[ZawGyi]

ပိုလွခ်င္လို႔ ခြဲစိတ္မိကာမွ ႐ုပ္ဆိုးသြားလို႔ ေဝဖန္ခံေနရတဲ့ Apink အဖြဲ႕ရဲ႕အဆိုေတာ္မေလး

ကိုရီးယားသူ ငယ္ငယ္ေခ်ာေခ်ာေလးေတြနဲ႔ Plastic Surgery ဆိုတာ သမာ႐ိုးက်ျဖစ္႐ိုးျဖစ္စဥ္ ခြဲျမင္လို႔မရတဲ့ အေလ့အထေတြပါပဲ။လူမ်ိဳးတစ္မ်ိဳးလံုးရဲ႕ အေျခခံမ်က္ႏွာသြင္ျပင္ဗီဇအရ အာရွႏိုင္ငံေတြမွာမွ ကိုရီးယား၊ တ႐ုတ္နဲ႔ ဂ်ပန္ႏိုင္ငံက လူမ်ိဳးေတြဟာ မ်က္ရစ္မပါတာမ်ိဳး၊ မ်က္ႏွာၿပဲၿပီး ႏွာေခါင္းမေပၚတာမ်ိဳးေတြေၾကာင့္ ပံုမွန္ၾကည့္ေကာင္းတဲ့ မ်က္ႏွာတစ္ခုရေအာင္ ခြဲစိတ္ျပဳျပင္ၾကရပါတယ္။

Apink Member Nam Joo

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

နာမည္ႀကီး မင္းသားမင္းသမီး Celebrity ေတာ္ေတာ္မ်ားမ်ားလည္း အလားတူ ေအာင္ျမင္မႈ၊ ေခ်ာေမာလွပမႈတို႔အတြက္ ခြဲစိတ္ေလ့ရွိၾကေပမယ့္ ဒီအဆိုေတာ္မေခ်ာေခ်ာေလးရဲ႕ ခြဲစိတ္မႈကေတာ့ ပရိသတ္အမ်ားစုလက္မခံႏိုင္ဘဲ ေဝဖန္ျပစ္တင္မႈေတြ ေသာေသာညံခဲ့ရပါတယ္။

မၿပင္ခင္ပံု။

သူမကေတာ့ ကိုရီးယား နာမည္ႀကီး Apink အဆိုေတာ္အဖြဲ႔က အဖြဲ႕ဝင္ Nam Joo ပဲျဖစ္ပါတယ္။ မိန္းကေလးအဖြဲ႕ဝင္ ငယ္ငယ္ေခ်ာေခ်ာေလး ၆ ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ Apink အဖြဲ႕မွာ အားေပးသူပရိသတ္အခိုင္အမာရရွိထားတဲ့ Nam Joo ကို သူမရဲ႕ခြဲစိတ္ထားပံုရတဲ့အသြင္အျပင္အသစ္နဲ႔ ၿပီးခဲ့တဲ့ March လ ၂၄ ရက္ ကက်င္းပတဲ့ Baseball ၿပိဳင္ပြဲတစ္ခုရဲ႕ အႀကိဳ ေဖ်ာ္ေျဖပြဲမွာေတြ႕ရတာျဖစ္ၿပီး ၿပိဳင္ပြဲအၿပီးမွာ အရင္နဲ႔မတူ တမူထူးျခားေနတဲ့ သူမရဲ႕ ႏွာေခါင္းနဲ႔ မ်က္ႏွာအေနအထားကို သတိျပဳမိတဲ့ ပရိသတ္ေတြရဲ႕ သေဘာထားေတြ ဆက္တိုက္ဆိုသလိုတက္လာတာျဖစ္ပါတယ္။

မၿပင္ခင္(လက္၀ဲဘက္) ႏွင့္ ၿပင္ၿပီး (လက္ယာဘက္)

ဒါ့အျပင္ Apink အဖြဲ႔ Public Relations Ambassadors အျဖစ္တာဝန္ယူထားတဲ့ Korea-Africa Economic Cooperation Conference မွာလည္း သူမမ်က္ႏွာေျပာင္းလဲမႈကို ျမင္ေတြ႕ၿပီး ပရိသတ္ေတြအံ့ၾသခဲ့ရပါတယ္။ အဖြဲ႕ရဲ႕ Agency ကေတာ့ တရားဝင္ထုတ္ေဖာ္မေျပာခဲ့ေပမယ့္ ေတာ္ေတာ္မ်ားမ်ားရဲ႕ အဆိုးျမင္ေဝဖန္ခ်က္ေတြကေတာ့ အင္တာနက္တစ္ခြင္မွာ ျပန္႔ေနပါၿပီ။

