[Zawgyi] 

App တစ္ခုခုလိုအပ္လို႔ ရွာတယ္ဆိုရင္ လူေတြ အသံုးအမ်ားဆံုးဆိုတဲ့ App ေတြက အရင္ရွာေတြ႕ေလ့ရွိပါတယ္။ လူသံုးအမ်ားဆံုးဆိုတဲ့စာရင္းကိုေတာ့ Download လုပ္တဲ့အႀကိမ္အေရအတြက္နဲ႔ တြက္ေလ့ရွိပါတယ္။ လူတစ္ဦးခ်င္းစီ Download လုပ္တာျဖစ္တဲ့အတြက္ တကယ့္လက္ေတြ႕ စာရင္းေကာက္တဲ့အခါမွာလည္း အသံုးအမ်ားဆံုးဆိုတာ ျဖစ္သြားပါတယ္။ 

App ေတြကို ဖုန္းေတြအမ်ားႀကီးသံုးၿပီး Download ဆြဲဖို႔ခန္႔ထားတဲ့ ဝန္ထမ္။

တကယ္ေတာ့ အဲ့ဒီလို Download အမ်ားဆံုးဆိုတဲ့ စာရင္းေတြက မမွန္ပါဘူး။ App ကိုေရာင္းတဲ့ ကုမၸဏီေတြက သူတို႔ App ေတြကို User ေတြ ျမင္သာတဲ့ေနရာမွာပဲရွိေနဖို႔ အၿပိဳင္အဆိုင္ နည္းမ်ိဳးစံုသံုးၿပီးႀကိဳးစားၾကပါတယ္။ Download လုပ္ယူသူ အမ်ားဆံုးဆိုတာကို Computer ေတြအသံုးျပဳၿပီး ၿပိဳင္ဆိုင္ၾကပါတယ္။ အခုလို အလုပ္မ်ားတာကေတာ့ Apple ရဲ႕  China App Store မွာပါ။ ေနာက္ပို္င္းမွာေတာ့ Apple က အဲ့ဒီလုိလုပ္ေနတာေတြကို တားဆီးႏိုင္ခဲ့ပါတယ္။ App ေရာင္းတဲ့ ကုမၸဏီေတြ အေနနဲ႔ ေနာက္ထပ္ နည္းလမ္းအသစ္ေတြ ရွာလာရပါတယ္။ 

App ေစ်းကြက္အတြက္ အခေၾကးေငြ

နည္းလမ္းအသစ္ကေတာ့ ဖုန္းေတြ အမ်ားႀကီးအသံုးျပဳၿပီး ဝန္ထမ္းခန္႔ထားၿပီး အမွန္တကယ္ Download လုပ္ခိုင္းတဲ့ နည္းလမ္းကို အသံုးျပဳလာၾကပါတယ္။ Top 10 Free Apps ဆိုတဲ့ စာရင္းထဲကို ဝင္ဖို႔အတြက္ $11,200 ေလာက္ ကုန္က်ပါတယ္။ Top 10 စာရင္းထဲ ကိုဝင္သြားတဲ့ App တစ္ခုကို အဲ့ဒီ စာရင္းထဲမွာ က်န္ေနဖို႔အတြက္ တစ္ပါတ္ကို $65,000 အထိ ကုန္က်ႏိုင္ပါတယ္။ App ေတြကို ဒီလုိလုပ္ေနတာက အခုအခ်ိန္မွာရွိေသးလားဆိုတာေတာ့ မသိရပါဘူး။ တ႐ုတ္ျပည္မွာေတာ့ App နဲ႔ပတ္သက္လို႔ ေစ်းကြက္တစ္ခုျဖစ္သြားခဲ့ၿပီး တ႐ုတ္ Social Media ျဖစ္တဲ့ QQ မွာေတာ့ App Ranking နဲ႔ပတ္သက္လို႔ ေစ်းေတြ တင္ထားတာလည္းေတြ႕ရပါတယ္။ App Store ေတြကေတာ့ ႏိုင္ငံအလိုက္ကြဲေနတာေၾကာင့္ အခုလိုျဖစ္ေနတာကလည္း ႏိုင္ငံတိုင္းမွာမဟုတ္ပါဘူး။ တရုတ္ႏိုင္ငံရဲ႕ App Store App Ranking ကေတာ့ အခုထိ ယံုၾကည္ဖို႔ခက္ခဲေနပါေသးတယ္။ 

