ် အခုသိဖို့ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါမှလည်း ဒီငလျင်ဟာ စိုးရိမ်ဖို့လိုမလို ဆိုတာ ကိုယ့်မိတ်ဆွေတွေကို အမြန်ဆုံးအသိပေးနိုင်မှာဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးမယ့် Application ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ငလျင်သတင်းတွေအပြင် နောက်ထပ်ဖြစ်လာမယ့် ငလျင်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ ခန့်မှန်းတွက်ချက်နိုင်သလို ငလျင်လှုပ်တဲ့အခါမှာလည်း သတိပေးချက် Alert တွေပေးနိုင်ပါတယ်။

Application အမည်ကတော့ EQuake လို့ခေါ်ပါတယ်။ Android နဲ့ iOS အတွက် သက်ဆိုင်ရာ App Store တွေမှာ Download ရယူနိုင်ပါတယ်။ App ရဲ့ လုပ်ဆောင်နိုင်တဲ့အချက်လေးတွေ တချက်ကြည့်ရအောင်…

Download For Android

Download For iOS

ALERTS
ALERTS ဆိုတဲ့ Feature မှာတော့ လက်ရှိသင့်တည်နေရာမှာ ငလျင်လှုပ်တဲ့အခါ၊ သင့်ပတ်ဝန်းကျင်အနီးအနားမှာ ငလျင်လှုပ်တဲ့အခါ၊ ကမ္ဘာ့နေရာအသီးသီးမှာ ငလျင်လှုပ်တဲ့အခါ အချိန်နဲ့တစ်ပြေးညီအသိပေးနိုင်ပါတယ်။

Earthquakes List
Earthquakes List မှာတော့ ကမ္ဘာ အနှံ့မှာဖြစ်ပေါ်လျှက်ရှိတဲ့ ငလျင်တည်နေရာနဲ့ ပြင်းအားတွေကိုအသေးစိတ်ဖော်ပြပေးနေမှာဖြစ်ပါတယ်။ Filter မှတဆင့် တည်နေရာ၊ ပြင်းအား၊ ရက်အပိုင်းအခြားတွေကို ရွေးပြီးသီးသန့်ဖော်ပြခိုင်းလို့ရပါသေးတယ်။

Earthquakes Map
Earthquakes Map မှာတော့ Google Map ကိုအခြေခံထားတဲ့ မြေပုံပေါ်မှာ နိုင်ငံအလိုက်ဖြစ်ပေါ်ခဲ့တဲ့ ငလျင်တွေနဲ့ ပြင်းအားတွေကို Color သတ်မှတ်ချက်တွေနဲ့ တွေ့မြင်ရမှာပါ။

Simulate Earthquake
Simulate Earthquake ကတော့ ကိုယ့်အနားမှာရှိတဲ့ လှုပ်ပြီးခဲ့တဲ့ ငလျင်ကြောတစ်ခုဟာ နောက်တစ်ခါ ထပ်ဟုတ်မယ်ဆိုရင် ကိုယ့်စီကို ဘယ်နှမိနစ်အတွင်း ငလျင်လှိုင်းရောက်ရှိနိုင်မလဲ ဆိုတာရယ် ငလျင်ဒါဏ်ပြင်းမှာလား ပျော့မှာလားဆိုတာကိုတွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။ ငလျင်ခဏခဏလှုပ်နေတဲ့ဒေသတွေမှာနေထိုင်သူတွေအတွက် အတော်ကိုအသုံးဝင်ပါလိမ့်မယ်။

Coverage Map
Coverage Map မှာတော့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ငလျင်ကြော အာရုံခံစနစ်တွေကိုဖော်ပြပေးမှာဖြစ်ပြီး အဆိုပါ အာရုံခံစနစ်တွေဟာ သတ်မှတ်အရေအတွက်ပြည့်မှီနေတယ်ဆိုရင် သင့်ကို ငလျင်အန္တရာယ်နဲ့ပတ်သက်တဲ့ သတိပေးမှုတွေ စောစီးစွာသတင်းပို့ပေးမှာဖြစ်ပါတယ်။

ဒီအချက်တွေကတော့ App မှာပါဝင်တဲ့ အဓိကအသုံးဝင် Feature တွေဖြစ်ပြီး အခြားလေ့လာစရာတွေလည်းအများကြီးတွေ့နိုင်ပါသေးတယ်။

ငလျင်အချက်အလက်တွေကိုဖော်ပြရမှာ မြန်မာနိုင်ငံက မိုးဇလ ကနေထုတ်ပြန်တဲ့အတိုင်း အနီးစပ်ဆုံးဘာသာ ပြန်ရမယ်ဆိုရင် အောက်ပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

Magnitude – ပြင်းအား(အင်အားရစ်(ခ်)တာသကေး)
Depth – အနက်
Slight – အားပျော့
Strong – အားပြင်း

အားလုံးပဲ ငလျင်ဘေးအန္တရာယ်ကို အမြန်ဆုံးသိရှိပြီးကာကွယ်နိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။