မၿပင္ခင္ႏွင့္ ၿပင္ၿပီး ႏွာေခါင္းအေျခအေန

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အင္တာနက္အသံုးျပဳသူအမ်ားစုက သူမရဲ႕ မ်က္ႏွာအေနအထား ေျပာင္းလဲေနမႈကို သိသိသာသာသတိထားမိၿပီး Social Network ေတြေပၚမွာ “သူမအရင္ထက္ေျပာင္းလဲသြားတာေသခ်ာပါတယ္” ၊ “အရင္မ်က္ႏွာနဲ႔ တျခားစီပဲ။ ငါတို႔အရင္က သေဘာက်တဲ့ Nam Joo မ်က္ႏွာမ်ိဳးမဟုတ္ေတာ့ဘူး”၊ “သူမရဲ႕ ေမး႐ိုးကိုျပဳျပင္လိုက္တာ ျဖစ္မယ္” ၊ “Nam Joo မွ ဟုတ္ရဲ႕လားဆိုတာ ေသခ်ာေအာင္ Internet မွာ ေသခ်ာျပန္ၾကည့္ရတယ္။ ပံု ၂ပံု ယွဥ္ၾကည့္လိုက္တာ အရင္႐ုပ္နဲ႔ လံုးဝမတူေတာ့ေလာက္ေအာင္ပါပဲ။”ဆိုတဲ့ ေဝဖန္သံေတြမ်ားစြာ တက္လာခဲ့ပါတယ္။

ၿပင္ၿပီးမ်က္ႏွာအေနအထား။

Nam Joo ကေတာ့ ပိုလွခ်င္လို႔ ခြဲစိတ္မိကာမွ ၾကည့္မေကာင္းေတာ့လို႔ စိတ္ညစ္ရတဲ့အျဖစ္နဲ႔ ရင္ဆိုင္ေနရတဲ့ကိန္းပါပဲ။ ဒီပံုေတြအားလံုးကိုၾကည့္ၿပီး သူမမ်က္ႏွာျပဳျပင္ထားတာ ဟုတ္မဟုတ္၊ အရင္ထက္ ပို႐ုပ္ဆိုးသြားလား ၾကည့္ေကာင္းေနဆဲလားဆိုတာ ပရိသတ္ႀကီးကေရာ ထင္ျမင္ခ်က္ေလး ေပးၾကည့္ပါဦး။

မၿပင္ခင္ႏွင့္ ၿပင္ၿပီးပံု

EiEiKhineMinn ( Akhayar )

Ref. allkpop.com (Photo Credit)

[Unicode]

ပိုလှချင်လို့ ခွဲစိတ်မိကာမှ ရုပ်ဆိုးသွားလို့ ဝေဖန်ခံနေရတဲ့ Apink အဖွဲ့ရဲ့အဆိုတော်မလေး

ကိုရီးယားသူ ငယ်ငယ်ချောချောလေးတွေနဲ့ Plastic Surgery ဆိုတာ သမာရိုးကျဖြစ်ရိုးဖြစ်စဉ် ခွဲမြင်လို့မရတဲ့ အလေ့အထတွေပါပဲ။လူမျိုးတစ်မျိုးလုံးရဲ့ အခြေခံမျက်နှာသွင်ပြင်ဗီဇအရ အာရှနိုင်ငံတွေမှာမှ ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံက လူမျိုးတွေဟာ မျက်ရစ်မပါတာမျိုး၊ မျက်နှာပြဲပြီး နှာခေါင်းမပေါ်တာမျိုးတွေကြောင့် ပုံမှန်ကြည့်ကောင်းတဲ့ မျက်နှာတစ်ခုရအောင် ခွဲစိတ်ပြုပြင်ကြရပါတယ်။

Apink Member Nam Joo

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

နာမည်ကြီး မင်းသားမင်းသမီး Celebrity တော်တော်များများလည်း အလားတူ အောင်မြင်မှု၊ ချောမောလှပမှုတို့အတွက် ခွဲစိတ်လေ့ရှိကြပေမယ့် ဒီအဆိုတော်မချောချောလေးရဲ့ ခွဲစိတ်မှုကတော့ ပရိသတ်အများစုလက်မခံနိုင်ဘဲ ဝေဖန်ပြစ်တင်မှုတွေ သောသောညံခဲ့ရပါတယ်။