Ref: Tech In Asia

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

App Store တွေပေါ်က Download လုပ်ယူမှုအများဆုံးဆိုတဲ့ စာရင်းက မှန်ရဲ့လား

App တစ်ခုခုလိုအပ်လို့ ရှာတယ်ဆိုရင် လူတွေ အသုံးအများဆုံးဆိုတဲ့ App တွေက အရင်ရှာတွေ့လေ့ရှိပါတယ်။ လူသုံးအများဆုံးဆိုတဲ့စာရင်းကိုတော့ Download လုပ်တဲ့အကြိမ်အရေအတွက်နဲ့ တွက်လေ့ရှိပါတယ်။ လူတစ်ဦးချင်းစီ Download လုပ်တာဖြစ်တဲ့အတွက် တကယ့်လက်တွေ့ စာရင်းကောက်တဲ့အခါမှာလည်း အသုံးအများဆုံးဆိုတာ ဖြစ်သွားပါတယ်။ 

App တွေကို ဖုန်းတွေအများကြီးသုံးပြီး Download ဆွဲဖို့ခန့်ထားတဲ့ ဝန်ထမ်။

တကယ်တော့ အဲ့ဒီလို Download အများဆုံးဆိုတဲ့ စာရင်းတွေက မမှန်ပါဘူး။ App ကိုရောင်းတဲ့ ကုမ္ပဏီတွေက သူတို့ App တွေကို User တွေ မြင်သာတဲ့နေရာမှာပဲရှိနေဖို့ အပြိုင်အဆိုင် နည်းမျိုးစုံသုံးပြီးကြိုးစားကြပါတယ်။ Download လုပ်ယူသူ အများဆုံးဆိုတာကို Computer တွေအသုံးပြုပြီး ပြိုင်ဆိုင်ကြပါတယ်။ အခုလို အလုပ်များတာကတော့ Apple ရဲ့  China App Store မှာပါ။ နောက်ပိုင်းမှာတော့ Apple က အဲ့ဒီလိုလုပ်နေတာတွေကို တားဆီးနိုင်ခဲ့ပါတယ်။ App ရောင်းတဲ့ ကုမ္ပဏီတွေ အနေနဲ့ နောက်ထပ် နည်းလမ်းအသစ်တွေ ရှာလာရပါတယ်။ 

App ဈေးကွက်အတွက် အခကြေးငွေ

နည်းလမ်းအသစ်ကတော့ ဖုန်းတွေ အများကြီးအသုံးပြုပြီး ဝန်ထမ်းခန့်ထားပြီး အမှန်တကယ် Download လုပ်ခိုင်းတဲ့ နည်းလမ်းကို အသုံးပြုလာကြပါတယ်။ Top 10 Free Apps ဆိုတဲ့ စာရင်းထဲကို ဝင်ဖို့အတွက် $11,200 လောက် ကုန်ကျပါတယ်။ Top 10 စာရင်းထဲ ကိုဝင်သွားတဲ့ App တစ်ခုကို အဲ့ဒီ စာရင်းထဲမှာ ကျန်နေဖို့အတွက် တစ်ပါတ်ကို $65,000 အထိ ကုန်ကျနိုင်ပါတယ်။ App တွေကို ဒီလိုလုပ်နေတာက အခုအချိန်မှာရှိသေးလားဆိုတာတော့ မသိရပါဘူး။ တရုတ်ပြည်မှာတော့ App နဲ့ပတ်သက်လို့ ဈေးကွက်တစ်ခုဖြစ်သွားခဲ့ပြီး တရုတ် Social Media ဖြစ်တဲ့ QQ မှာတော့ App Ranking နဲ့ပတ်သက်လို့ ဈေးတွေ တင်ထားတာလည်းတွေ့ရပါတယ်။ App Store တွေကတော့ နိုင်ငံအလိုက်ကွဲနေတာကြောင့် အခုလိုဖြစ်နေတာကလည်း နိုင်ငံတိုင်းမှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ App Store App Ranking ကတော့ အခုထိ ယုံကြည်ဖို့ခက်ခဲနေပါသေးတယ်။ 

Ref: Tech In Asia

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။