မပြင်ခင်ပုံ။

သူမကတော့ ကိုရီးယား နာမည်ကြီး Apink အဆိုတော်အဖွဲ့က အဖွဲ့ဝင် Nam Joo ပဲဖြစ်ပါတယ်။ မိန်းကလေးအဖွဲ့ဝင် ငယ်ငယ်ချောချောလေး ၆ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Apink အဖွဲ့မှာ အားပေးသူပရိသတ်အခိုင်အမာရရှိထားတဲ့ Nam Joo ကို သူမရဲ့ခွဲစိတ်ထားပုံရတဲ့အသွင်အပြင်အသစ်နဲ့ ပြီးခဲ့တဲ့ March လ ၂၄ ရက် ကကျင်းပတဲ့ Baseball ပြိုင်ပွဲတစ်ခုရဲ့ အကြို ဖျော်ဖြေပွဲမှာတွေ့ရတာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ အရင်နဲ့မတူ တမူထူးခြားနေတဲ့ သူမရဲ့ နှာခေါင်းနဲ့ မျက်နှာအနေအထားကို သတိပြုမိတဲ့ ပရိသတ်တွေရဲ့ သဘောထားတွေ ဆက်တိုက်ဆိုသလိုတက်လာတာဖြစ်ပါတယ်။

မပြင်ခင်(လက်ဝဲဘက်) နှင့် ပြင်ပြီး (လက်ယာဘက်)

ဒါ့အပြင် Apink အဖွဲ့ Public Relations Ambassadors အဖြစ်တာဝန်ယူထားတဲ့ Korea-Africa Economic Cooperation Conference မှာလည်း သူမမျက်နှာပြောင်းလဲမှုကို မြင်တွေ့ပြီး ပရိသတ်တွေအံ့သြခဲ့ရပါတယ်။ အဖွဲ့ရဲ့ Agency ကတော့ တရားဝင်ထုတ်ဖော်မပြောခဲ့ပေမယ့် တော်တော်များများရဲ့ အဆိုးမြင်ဝေဖန်ချက်တွေကတော့ အင်တာနက်တစ်ခွင်မှာ ပြန့်နေပါပြီ။

မပြင်ခင်နှင့် ပြင်ပြီး နှာခေါင်းအခြေအနေ

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

အင်တာနက်အသုံးပြုသူအများစုက သူမရဲ့ မျက်နှာအနေအထား ပြောင်းလဲနေမှုကို သိသိသာသာသတိထားမိပြီး Social Network တွေပေါ်မှာ “သူမအရင်ထက်ပြောင်းလဲသွားတာသေချာပါတယ်” ၊ “အရင်မျက်နှာနဲ့ တခြားစီပဲ။ ငါတို့အရင်က သဘောကျတဲ့ Nam Joo မျက်နှာမျိုးမဟုတ်တော့ဘူး”၊ “သူမရဲ့ မေးရိုးကိုပြုပြင်လိုက်တာ ဖြစ်မယ်” ၊ “Nam Joo မှ ဟုတ်ရဲ့လားဆိုတာ သေချာအောင် Internet မှာ သေချာပြန်ကြည့်ရတယ်။ ပုံ ၂ပုံ ယှဉ်ကြည့်လိုက်တာ အရင်ရုပ်နဲ့ လုံးဝမတူတော့လောက်အောင်ပါပဲ။”ဆိုတဲ့ ဝေဖန်သံတွေများစွာ တက်လာခဲ့ပါတယ်။

ပြင်ပြီးမျက်နှာအနေအထား။

Nam Joo ကတော့ ပိုလှချင်လို့ ခွဲစိတ်မိကာမှ ကြည့်မကောင်းတော့လို့ စိတ်ညစ်ရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ကိန်းပါပဲ။ ဒီပုံတွေအားလုံးကိုကြည့်ပြီး သူမမျက်နှာပြုပြင်ထားတာ ဟုတ်မဟုတ်၊ အရင်ထက် ပိုရုပ်ဆိုးသွားလား ကြည့်ကောင်းနေဆဲလားဆိုတာ ပရိသတ်ကြီးကရော ထင်မြင်ချက်လေး ပေးကြည့်ပါဦး။

မပြင်ခင်နှင့် ပြင်ပြီးပုံ

EiEiKhineMinn ( Akhayar )

Ref. allkpop.com (Photo Credit)